From : သမ္မတရုံး
Myanmar Express



လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌
ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦင်္းသိန်းစိန်သည် လူဇင်ဘတ်နိုင်ငံဝန်ကြီးချုပ် H.E.Mr.Jean- Claude
Juncker အား နိုဝင်ဘာ ၄ ရက် ညနေ ၅ နာရီတွင် ခေတ္တတည်းခိုသည့်
ဗီယင်ကျန်းမြို့ရှိ ဒေါင်ချန်းဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင်
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ
ဖြစ်ကြသောဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် ဦးကျော်လွင်၊ ဒုတိယဝန်ြကီးေ
ဒေါက်တာဝင်းမြင့် တို့ တက်ရောက်ကြပြီး လူဇင်ဘတ်နိုင်ငံ
ဝန်ကြီးချုပ်နှင့်အတူ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
ဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်
ကြသည်။
ယင်းသို့ တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း
ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် သဘာဝ သယံဇာတများ ပေါကြွယ်ဝမှုအပေါ်
အကျိုးရှိစွာ ဖော်ထုတ်ဆောင်ရွက်နိုင်ရေး၊ လူဇင်ဘတ်နိုင်ငံမှ
စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်
ရင်းနှီးမြှုပ်နှံသွားရေး၊ နှစ်နိုင်ငံအကြားအခွန် နှစ်ထပ်ကောက်ခံမှု
ရှောင်ရှားရေး၊ စာချုပ်လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံအပေါ် ယခင်က
ရပ်ဆိုင်းထားခဲ့သည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ပြန်လည်
ပေးအပ်သွားရေးနှင့် နှစ်နိုင်ငံအကြား ကဏ္ဍစုံတွင်
ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးကြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်