Subscribe to our RSS Feed

နိုင်ငံတကာ ငွေပေးချေရေးကတ် (Master Card) ကို သမဝါယမဘဏ် အေတီအမ်စက်များတွင် အသုံးပြုနိုင်ပြီ

From : News Watch


ကမ္ဘာလှည့် ခရီးသည်များနှင့် ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ နိုဝင်ဘာ ၁၅ ရက်မှစ၍ နိုင်ငံတကာသုံး ငွေပေးချေရေး ကတ်များဖြစ်သော Master Card ကို သမဝါယမဘဏ်ရှိသော အေတီအမ်စက် (ငွေရေတွက်စက်) များတွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သမဝါယမဘဏ်လီမိတက် ဒုတိယဥက္ကဋ္ဌ ဦးကျော်လင်းက ပြောကြားသည်။ “လောလောဆယ် နိုင်ငံခြားသားတွေက ပြည်တွင်းမှာ အသုံးပြုနိုင်ပြီးတော့ ပြည်တွင်းက လူတွေက ဒီငွေပေးချေရေးကတ်ကို ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ အသုံးပြုနိုင်မှာပါ။ နိုဝင်ဘာ ၁၅ ရက်ကနေစပြီး စီဘီဘဏ်မှာရှိတဲ့ အေတီအမ်စက်တွေမှာ Master Card ကို အသုံးပြုနိုင်ပါပြီ” ဟု ၎င်းကဆိုသည်။ စီဘီဘဏ် အေတီအမ်စက်များကို အချက်အချာကျသည့် ရှော့ပင်းစင်တာများ၊ ဆေးရုံကြီးများနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်စသည့် နေရာ ၂၉ ခုတွင် အေတီအမ်စက် အလုံး ၃၆ ခုတို့တွင် လည်းကောင်း၊ မန္တလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနားမြို့ စီဘီဘဏ်ခွဲများတွင် လည်းကောင်း၊ နိုင်ငံတကာသုံး ငွေပေးချေရေး ကတ်ဖြစ်သော Master Card အပြင် Maestro နှင့် Cirrus Card များကိုပါ အသုံးပြုနိုင်မည်ဖြစ်ပြီး စီဘီဘဏ် အေတီအမ်စက်များမှ အဆိုပါ နိုင်ငံတကာသုံး ငွေပေးချေရေးကတ်များဖြင့် ၂၄ နာရီပတ်လုံး ငွေသားထုတ်ယူနိုင်မည်ဖြစ်ပြီး တစ်ကြိမ်ထုတ်လျှင် အများဆုံး ကျပ်ငွေ သုံးသိန်း ထုတ်ယူနိုင်ပြီး ဝန်ဆောင်ခ နှုန်းထားအဖြစ် ငွေသားတစ်ကြိမ်ထုတ်လျှင် မြန်မာငွေကျပ် ငါးထောင် ပေးဆောင်ရမည်ဖြစ်ကြောင်း ထပ်မံသိရသည်။ လက်ရှိ ပြည်တွင်းတွင် အသုံးပြုနိုင်မည့် Master Card ကို နိုင်ငံပေါင်း ၂၁၇ နိုင်ငံတွင် အသုံးပြုလျက်ရှိပြီး ကတ်သုံးစွဲ သူဦးရေမှာ ၁ဒသမ ၇ ဘီလီယံ ရှိကြောင်းသိရှိရသည်။
 

 Myanmar Express 

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်