Subscribe to our RSS Feed

မင်္ဂလာ သတင်း မှ မင်္ဂလာ နိုင်ငံတော် ဆီသို့ (ပေးစာ - ၈၁)


ဇန္န၀ါရီလ ၁၃ ရက်နေ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများ နိုင်ငံရေးအကျဉ်း
သား ၆၅၁ ဦး ကိုနိုင်ငံတော်အစိုးရလွတ်ပေးလိုက်သော သတင်းထွက်ပေါ်လာသည်၊ မင်္ဂလာရှိ
သောသတင်း ကောင်းမြတ်သောသတင်းတရပ်ဖြစ်ပေသည် ၊


ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ် လို့လဲသိရပါတယ်
အစိုးရကပါလီမန်ဒီမိုကရေစီစံနစ်ကိုစတင်အကောင်အထည်ဖေါ်တဲ့အနေနဲ့ ဒီလိုခွင့်ြ့ပုလိုက်တာ
လို့မြင်ပါတယ် ၊ ဒါဟာမြန်မာနိုင်ငံအတွက်ကောင်းတဲ့လက္ခဏာတရပ်ပါဘဲNLD ပါတီ နဲ့ အခြားပါတီ အမတ်တွေလဲဝင်ရွေးကြမယ်ဆိုတာသိရပါတယ်
ဒါဟာကောင်းတဲ့လက္ခဏာတရပ်ပါဘဲ ဒါပေမဲ့ --- ဒါပေမဲ့
ဟိုတုန်းက အဖြစ်အပျက်ကလေးတွေကို ပြန်လည်သင်ခန်းစာယူဘို့တင်ပြချင်ပါတယ်


ပါတီတွေများလာရင်တော့မကောင်းဘူးလို့ထင်ပါတယ် ၊ ပါတီသိပ်များလာခြင်းဟာညီညွတ်ရေးပျက်ပြားစေတဲ့
အကြောင်းတရပ်ဘဲ ၊ တပါတီတခုတည်ထောင်တယ်ဆိုရင် လမ်းစဉ်နဲ့ မူဝါဒ ကိုချက်မှတ်ကြတယ် ၊တပါတီနဲ့
တပါတီလမ်းစဉ်နဲ့မူဝါဒမတူတော့ သဘောထားခြင်းမတူဘူးဆိုပြီး တပါတီကို တပါတီကအမြင်စောင်းကြတယ်
ပါတီတခုမှာအရည်အချင်းနဲ့ပြည်စုံသူတွေပါနိုင်ပါတယ် ၊ ပါတီတွေများပြီး ခွဲထောင်ကြတော့ ။
အဲဒီအရည်အချင်းရှိသူတွေဟာတကွဲတပြားဖြစ်ကုန်ကြတယ် ၊ ရွေးကောက်ပွဲမှာ သူ့ပါတီက အနိုင်မရခဲ့ရင်
သူရဲ့ အရည်အချင်းကို တိုင်းပြည်အတွက် အသုံးချခွင့်မရလိုက်ဘူး။ သူလဲ နာတယ် တိုင်းပြည်လဲနာတယ်
88 ပြီးတော့ ပါလီမန်ဒီမိုကရေစီစံနစ်နဲ့သွားမယ် အထွေထွေရွေးကောက်ပွဲကြီးလုပ်ပေးမယ်ဆိုတော့ ၊ ဖွဲ့လိုက်
ကြတဲ့ပါတီတွေ နှစ်ကျော်လောက်ရှိတယ် ၊ ဒါဟာ အုပ် ၂၀၀ လောက်ကွဲသွားတဲ့သဘောဘဲ ၊
မြန်မာပြည်မှာ ဗမာ လူမျိုးတွေဟာ အကွဲအပြဲ တော်တော် ၀ါသနာပါတယ် ၊ ( ညီညွတ်ချင်တဲ့စိတ်
မရှိဘူး ) ငါဘဲတော် တယ် ငါဘဲလုပ်ချင်တယ် ဆိုတာများတယ် ၊
လွပ်လပ်ရေးရပြီးတော့ ဖဆပလ ပေါ်လာတယ် နောက်ဖဆပလ နှစ်ဖြမ်းကွဲတယ်ဦးနု ကသန့်ရှင်း
ဆိုပြီး တပါတီထောင်တယ် ဦးကျော်ငြိမ်းက တည်မြဲဆိုပြီး ပါတီထောင်တယ် ၊ သန့်ရှင်းပါတီက နိုင်တော့
ဦးကျော်ငြိမ်းက သူရဲ့ အရည်အချင်းတွေ ထုတ်ဖေါ်ဆောင်ရွက်ခွင့်မရလိုက်ဘူး၊ ဦးကျော်ငြိမ်းမှာလဲကောင်း
တဲ့အရည်အသွေးတွေရှိပါတယ် ဒါပေမဲ့သူအရည်အချင်းတွေ တိုင်းပြည်အတွက် အသုံးချလိုက်ရဘဲနဲ့ သေသွား
ရရှာတယ် သူလဲ နာတယ် တိုင်းပြည်လဲနာတယ် ။

တိုင်းပြည်အတွက်ပဲ လုပ်လုပ် ၊ ပရဟိတ ဆိုတဲ့ အများအကျိုးဆောင်ရွက်တဲ့လုပ်ငန်းတွေဘဲလုပ်
လုပ် အတ္တဆိုတဲ့ ကိုယ့်အကျိုးကို ဦးစားမပေးဘဲ တခြားသူတဦးရဲ့လုပ်ဆောင်ချက်ကိုလဲအကောင်းမြင်ဝါဒနဲ့ မြင်ပြီးရှုမြင်တက်ဘို့လိုတယ်လို့ပြောချင်ပါတယ် ၊
ဦးဆောင်နိုင်ရင်လဲ ဦးဆောင်ပါ ဦးမဆောင်နိုင်ရင် လဲ နောက်လိုက်လုပ်ဘို့ ၀န်မလေးပါနဲ့ ကွက်လပ်
ကိုမြင်တက်ပါစေ ၊ ကွက်လပ်ကိုဖြည့်ဆည်းနိုင်ပါစေလို့ ပြောချင်ပါတယ်


နိဂုံးချုပ်အနေနဲ့ပြောရင်တော့ ဘေးထိုင်ဘုပြော လုပ်နေရမဲ့ အချိန်မဟုတ်တော့ဘူး အားလုံးကိုယ်တတ်နိုင်တဲ့
ဘက်က ၀ိုင်းလုပ်ကြရမဲ့အချိန်လို့ပြောချင်ပါတယ် ၊


မောင်သုည

5 comments:

88 လမ်းစဉ် မလိုက်ဖို့ ပဲဆုတောင်းရမယ် .. ဘယ်သူတွေ ဘယ်လိုလုပ်လုပ် နိုင်ငံတိုးတက်ရေးကိုပဲရှေးရှုလုပ်ဖို့ အရေးကြီးပါတယ် .. ဒီလို ရှေးရှုရမှာလဲ ငါ့ဝါဒမှအမှန် ငါပြောတာမှ အမှန်စိတ်ဓါတ် တွေနဲ့တော့ ..သေချာပါတယ် ဒုတိယမ္ပိ ၈၈ ပါပဲ)) ၂ယောက်ရှိရင် ၃ ဖွင့်ကွဲတဲ့ မြန်မာစိတ်ဓါတ်ကို ဘယ်သူမှ ဖင်ပိတ်မငြင်းကြပါနဲ့ .. ဆုတောင်းရုံမှတစ်ပါး အခြားမရှိ .. ဒုတိယ ၈၈ ဆိုရင်တော့ ကျောက်ခေတ်မှာသာ နေကြပါတော့.. နောက်ဘ၀လဲ မြန်မာမဖြစ်ဖို့ ဆုတောင်းမယ်

88 လမ်းစဉ် မလိုက်ဖို့ ပဲဆုတောင်းရမယ် .. ဘယ်သူတွေ ဘယ်လိုလုပ်လုပ် နိုင်ငံတိုးတက်ရေးကိုပဲရှေးရှုလုပ်ဖို့ အရေးကြီးပါတယ် .. ဒီလို ရှေးရှုရမှာလဲ ငါ့ဝါဒမှအမှန် ငါပြောတာမှ အမှန်စိတ်ဓါတ် တွေနဲ့တော့ ..သေချာပါတယ် ဒုတိယမ္ပိ ၈၈ ပါပဲ)) ၂ယောက်ရှိရင် ၃ ဖွဲ့ကွဲတဲ့ မြန်မာစိတ်ဓါတ်ကို ဘယ်သူမှ ဖင်ပိတ်မငြင်းကြပါနဲ့ .. ဆုတောင်းရုံမှတစ်ပါး အခြားမရှိ .. ဒုတိယ ၈၈ ဆိုရင်တော့ ကျောက်ခေတ်မှာသာ နေကြပါတော့.. နောက်ဘ၀လဲ မြန်မာ မဖြစ်ဖို့ ဆုတောင်းမယ်

မောင်သုည၏အတွေးအမြင်ကို ကြိုဆိုပါတယ်။ ပြည်သူ့ အကျိုးပြုယ္ခု့ လိုဆောင်းပါးမျာ၊ များများတင်နှိုင်ပါစေလို့ ဆန္တပြုလိုက်ပါတယ်။
ဘေးထိုင်ဘုပြော လုပ်နေရမဲ့ အချိန်မဟုတ်တော့ဘူး အားလုံးကိုယ်တတ်နိုင်တဲ့
ဘက်က ၀ိုင်းလုပ်ကြရမဲ့အချိန်လို့ပြောချင်ပါတယ် ၊

I really like this article,hope to see again such articles in future.

ဘေးထိုင်ဘုပြောဒီမိုလုပ်စားခွေးသူတောင်းစားများကပိုပြီးတော့အရေးကြီးပါတယ်. တိုင်းပြည်တိုးတက်တာကိုမမြင်ချင်ကြပဲသူတို့ကောင်းစားရေးအဓိကထားလုပ်နေတဲ့ဒီမိုလုပ်စားခွေးသူတောင်းစားတွေမရှိမှတိုင်းပြည်ကဒိထက်ပိုပြီးကောင်းလာမှာပါ ဒီမိုလုပ်စားခွေးသူတောင်းစားများကျဆုံးပါစေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်