Subscribe to our RSS Feed

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ်အား လက်ခံတွေ့ဆုံ

From : သမ္မတရုံး

နေပြည်တော် နိုဝင်ဘာ ၎
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် H.E.Mr. Jykri Katainen အား နိုဝင်ဘာ ၄ ရက် ညနေ ၄နာရီတွင် ခေတ္တတည်းခိုသည့် ဗီယင်ကျန်းမြို့ရှိ  ဒေါင်ချန်းဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် ဦးကျော်လွင်၊ ဒုတိယ ဝန်ကြီး ဒေါက်တာဝင်းမြင့်တို့ တက်ရောက်ကြပြီး ဖင်လန်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဖြစ်ပေါ် တိုးတက်ဖြစ်ထွန်းမှု၊ ဖင်လန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် လာရောက်လေ့လာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် အရင်းအနှီးနှင့် နည်းပညာရပ်များကို ဖင်လန်နိုင်ငံမှ ပံ့ပိုးကူညီသွားရေး၊ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက်စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်၍ တန်ဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်ရေး၊ မြန်မာနိုင်ငံတွင် သဘာဝသယံဇာတ အခြေခံသော သတ္တုကဏ္ဍ အပါအဝင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်သွားရေး၊ မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ တိုးတက်ရေးအတွက် ဖင်လန်နိုင်ငံမှ နည်းပညာ ပံ့ပိုးကူညီရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်းနှင့် လွတ်လပ်သည့် လူ့အဖွဲ့အစည်းဖြစ်ထွန်းရေး၊ မြန်မာနိုင်ငံ၏ပြုပြင် ပြောင်းလဲမှု အရှိန်အဟုန် တိုးမြှင့်ရေးအတွက် ကျန်ရှိနေသေးသည့် ပိတ်ဆို့အရေးယူမှုများအားလုံးကို ရုပ်သိမ်းရန် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံရေးဆိုင်ရာ ကိစ္စရပ်များကို  ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်