Subscribe to our RSS Feed

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်အတွင်းရှိ ရထားလမ်းကူး တံတားတစ်စင်းအား ကေအိုင်အေ(ကချင်) အဖွဲ့မှ မိုင်းခွဲဖျက်ဆီး

From :မြဝတီ


စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် နဘားနှင့် မော်လူး ကြား ဖားပန့်ကျေးရွာအနီး မိုးညှင်း-ကသာသွား ရထားလမ်းပေါ်ရှိ
အရှည် ၈ဝ ပေ ရထားလမ်းကူး တံတား အမှတ် ၄၇၈ အား ကေအိုင်အေ (ကချင်) အဖွဲ့မှ နိုဝင်ဘာ ၁၇ ရက် ညပိုင်းက မိုင်းခွဲ ဖျက်ဆီးသဖြင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းအား ယာယီပိတ်ထားရ ကြောင်း သတင်းရရှိသည်။

ကေအိုင်အေ (ကချင်) အဖွဲ့သည် တပ်မတော်ကို စစ်ရေးအရ ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း မရှိတော့သဖြင့် အရပ်ဘက် ပစ်မှတ်များဖြစ်သော လမ်း/ တံ တားများကို ဖောက်ခွဲဖျက်ဆီးရန် စစ်ဆင်ရေး ရည်မှန်းချက်များ ချမှတ်ပေး ထားသည်ဟု အခိုင်အမာ သတင်းရရှိ ထားကြောင်း သိရှိရသည်။

ကေအိုင်အေ(ကချင်) အဖွဲ့အနေဖြင့် ၂ဝ၁၁ ခုနှစ် ဇွန် ၉ ရက်မှစ၍ ယနေ့ အထိ မန္တလေး-မြစ်ကြီးနား ရထားလမ်း အား မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးမှု (၂၄) ကြိမ်ပြုလုပ်ခဲ့ပြီး တံတား(၁၁)စင်း ပျက်စီးခဲ့ရသည်။ ယခုဖောက်ခွဲ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော ရထားလမ်း ကူးတံတား၏ ရထား သံလမ်းများ၊ တံတား သံပေါင်နှင့် ဇလီဖားတုံးများကို တပ်မတော်နှင့် တာဝန်ရှိသူ များမှ အမြန်ဆုံး ဝိုင်းဝန်းပြုပြင် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

ကေအိုင်အေ တို့၏ စစ်ရေးအရ မဟုတ်သည့် အရပ်ဘက် ပစ်မှတ်များကို ယခုကဲ့သို့ ဖောက်ခွဲဖျက်ဆီးမှု များအပေါ် ဒေသခံများသာမက နိုင်ငံ တစ်ဝန်းရှိ ပြည်သူများမှ ရွံရှာမုန်းတီး လျက်ရှိကြောင်း သတင်းရရှိသည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်