Subscribe to our RSS Feed

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေသည်....


From : Hmuu Zaw


(၁) ဒေါက်တာမောင်မောင် အပါအဝင် ဥပဒေပညာရှင်များစွာ ပါဝင်ရေးသားခဲ့ သည့် ဥပဒေ ဖြစ်ပါသည်။

(၂) ဥပဒေကြမ်းကို " ပြည်သူသို့တင်ပြသည့် ဥပဒေကြမ်း" အဖြစ် တစ်နိုင်ငံ လုံးရှိ ပြည်သူများထံ ချပြခဲ့ပါသည်။

(၃) ပြည်သူလူထု၏ အကြံပြုချက်များကို ပြန်လည်စုစည်းပြီး မူလ ဥပဒေကြမ်း တွင်ပြင်ဆင်သင့်သည်များ ပြန်လည်ပြင်ဆင်ခဲ့ပါသည်။

(၄) ယင်းနောက် ဥပဒေပညာရှင်များနှင့် ပြန်လည်စိစစ်ပြီး စုပေါင်းရေးဆွဲကာ လွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့သည့် ဥပဒေ ဖြစ်ပါသည်။

(၅) အချုပ်တင်ပြရလျှင် ယင်းဥပဒေကဲ့သို့သော ပြည်သူလူထုထံ တင်ပြ၍ အကြံပြုချက်များ ထည့်သွင်းရေးဆွဲသော ဥပဒေမျိုး ပေါ်ပေါက်ရန် မလွယ်ပါ။

(၆) မည်သည့်အတွက်ကြောင့် ရေးဆွဲရသည်၊ မည်သို့မည်ပုံ ရေးဆွဲခဲ့ရသည် စသည်တို့ကို ယင်းကာလကို သိမှီကြသူများ ကောင်းစွာ သိရှိခဲ့ကြပါသည်။


 Myanmar Express 

2 comments:

ဟေ့ အစ်ကိုကြီး တံဆိပ်တုံးလေးဘာလေးထည့်ဦးလေ

Thanks for ur clarification

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်