Subscribe to our RSS Feed

အစ္စလာမ် ရနံမကင်းတဲ့ ဘားရက်ဟူစိန်အိုဘားမား

From : အဖြူရောင်

မွတ်စလင် ဆန့်ကျင့်ရေး လှုပ်ရှားမှု ပျံနှံနေချိန် ၊ အစ္စလာမ်သာသနာကို အကြောင်းမဲ့ အမြင်မှားနေ ချိန် ၊ ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံသမ္မတ အိုဘားမား မြန်မာ့ မြေသို့ ခြေချခဲ့
သည်။ အစ္စလာမ် မုန်းတီးရေးတရား မှိုင်းတိုက်ချိန် တွင် တမြေတည်းနေ သူ မြန်မာပြည် သူများ အကြား အပြန် အလှန်လေးစားချစ်ခင်မှု ကို တည်ဆောက်ကြ စေရန် ရည်ရွယ်၍ အစ္စလာမ် သာသနာ နှင့် သမ္မတ အိုဘားမား အဆက်အစပ်ကို တင်ပြပေးလိုက်ပါ သည်။

အဖွားဖြစ်သူက အိုဘားမားကို မွတ်စလင် ဖြစ်စေချင်

သမ္မတ အိုဘားမား ၏ အဘွားဖြစ်သူ အသက် ၈၈ နှစ်ရှိ ကင်ညာနိုင်ငံသူ က ၂၀၁၀ ဟာဂ်ျဝတ်ပြု စဉ် မြေးဖြစ်သူ အိုဘားမားနှင့် ပတ်သက်ပြီး အစ္စလာမ် ဘာသာ၏ အမြတ်ဆုံးဝတ်ကျောင်းတော် တွင် ဆုမွန်တောင်းဖူးခဲ့သည်။

“ကျွန်မ မြေးလေး ဘားရက် အစ္စလာမ် အေးရိပ်ခိုလာဖို့ ဆုမွန်ဒိုအာ တောင်းခဲ့ပါတယ် ”ဟု ဆာရဟ် အိုမာ က ဆော်ဒီအခြေစိုက် အလ်ဝသန် သတင်းစာနှင့် အင်တာဗျူးစဉ် ပြောကြားလိုက်သည်။

အဆိုပါ ဟာဂ်ျ ခရီးစဉ်တွင် အိုဘားမား အဘွား ဆာရာအိုမာ၊ နှင့်အတူ ဦးလေး စအီဒ်ဟူစိန်အို ဘားမား လည်း ဟာဂ်ျဝတ်ပြုခဲ့သည်။

အိုဘားမား တစ်ဝမ်းကွဲ ညီအစ်ကိုဖြစ်သူ ဖိုင်ဆယ်အမ်ဘုယ သည်လည်း အဘွားဖြစ်သူ ၏ တိုက်တွန်း မှုကြောင့် အစ္စလာမ် အေးရိပ် ခိုခဲ့သည်။

“ကျွန်တော် အဖွားကတော့ မွတ်စလင်မ ဟုတ်သူ တွေကို အစ္စလာမ်ရိပ်ခိုလာအောင် ဖိတ်ခေါ် ဖို့ တော်တော် စိတ်ဝင်စားတာဗျ။ ကျွန်တော် အစ္စလာမ် သာသနာကို သူဆီက နေ လေ့လာခဲ့တာ ” ဟု ၄င်းက ပြောပါသည်။

ငယ်ငယ်တုန်းက ဆွလာသ် ၀တ်ပြုဖူးခဲ့

အိုဘားမား မိသားစု အင်ဒိုနီးရှားနိုင်ငံတွင်နေထိုင်ခဲ့စဉ် အိုဘားမား တစ်ယောက် မွတ်စလင် အ သိုင်း အ၀ိုင်း အကြား ပျော်မွေ့ခဲ့ဖူးသည်။ အိုဘားမား သူ့အဖေက မွတ်စလင် ဖြစ်ခဲ့ပေမယ့် သူ မိခင် ကတော့ သူ အစ္စလာမ်ကိုလေ့လာနေတာ မကြိုက်ဘူး။ တစ်ခါတစ်ခါ ကျောင်းကိုလာရင် ဘာကြောင့် အိုဘား မား ဘာကြောင့် ကုရ်အာန်ကျမ်းစာသင်ပေးရလဲ လို့ သူ့အမေက ဆရာတွေ ကို ဒေါသတစ်ကြီး ပြောဖူး တယ်။ ဒါပေမယ့် သူက တော့ ဆက်ပြီး အစ္စလာမ်နဲ့ထိတွေ့ဆဲပဲ ”ဟု အိုဘားမား ကို စာသင်ပေးခဲ့ဖူးသူ Grade 3 ကျောင်းဆရာ Effendi က ပြန်ပြောင်းပြောပြသည်။

ဆလာမ် မေတ္တာပို့သခဲ့သူ

၂၀၀၉ ခုနှစ် သမ္မတအဖြစ်ရွေးကောက်တင်မြောက်ပြီးနောက် ၂၀၀၉ ခုနှစ် အီဂျစ်နိုင်ငံ သို့ ရောက်ရှိ ခဲ့ စဉ် အိုဘားမားသည် ကမ္ဘာမွတ်စလင်တို့အား အတ်စလမ် မုအာလိုင်းကွန်းမ် ဟု ဆိုကာ လူပရိတ် သတ်အားစတင် နှုတ်ခွန်းဆက်ခဲ့သည်။ သူ၏ မိန့်ခွန်းနောက်ဆုံးပိုင်း တွင်လည်း သမ္မာကျမ်း၊ The Talmud ကျမ်းအပါအ၀င် ကုရ်အာန် ကျမ်းစာပိုဒ် ကို ကိုးကားပြောကြားခဲ့သေးသည်။

အိုလူသားအပေါင်းတို့ ။ ငါအရှင်မြတ်သည် သင်တို့ကို အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးမှ ဖန်ဆင်းခဲ့သည်။ လူမျိုး၊ အသွယ်သွယ် အဖြစ် ဖန်ဆင်းခဲ့သည့်အကြောင်းမှာ တစ်ဦးကို တစ်ဦး အသိအမှတ်ပြုဖို့ရန်ဖြစ်သည်။ ဟူသော ကုရ်အာန်ကျမ်းစာ ပိုဒ်ကို ကိုးကား၍ လူသားများ အတူ တကွ ငြိမ်းချမ်းရေးတည်ဆောက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အမှန်တကယ်တမ်း ဘာသာတရားအားလုံးသည် ကောင်းရာကိုညွှန်ကြားကြသည်ချည်းဖြစ်ရာ အစ္စလာမ် ရနံ့မကင်းသူအိုဘားမား မိန့်ခွန်း ၊ အိုဘားမား သတင်းကိုနား စွန့်ရင်း အစ္စလာမ် သာသ နာ အပေါ် အမှန်မြင်လာပြီး အမုန်းတရားများမှ အမြန်ဆုံး လွှတ်ငြိမ်းခွင့်ရရှိပါကာ အမိမြန်မာမြေ ငြိမ်းချမ်း သာယာစေရန် အတူ တကွ လက်တွဲ လုပ်ဆောင်နိုင်ကြပါစေလို့ မွတ်စလင် သတင်းစဉ် မှ ဆုမွန်တောင်း လိုက်ရပါ သည်။

ကိုးကား

http://www.google.com/hostednews/afp/article/ALeqM5hApkK-aAJM96xjQF3EaYkwyFiIvQ?docId=CNG.e5674f2588c170342227835c325968e3.211

http://www.theaustralian.com.au/news/world/barack-obama-joined-muslim-prayers-at-school-teacher-says/story-e6frg6so-1225949239614

http://www.huffingtonpost.com/2009/06/04/obama-egypt-speech-video_n_211216.html


http://muslimtime.wordpress.com/ မှ ကူးယူ ဖေါ်ပြသည်

 Myanmar Express 

4 comments:

haha maung gwe si yae Obama ko bar khut lar b lar?? hahaha

ဒီကုလားလဲဘယ်တော.လုပ်ကြံခံ၇မလဲမသိဘူး။မွတ်စလင်တွေဒီလောက်ယုတ်မာပြီးကောက်ကျစ်စဉ်းလဲနေတာ။ဒီကုလားမြန်မြန်သေအေးတာဘဲ

ခွေးသူတောင်းစား မဖြူရောင်ဆိုတဲ့ကောင် မင်းအစ္စလာမ်ဘာသာကို ဘယ်လောက်လေ့လာဖူးလို့လဲ အခုမှ quran ကပြင်ချင်တာတွေပြင်ပြီး ကောင်းချင်ယောင် ဆောင်နေတာကွ ဘာသာတွေလိုရာဆွဲပြန်နေကြတာ မင်းမသိဘူးလား ကောင်းကွက်ဆိုလို့ တစက်တောင်မပါဘူး မိန်းမများများ -ိုးချင်တဲ့လူအတွက်ဆိုရင်တော့မပြောတတ်ဘူး။

အိုဘားမား မင်းသာမင်းအဘွားရဲ့စကား နားယောင်မိရင်တော့ မင်းလဲအမေရိကန်သမတဖြစ်လာဖို့ အကြောင်းမရှိဘူး။်မွတ်စလင်အကြမ်းဖက်သမားဖြစ်လာဖို့ကတော့သေချာတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်