Subscribe to our RSS Feed

ကျေးဇူးတော်ရှင် အကျဉ်းသားများ

မြန်မာနိုင်ငံ အကျဉ်းကျတယ်ဆိုတာ တည်ဆဲဥပဒေ တစ်ခုခုကို ချိုးဖောက်သူသာ ဖြစ်ကြောင်းနဲ့ တည်ဆဲ ဥပဒေ တစ်ခုခုကို မချိုးဖောက်ပဲ အကျဉ်းချခံထားရသူ တစ်ယောက်မှ မရှိကြောင်းကို အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းဦးစီး အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။

မြန်မာ့လူ့အသိုင်းအဝိုင်းမှာလဲ ထောင်ကထွက်လာရင် အများစုက နှာခေါင်းရှုံ့တတ်ကြပါတယ်။ ဆိုလိုတာက ထောင်ကျလိုက်ခြင်းကြောင့် ထောင်ထွက်ဆိုတဲ့ နာမည်နဲ့ ၎င်းပုဂ္ဂိုလ်၏ မူလတန်ဖိုးများ ကျသွားလို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တချို့အလွန်ထူးဆန်းသူများရှိပါတယ်။ ထောင်ကျလိုက်မှ တန်ဖိုးတွေ တက်လာကြသူတွေပါ။ ဘယ်လောက်ထိအောင် တန်ဖိုးတက်လာသလဲဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာ သူတို့လောက် အသုံးကျတဲ့လူ တစ်ယောက်မှ မရှိသလောက်ပါပဲ။

သူတို့တွေ ထောင်ကျနေလို့ မြန်မာနိုင်ငံကြီး သူတို့တွေ ထောင်ကျနေလို့ မြန်မာနိုင်ငံကြီး ဆင်းရဲတာ ဖြစ်နေပါတယ်။ အဲဒီလူတွေကတော့ တခြားမဟုတ်ပါဘူး။ နိုင်ငံရေး အကျဉ်းသား လို့ အမည်ပေးထားတဲ့လူတွေပဲဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျနေတုန်းက ပြန်ပအခြေဆိုက် အတိုက်အခံများက အားရင်အားသလို နေ့ထူးနေ့မြတ်တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆိုပြီး ဆန္ဒပြပွဲလုပ်ခဲ့ကြပါတယ်။ အဲ့လို ဆန္ဒပြပွဲလုပ်ခဲ့ကြလို့လည်း နေရေး ထိုင်ရေးသာမက စားရေး သောက်ရေးပါ အဆင်ပြေခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန်မှာတော့ ခေါင်းစဉ်ပျောက်ရုံသာမက ခွက်ပျောက် တော့မယ့်အနေအထားဖြစ်လာပါတယ်။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေ ကို မူတည် ဖြစ်ပေါ်လာတဲ့ လွှတ်တော်နဲ့ ရွေးကောက်ပွဲ ဖက်ကို လှည့်လာပြန်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ကို ဆန့်ကျင်ကြကြောင်းနဲ့ ၂၀၀၈ အခြေခံဥပဒေ က နေ ဖြစ်လာတဲ့ လွှတ်တော်ကို ဆန့်ကျင်ကြောင်းတွေ အော်ကြပြန်ပါတယ်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြန်ထဲရေးဝန်ကြီး ဆီကို မေတ္တာရပ်ခံစာ ပေးချိန်မှာ ၂၀၀၈ အခြေခံဥပဒေ ထဲက ဥပဒေ တွေကို တန်းစီ ရေးခဲ့ပြီး ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလိုက်တာကြောင့် ဆန္ဒပြသူတွေ ခွက်လက်ဆွဲ ရတော့မလို ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးဘူတာ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဖက်ကိုပဲ ပြန်လှည့်ရတာပေါ့၊၊

ဒီတစ်ခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်နေရုံနဲ့ မပြီးပဲ တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့ တစ်ခါ ဆန္ဒပြကြပြန်ပါတယ်။ အစိုးရက တွေ့ဆုံဆွေးနွေးရေးလုပ်တဲ့အပြင် လုံခြုံရေးတွေ စီစဉ်ပေး၊ ဆွေးနွေးပွဲတွေမှာ ဖိတ်ပေးတော့ တကယ့်ကို သူတောင်းစား ခွက်ပျောက် ဖြစ်ရတော့တာပါပဲ။ ဒီတော့မှ နောက်ဆုံးရဲ့နောက်က နိဂုံးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ပြန်ပြီး ဦးတည်ကြရပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းသား ပေါင်း သုံးသောင်းကျော် ရှိပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသားလို့ လူပြောများနေတဲ့လည်တွေလည်း ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာ ဘယ်လိုလူမျိုးတွေလည်း ဆိုရင်တော့ နိုင်ငံတော်အတွက် ရဲရဲဝင့်ဝင့် အခွင့်အရေးတွေ တောင်းဆိုတဲ့၊ အမှန်တရားကို အရှိအတိုင်း ပြောရဲ လုပ်ကိုင်နိုင်တဲ့ သတ္တိရှိသူ သူရဲ ကောင်းတွေ ဖြစ်တယ် လို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း အဲဒီ သတ္တိရှိသူ သူရဲကောင်းဆိုတဲ့လူတွေက ထောင်ထဲရောက်ရင်တော့ ၉၆ ပါးသော ရောဂါသည်များ ဖြစ်ကုန်ကြပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကျဉ်းသားပေါင်း သုံးသောင်း လေးထောင် ကျော်ထဲမှာ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ လူ လက်တစ်စုတ်စာလောက်ကပဲ မျက်စိမှိတ်လိုက်ရင် ဘာမှမမြင်သည့်ရောဂါ၊ အိမ်သာတက်ရင် ရှူးထွက်ကျတဲ့ ရောဂါ အပါအဝင် နောက်ဆုံးပေါ် ရောဂါပေါင်းဆုံကို ခံစားနေကြရပါတယ်။

နိုင်ငံခြားရောက် မြန်မာအတိုက်အခံများကလည်း မျက်နှာလိုက်ကြပါတယ်။ အကျဉ်းသား ၄ သောင်းကျော်ထဲမှာမှ သူတို့နဲ့ သိတဲ့ အသိတွေကိုပဲ ကျန်းမာရေးမကောင်းကြောင်းတွေ၊ အစားအသောက်အဆင်မပြေကြောင်းတွေ ကို သတိပြုကြပြီး ကျန်တဲ့ သူတို့နဲ့ မသိတဲ့လူတွေကိုတော့ မြန်မာနိုင်ငံသား ချင်း မဟုတ်သလိုပဲ အသိဟန်ဆောင်နေကြပါတယ်။

ဘယ်လိုပဲဖြစ်စေ အခုချိန်မှာတော့ အတိုက်အခံများရဲ့ အသိအကျွမ်း ထောင်ကျသူများကတော့ အတိုက်အခံအားလုံးရဲ့ ကျေးဇူးရှင်တွေ ဖြစ်နေပါပြီ။ အားလုံးအတွက် ခေါင်းစဉ်ကောင်း တစ်ခုပါပဲ။ အခုဆိုရင် မြန်မာနိုင်ငံအတွင်းက အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံခြားကနေ ကြိုးစားနေကြပါပြီ။

ဒါ့အပြင် တိုက်တိုက်ဆိုင်ဆိုင်ပါပဲ မွတ်စလင်ဦးပုဒ်ကာလမှာ ဥပုဒ်စောင့်သူများက ထမင်းမစားချိန်တွေမှာ တစ်ချက်ခုတ် ၂ ချက်ပြတ်ဆိုသည့်အတိုင်း အစာငတ်ခံဆန္ဒတွေ ပြကြပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ဖို့ တောင်းဆိုကြပါတယ်။

နိုင်ငံရေးအကျဉ်းသားဆိုသူများက ထောင်မကျခင်တုန်းက တိုင်းပြည်အတွက် အနစ်နာခံ အသက်အသေခံ စွန့်လွှတ် မယ် ထောင်ကျရင် ကျပစေ ဆိုပြီး စွန့်စားမယ် လိုက်ရဲလား အော်ခဲ့ပြီးမှ ထောင်ထဲရောက်မှာ ခေါင်းကိုက်လိုက်၊ ခါးနာလိုက် ဖြစ်သည်မှာ ထူးဆန်းကြောင်း၊ တကယ်အနစ်နာခံချင်တဲ့ နိုင်ငံရေးသမားတွေအတွက် ချက်ချင်းလွှတ်ဖို့ တောင်းဆိုရန် မလိုကြောင်း နဲ့ ပတ်သက်ပြီး ဝေဖန်သူတွေ ရှိနေပါတယ်။

"မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးရမယ်" အမယ်...တယ်လည်းမြင့်လှချည်လား။ သူတို့ပဲ တိုင်းပြည်အတွက် အနစ်ခံ၊ အသက်သေခံ၊ စွန့်လွှတ်စွန့်စားပြီး နိုင်ငံရေးလုပ်တယ်ဆိုရင် ဘာ့ကြောင့် ဒီစကားကိုပြောရတာလဲ မသိ။ တလွဲဖြစ်နေလားလို့။ အခုဟာသ အကန့်အသတ်နဲ့ တောင်းဆိုနေတဲ့ပုံဖြစ်နေတယ်။

အနစ်ခံပြီးလုပ်တဲ့နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးသမားဆိုရင် ဒီစကားပြောစရာမလိုဘူး။ ကိုယ့်က စွန့်လွှတ်မယ်လို့ဆုံးဖြတ်ပြီးသားပဲ။ ဒါ့ကြောင့်ထောင်ထဲ ၀င်တာပဲ။ ပြီးတော့ နိုင်ငံအကျဉ်းသားတွေနဲ့ပက်သက်တဲ့အကူညီတွေလည်း ဘာမှပေးစရာမလိုဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ပဲ အနစ်ခံ၊ စွန့်လွှတ်၊ အသက်ပဲသေသေ သေမယ်လို့ဆုံးဖြတ်ပြီး ထောင်ထဲဝင်ကြတာမဟုတ်ဘူးလား။ တကယ်ပိုင်းဖြတ်ထားတဲ့သူတွေဆိုရင် ဘာမှတောင်မပြောတော့ဘူး။ " လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင် တစ်ဦးက ဆိုပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ဆိုသူများမှာ မြန်မာနိုင်ငံ လူဦးရေ သန်း ၅၀ နှင့် ယှဉ်လျှင် လက်တစ်စုတ်ဆာတောင် မရှိသောကြောင့် ကျန်သည့် သန်း ၅၀ အတွက် ကို ဦးစားပေး ပြီး တခြားအလုပ်တွေကို အရင်လုပ်သင့်ကြောင်း၊ တခြား ပြဿနာတွေကိုသာ အရင်ဖြေရှင်းသင့်ကြောင်းနဲ့ ပတ်သက်ပြီး

"ပြီးတော့ ခင်ဗျားထောင်ထဲဝင်ရင် ကျနော်တို့ အနောက်ကနေ ထောက်ပံ့ပေးမယ်။ ဒါကိုသဘောကြလို့ ထောင်ထဲဝင်တာလည်းမဟုတ်။ သူငယ်ချင်းက အတင်းတိုက်တွန်းလို့၊ မိသားစုက ခိုင်းလို့၊ ငွေလိုချင်လို့ နိုင်ငံရေးအကျဉ်းသားလုပ်ရင်တော့တမျိုးပေါ့။

နိုင်ငံရေးအကျဉ်းသားရှိတာကမှ ၂၀၀၀-ကျော်။ မြန်မာပြည်သူလူဦးရေက သန်းငါးဆယ်ကျော်။ ဘယ်ဟာက ပိုများလဲ။ ဘယ်သူ့ကို ဦးစားပေးရမှာလဲ...? သူ့တို့ကိုလွှတ်ပေးမှ တိုင်းပြည်ပြသနာပြေလည်မယ်ဆိုလို့ပါ။ တိုင်းပြည်ရဲ့ ပြသနာက သူတို့ကို ဖမ်းထားတဲ့ပြသနာမှမဟုတ်တာ။

သူတို့ကိုမလွှတ်လည်း နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းလို့မရဘူးလား။" လို့ဆက်ပြောပါတယ်။

ယုံကြည်ချက်ကြောင့်အကျဉ်းကျသူများမှာ ထောင်ကျမှာ သိသိကြီးနှင့် သူရဲကောင်းလုပ် အဖမ်းခံသူများသာ ဖြစ်ကြောင်း၊ သူရဲပေါကြောင်သူ အများအပြားမှာ အဖမ်းခံရမှာ ကြောက်ပြီး ပြည်ပနိုင်ငံအများအပြားသို့ ထွက်ပြေးပြီးဖြစ်ကြောင်းနှင့် သူရဲကောင်းလုပ်ပြီး အဖမ်းခံလို့ ထောင်ကျတဲ့ သူရဲကောင်းများကို ပြန်လွှတ်စရာမလိုကြောင်း၊ အထဲရောက်မှ ဟန်ဆောင်ပြီး သနားအောင် လုပ်ပြတဲ့ ရောဂါများကိုလည်း မယုံသင့်ကြောင်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ယုံကြည်ချက်ကြောင့်ကျကျ၊ တခြားအကြောင်းကြောင့် ကျကျ ထောင်ထဲ မှာနှစ်ရှည်လများ နေရသူများမှာ အပြင်လောကနှင့် အဆက်အသွယ် ပြက်ပြီး အချိန်အတော်ကြာ နေခဲ့ရတာကြောင့် ပြန်ထွက်လာချိန်မှာ ဘာမှ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်မှာ မဟုတ်တဲ့ ဂီလာနများနဲ့ ရူးကြောင်ကြောင်များသာ ဖြစ်နေမှာ ဖြစ်ကြောင်းနဲ့ အဲ့လိုလူတွေကိုသာ နေရာပေးရင်တော့ အလုပ်အကိုင်တွေမှာ အနှောက်အယှက်တွေ ပိုဖြစ်စေမှာ ဖြစ်ကြောင်း ဆက်ပြောပါတယ်။

"နိုင်ငံရေးအကျဉ်းသားတွေလွှတ်မှဆိုတော့ သူတို့ကပဲ မြန်မာ့နိုင်ငံရေးမှာ မရှိမဖြစ်တဲ့လူတွေကြနေတာပဲ။ နိုင်ငံရေးအကျဉ်းသားဆိုတာကလည်း သူ့ဟာသူ ဖင်ယားပြီး အဖမ်းခံတာကိုး။ ထွက်ပြေးပေါ့။ ဟုတ်ဘူးလား။ ကိုယ့်ညံ့လို့ကိုယ်ခံရတာပဲ..။ တချို့ ပြည်ပက နိုင်ငံရေးအကျဉ်းသားတွေလည်း ထွက်ပြေးလို့ ရောက်လာကြတာပဲ။ သိတယ်ဟုတ်။

ထောင်ထဲက ထွက်လာတဲ့နိုင်ငံရေးအကျဉ်းသားတချို့ ကိုတွေ့ဘူးတယ်။ အပြင်လောကနဲ့ အဆက်အသွယ်အကြာကြီးပြတ်တဲ့အပြင်၊ ခပ်ဂေါက်ဂေါက်။ တချို့ ဆိုရင် ရှုးကြောင်ကြောင်။ ဂီလာနဖြစ်တဲ့သူနဲ့။ ဒီလိုလူတွေကို မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့နေရာပေးလို့ကတော့ ဒုက္ခ။ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာပြီးထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်းရှိပါတယ်။ သို့သော် လက်ချိုးရေလို့ရပါတယ်။"

နိုင်ငံရေးအကျဉ်းသာတွေကိုလွှတ်မှ တိုင်းပြည်ရဲ့ ပြသနာကို ဖြေရှင်းလို့ရမယ်ဆိုတဲ့ စကားနဲ့ပက်သက်ပြီးစဉ်းစားမိလို့ပါ။ တခါတလေ သန်းငါးဆယ်သော ပြည်သူတွေကောင်းစားမယ်ဆိုရင် ငါးထောင်လောက်ရှိတဲ့ မြန်မာပြည်သူတွေကို ရင်းသင့်ရင် ရင်းရမယ်။

နိုင်ငံရေးအကျဉ်းသားတွေကိုဦးစားပေးရင်၊ တိုင်းပြည်အတွက် တောထဲမှာ နှစ်ပေါင်းများစွာအသက်စွန့်တိုက်နေတဲ့လူတွေကိုလည်း ဦးစားပေးရမှာပေါ့။ သူတို့နဲ့ပက်သက်တဲ့ သဘောထားတွေကိုလည်း ထည့်သွင်းပြောရမှာပေါ့ဗျာ။ နိုင်ငံရေးအကျဉ်းသားတွေပဲ အသက်ရှိတာမဟုတ်ပါဘူး" လို့ အောစတြေးလျှ နိုင်ငံရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင် တစ်ဦးကပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား လာစဉ်မှာလည်း နိုင်ငံရေးအကျဉ်းသား ဆိုသူများ ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာရှိပါတယ်။ ဒီနှစ်ထဲမှာလည်း အကျဉ်းထောင်က ထွက်လာပြီးမှာ ဦးနောက်မမှန် စိတ်ဖောက်ပြန်ပြီး သူ့ကိုယ်သူ လူ ၁၀၀ ကျော် သတ်ခဲ့တယ် ပြောသူ အော်ဇီ ရောက် ဒီမိုကရေစီဘက်တော်သား တစ်ဦးလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အတိုက်အခံအင်အားစုများကတော့ ထူးထူးဟန်လို ဖြစ်လာမယ့် ထောင်ထွက် များကို ခေါင်းဆောင်နေရာပေးဖို့ အဆင့်သင့်ဖြစ်နေကြပါတယ်

လူ ၂၀ ကျော်ကို ခေါင်းကို သေနတ်နဲ့ တေ့ပြီး ပစ်ခဲ့တယ် ဆိုသည့် ထူးထူးဟန် (ထောင်ထွက် ဂေါက်သီး)


Myanmar Express

10 comments:

မျိုးဟန်ထွန်းသို့

သူကတော့ ရှက်ပုံမရ၊ တကယ်တော့ ရှက်ခြင်းသည် ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ငဲ့ကွက်ခြင်းဖြစ်သည်၊ ထည့်တွက်ခြင်းဖြစ်သည်၊ ဤအရူးတွင် ပတ်ဝန်းကျင်
လူ့အသိုင်းအဝိုင်း ဆိုသောအရာ စိတ်ထဲတွင် ရှိတော့ပုံမရ၊ ပတ်ဝန်းကျင်နှင့် ကင်းလွတ်နေသည်၊ ပတ်ဝန်းကျင်နှင့် အဆက်အသွယ် ပြတ်တောက်နေသည်၊
သူ့ကမ္ဘာ သူ့လောကထဲတွင် သူ့အထင်နှင့်သူ အဟုတ်ကြီးဟုတ်နေတော့သည်၊
ဘေးပတ်ဝန်းကျင် အမြင်တွင် အဘယ်မျှ ရယ်စရာ အဘယ်မျှ သနားစရာကောင်းနေမှန်း သူကိုယ်တိုင်မသိ၊ ခက်ဘဲခက်လှပါဘိ၊ သနားစရာ ကောင်းလှပါဘိ။

ထိုင်းနိုင်ငံတွင်နေထိုင်သော ဤဘလော့ဂ်ပိုင်ရှင် မျိုးဟန်ထွန်းသည် မိဘဘိုးဘွားတို့၏ ဂုဏ်သိက္ခာကိုမှ မငဲ့ကွက်ပဲ စစ်အစိုးရအလိုကျ ဘောမပေးနေရသော ဘောထမ်းတဦးသာဖြစ်ပေသည်။ ၄င်းသည် မည်မျှပင် အနောက်နိုင်ငံသားတို့ကို မုန်းတီးသည်ဟု ဆိုစေကာမူ ၄င်းကိုယ်တိုင် အနောက်နိုင်ငံများသို့ သွားခွင့်ရရေးအတွက် နည်းလမ်းပေါင်းစုံနှင့်ကြိုးစားနေသူ တယောက်ဖြစ်သည်။ ထို့အပြင် မြန်မာအချင်းချင်းဆိုလျှင် အထင်သေးနှိမ့်ချချင်သော်လည်း အနောက်နိုင်ငံသားများဆိုလျှင် ပထွေးကို တွေ့သည့်အလား ဆက်ဆံတတ်သူဖြစ်သည်။ ၄င်းတွင် မျိုးကျော်ထွန်းဆိုသည့် ညီတဦးရှိပြီး ဘန်ကောက်တွင် နေထိုင်သည်။ စစ်ခွေးသုတ်သင်ရှင်းလင်းလိုသူများ.... တွေ့ရာနေရာတွင် ရှင်းလင်းနိုင်ရန် အသိပေးလိုက်ရပါသည်။

အပေါ်က အတွင်းသိ့ ဆို တဲ့ကောင် လည်း ထောင်ကျမှာဆိုးလို့ ပြည်ပ ကို ထွက်ပြေးလာတဲ့သူများဖြစ်နေမလား ကို Expree ပြောပုံအရဆိုရင် :))))))))))))))))))))))))))

အပေါ်က အတွင်းသိဆိုတဲံ ဒီမိုငတုံးကြီး... ခင်ဗျားအနာပေါ်တုတ်ကျသွားလို့လား..ဟဟ ကိုExpress ရေ ဆက်သာရေး စာသားတွေက လွှတ်ကောင်းဗျာ... :))))))))))

what the fuck wrong burmeses policy

what the fuck wrong burmeses policy

ဘာပဲပြောပြော ဒေါ်စုကြည် ၊အောင်ဆန်းဆိုတဲ့ နာမည်နဲ့ မတန်ဘူး။
ဗိုလ်ချုပ်အစား ရင်နာလွန်းလို့။
ကိုယ့်တိုင်းပြည်ကို ချစ်ရင် လင် ကိုနိုင်ငံခြားသားမယူနဲ့လေ။
အခုမှ ဘာတစ်စခန်းထနေတာလဲ။
လူတွေကိုမစည်းရုံးနဲ့ ခင်ဗျားသားကို အရင်စည်းရုံး ဒီလာဖို့။
တက္ကသိုလ် ရဲ့အဆောင်အယောင် ဖြစ်တဲ့ ပင်နီ နဲ့ ခွပ်ဒေါင်း ကို
NLD ရဲ့ဝတ်စုံဆိုပြီးယူသွားတာ မရှက်ဘူးလား။


တစ်နိုင်ငံလုံး စိတ်ချမ်းသာ စေချင်ရင် ခင်ဗျား မယ်သီလရှင်ဝတ်လိုက်ပါလား၊ ဘာတွေမက်နေတာလဲ။

မြန်မာမြန်မာလိုရေးစမ်းပါကွာ လီး what the fuck ပါလား

ထိုင်းနိုင်ငံမှာနေတယ်ဟုတ်လားမျိုးဟန်ထွန်းက မင်းသတ်ချင်တိုင်းသတ်လို.ရအောင်မင်းအဖေတွေထိုင်းရဲတွေက လက်ခံမတဲ.မလား ငါသားရဲ..... ဇရှိလို.ရှိရင် သတင်းပေးမနေနဲ. မင်းကိုယ်တိုင် သွားသတ် သားသားလေးရဲ.... အဲဒါ ဘာမြန်မာလဲ တိုင်းတပါး ကနေပြီးတော...မင်းတို.စောက်တင်းပြောတော. သူများကို သတင်းပေးလေး ဘာလေးနဲ.. မင်းလိုကောင် ဇရှိရင် ကိုယ်တိုင်သွားသတ်လေ ရယ်ချင်တယ် ဆက်သာရေး အားပေးနေတယ် အဲလိုကောင်တွေဘက်မှာငါတို. ပြည်သူတွေမရှိဘူး ဆက်ရေး အမြဲအားပေးနေတယ် ဒါဘဲ ဇရှိရင် ဒီမို လိုလိုဘာလိုလိုကောင်တွေ ဒေါ်လာစားတွေ မင်းတို.လေးတွေနေတဲ.လိပ်စာပေး ဘာလို.တောင်းတာလဲမသိလား မင်းတို.က မြန်မာကို ပြန်မလာရဲဘူးဆိုတာသိလို. ငါလိုက်လာခဲ.မယ် ဒေါ်လာစားများရေ

**WE WANT QUALIFIED AND SINCERE POLITICIANS**

1-IF A PERSON LIKE TO BECOME NURSE HE/SHE
HAVE TO GO NURSING SCHOOL BUT ALSO NEED TO
GET THE FULL QUALIFICATION.
2-SIMILARLY IF A PERSON LIKE TO BECOME TECHNICIAN/ENGINEER/LAWYER/DOCTOR/SOLDIER
HAVE TO GO TO SCHOOL/COLLEGE/TRAINING AND
ALSO MUST HAVE THE NECESSARY QUALIFICATION.
3-BUT TO BECOME A POLITICIAN IS SO EASY IN
TWO DIFFERENT METHODS;ONE METHOD IS TO JOIN POLITICAL PARTY AND START SLOWLY IMPROVE HIS/HER SELF AND MAKE THE PEOPLE KNOW AND GRADUALLY ACCEPT HIM/HER AS A POLITICIAN BUT
IT TAKE SO MANY YEARS AND MAY BE NOT SUCCESSFUL IF HE/SHE IS SLOW AND LAZY;ANOTHER METHOD IS VERY SIMPLE BECAUSE JUST JOIN THE MASS AND MAKE MOVEMENTS AGAINST THE GOVERNMENT.SOONER OR LATER HE/SHE MAY BE
NOTICE BY GOVERNMENT AUTHORITY.AND THEN GOVERNMENT AUTHORITY ARREST HIM/HER AND PUT
IN PRISON/JAIL TO STOP ANTI GOVERNMENT.
BY THAT TIME HE/SHE BECOME A RECOGNIZED
POLITICIAN.NATURALLY GOVERNMENT CANNOT KEEP HIM/HER IN THE PRISON/JAIL FOR LONG TIME MAY BE BECAUSE GOVERNMENT POLICY CHANGES OR SOME OTHER REASON AND GOVERNMENT RELEASE HIM/HER
FROM THE PRISON/JAIL;FROM THAT TIME ONWARD
HE/SHE BECOMES A QUALIFY POLITICIAN.
IT ALL LOOK LIKE GOVERNMENT IS THE MAKER OF POLITICIANS AND JAIL//PRISON IS LOOK LIKE
A TRAINING SCHOOL AND THE RELEASE FROM PRISON/JAIL IS LOOK LIKE A GRADUATION DAY AND
GET A INVISIBLE LICENSE / CERTIFICATE
TO USE AS A RECOGNIZED CAREER PROFESSIONAL POLITICIAN.THIS THE REASON WE NEED POLITICIAN
MUST HAVE QUALIFICATION AND LOVE OUR
COUNTRY,OUR PEOPLE AND SINCERE TO THE PEOPLE AND FAITHFULLY SERVE THE PEOPLE.
4-WE WANT BUILDER OF OUR COUNTRY AND WE DO NOT WANT DESTROYER OF THE COUNTRY.
5-PLEASE DO CLEAN POLITIC AND CHANGE FROM AGAINST TO FOR....FOR OUR COUNTRY AND OUR
NATION.

WITH MYITTA...


Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်