Subscribe to our RSS Feed

ရခိုင် ပြည်နယ် အတွင်း ကယ်ဆယ်ရေး စခန်းများမှ ရွှေ့ပြောင်း ပြည်သူများအား နယ်မြေခံ တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိ

From : မြ၀တီ


ရခိုင် ပြည်နယ် အတွင်း ကယ်ဆယ်ရေး စခန်းများရှိ ရွှေ့ပြောင်းပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို နိုဝင်ဘာ ၅ ရက် နေ့တွင် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ ၃ ဖွဲ့ခွဲ၍ ကျမ်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိရာ ကျောက်ဖြူ မြို့နယ်တွင် ဆေးကုသရေး အဖွဲ့ ၁ အနေဖြင့် သံဖြူကျောင်း ကယ်ဆယ်ရေး စခန်းမှ ရွှေ့ပြောင်း ပြည်သူ ၃၉ ဦး၊ ကျောက်တစ်လုံး ဆားကွင်း ကယ်ဆယ်ရေး စခန်းမှ ရွှေ့ပြောင်း ပြည်သူ ၂၆၀ ဦး၊ စုစုပေါင်း ၂၉၉ ဦးတို့အား လည်းကောင်၊ မြေပုံ မြို့နယ်တွင် ဆေးကုသရေး အဖွဲ့ ၂ အနေဖြင့် ကံသာထွန်းဝ ကယ်ဆယ်ရေး စခန်းများမှ ရွှေ့ပြောင်း ပြည်သူ ၁၂၆ ဦး၊ တောင်ပေါ် ရပ်ကွက် ကယ်ဆယ်ရေး စခန်းမှ ရွှေ့ပြောင်း ပြည်သူ ၁၈၅ ဦး၊ စုစုပေါင်း ၃၁၁ ဦး တို့အား လည်းကောင်း၊ မြောက်ဦး မြို့နယ်တွင် ဆေး ကုသရေး အဖွဲ့ ၃ အနေဖြင့် ယိုင်သည် ကျေးရွာမှ ရွှေ့ပြောင်း ပြည်သူ ၁၃၀ ဦး၊ ပုရိန် ကျေးရွာမှ ရွှေ့ပြောင်း ပြည်သူ ၁၂၀ ဦး၊ စုစုပေါင်း ၂၅၀ ဦး တို့အား လည်းကောင်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့သည်။ 

Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်