From :MON
မုန့်ဟင်းခါးနှင့် မုန့်တီများ ဝယ်ယူစားသောက်ကြရာမှ ဘုန်းတော်ကြီးသင် ကျောင်းသူကျောင်း သား ၃၄ ဦးအပါအဝင် လူပေါင်း ၄၈ ဦး အစာအဆိပ် သင့်၍ ဝမ်း လျောဝမ်းပျက် ဖြစ်ပွားမှုတစ်ခု မန္တလေးတိုင်းဒေသကြီးအတွင်း တွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁ဝနာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။ ဖြစ်ပွားမှုမှာ ပုသိမ်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ကျောက်မီးကိုက်နယ် ကျန်းမာရေး ဌာနပိုင် အုန်းချောကျေးလက် ကျန်းမာရေးဌာနခွဲရှိ အဘယခေမိက အရိယဝါသ အမှတ် ၉ ဘုန်းတော်ကြီး ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဘုန်းကြီးကျောင်းသို့ လာရောက်ရောင်းချနေသော မုန့်ဟင်းခါ၊ မုန့်တီများအား ဝယ်ယူ စားသောက်ကြရာမှ ကျောင်းသား ၂ဝ ဦး၊ ကျောင်းသူ ၁၄ ဦးနှင့် ကျေးရွာအတွင်းရှိ လူကြီး ၅ ဦး၊ ကလေး ၉ ဦး စုစုပေါင်း ၄၈ ဦး အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျောမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လူနာများအနက်မှ ၃၇ ဦးအား ကျောက်မီးဆေးရုံတွင် ပြင်ပလူနာ အဖြစ် ဆေးဝါးကုသခံ ယူနေရပြီး၊ ကျန် ၁၁ ဦးမှာ မန္တလေး ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရသည်။ အဆိုပါ ပို့ဆောင်မှုကို ပုသိမ် ကြီးမီးသတ်စခန်းမှ သန္ဓေ၂ ဦး၊ အုန်းချော ကျေးရွာမှ အရန်မီးသတ် အဖွဲ့ဝင် ၁ဝ ဦးတို့က လူမှုကူညီရေး အသင်းမှ လူနာကပ်ဖြင့် လိုက်ပါ ကူညီ ပို့ဆောင်ခဲ့သည်။ အဆိုပါနေ့ ည ၇ နာရီခွဲအချိန် တွင် လူနာ ၃၇ ဦးမှာ ကျောက်မီး ဆေးရုံမှ ကုသပြီးသဖြင့် မိမိတို့ နေအိမ်များသို့ ပြန်လည် ဆင်းသွား ပြီဖြစ်သော်လည်း ကျန် ၁၁ ဦးမှာ မန္တလေးဆေးရုံကြီးတွင် ဆက်လက် ကုသပေးလျက် ရှိကြောင်း သိရသည်။
Myanmar Express

1 comments:
အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်တဲ့ ဝယ်စားမိတဲ့သူကပိုက်ဆံလည်းဆုံး ဝေဒနာရောဂါလည်းရ တကယ်ဆိုရောင်းတဲ့သူကိုအရေးယူသင်တယ် ဆင့်ကဲဆင့်ကဲတော့လုပ်ရမှာပေါ့ အမယ်စုံတဲ့စားစရာဆိုတော့ အမယ်တစ်ခုခြင်းစီတော့စစ်ဆေးရမှာပေါ့ ပြီးရင်အရေးယူကိုယူသင့်တယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်