Subscribe to our RSS Feed

စီအိုင်အေတို့ သူလျှိုကြောင် တစ်ကောင်အတွက် ဒေါ်လာ သန်း ၂၀ ရင်းခဲ့ဖူး

From :Aung Khant Kyaw


 ၁၉၆၀ ခုနှစ်နောက်ပိုင်း စစ်အေးကာလက ဖြစ်ပါတယ်။ ဆီုဗီယက်တို့ရဲ့  ကွန်မြူနစ် လွမ်းမိုးမှုကို တားဆီးရန် သူလျှိုအမြောက်အများ မွေး ထုတ် စေလွတ်ပါတယ်။ တာဝန် ထမ်းဆောင်စေပါတယ်။ ယင်း သူသျှိုတွေထဲ မှာ ကြောင်တွေလည်း ပါဝင်ပါတယ်။ ရည်ရွယ်ချက်က ဒီလို ဖြစ်ပါတယ်။ ရန်သူတို့ရဲ့  တိတ်တဆိတ် ဆွေးနွေး ပွဲ တွေမှာ ယင်းကြောင်ကို စေလွတ်ပြီး သတင်း အချက်အလက်များ မှတ်သားလာစေဖို့ ဖြစ်ပါတယ်။ ဒီအတွက် ကြောင်ရဲ့  ခန္ဓာကိုယ်ထဲကို ဝါယာကြိုးများ စက်ပစ္စည်းများ တပ်ဆင်စေပါတယ်။ ဒီအတွက် ကြောင်ရဲ့  ကျန်းမာရေးနဲ့ အသက် အန္တရာယ်ကိုလည်း မထိခိုက်စေ ပါဘူး။ အမြီးကိုတောင် အင်တာနာ တစ်တိုင်လို လိုင်းဖမ်းလို့ ရအောင် ဖန်တီး လိုက်ပါတယ်။ ကြောင်တစ်ကောင် အခန်းထဲ ဝင်ရင် ဘယ်သူမှ အရေးတယူ မလုပ်ဘူးဆိုတဲ့အချက်အကြောင့်မို့ သူသျှို တစ်ကောင် ဖြစ်အောင် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ သူ့ကို Acoustic Kitty လို့တောင် နာမည် ပေးထားပါတယ်။ ဒီအတွက် ကုန်ကျစရိတ်ကို တစ်ကောင်ကို အမေရိကန်ဒေါ်လာ သန်း ၂၀ ရှိပါတယ်။ ၁၉၆၁ ခုနှစ်ကနေ ၁၉၆၇ ခုနှစ်အထိ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ခရီးမရောက်ပါဘူး။ အဓိကအချက်ကတော့ ယင်း ကြောင်ဟာ ဗိုက်ဆာတဲ့အခါ သူလိုရာကို စိတ်ကြိုက်သွားလာ တာကြောင့် ဖြစ်ပါတယ်။ ဒီတော့ ကြောင်ကို Command ပေးနိုင်မယ့် နည်းပညာ တွေ ကြိုးစားရှာပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် သန်း ၂၀ တန် ကြောင်သူလျှို စီမံကိန်းကြီး ပျက်ဆီးခဲ့ရပါတယ်။ ကြောင်တစ်ကောင်ကို ဒေါ်လာ သန်း ၂၀ ရင်းပြီး သူသျှိုအဖြစ် မွေးထုတ် ခဲ့တဲ့ သတင်းကတော့ စီအိုင်အေမှာ ရယ်စရာ တစ်ခုအနေနဲ့ ကျန်ရှိနေခဲ့ ပါတယ်။

 Myanmar Express 

2 comments:

တကယ့် ငကြောင်တွေပဲ။ပေါကြောင်ကြောင်။



U Win Maung October 17, 2012 - 10:08 pm

A cartoon based on at-present condition.All know about the condition in Kachin state,even near Pharkant primary school.A schoool-child was dead.
Reply
swe htwe October 18, 2012 - 8:27 pm

We think this event is not clear. It should be investigated by special team. We heard that battles takes place in the town. Then both sides are responsible for this.
Reply
swe htwe October 18, 2012 - 1:20 am

We think both sides to be blamed. Kio\kia is not also reliable. It is the opinion of the citizen who lives in border are areas. Please express your opinion. Thank you. I am living in border areas.
Reply
မင်းမျိုးနိုင် October 18, 2012 - 6:43 am

လမ်းဆက်လျောက်မယ်

လူသတ်ဂိုဏ်းဝင်
သမိုင်းတွင်ခဲ့
အိုဘယ့်စစ်သည်
ဂျာမဏီဖက်ဆစ်
လက်သစ်ဝင်စား
သကာပျားလို
စကားချိုချိုပြော
သင်မမောလည်း
တို့ဒေါသတွေ
မြွေတကောင်
ပျားပျဉ်းထောင်သလို
ပူလောင်ပွက်ဆူ
တို့ပြည်သူတွေ
လူလူသူသူဘဝ
နေနိုင်ကြဖို့အရေး
တို့သမိုင်းတို့ဆက်ရေးကြမယ်။

“ဟန်လေး”ကိုအစဉ်လေးစားလျက်၊
ဂုဏ်ယူလျက်ပါ “မြန်မာတိုင်းမ်”
ဗမာနိုင်ငံတွင်စစ်ဘီလူးများပပျောက်ကာ
ငြိမ်းချမ်းရေးအမြန်ဆုံးရပါစေသတည်း။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်