Subscribe to our RSS Feed

အပူပိုင်းမုန်တိုင်း ကြိုတင်ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

From : ခေတ်လူငယ်

ဘင်္ဂလားပင်လယ်အောင်နှင့် အာရေဗျပင်လယ်ပြင်တွင် ဖြစ်ပေါ်သော အပူးပိုင်းမုန်တိုင်းများ ကြိုတင်ကာကွယ်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်သည့် အစည်းအဝေးပွဲကို နေပြည်တော်တွင် မတ်လ ၅ ရက်မှ ၉ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ  အစည်းအဝေးသည် ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်တွင်ဖြစ်ပေါ်သော မုန်တိုင်းဒဏ် ခံစားရသည့်ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အိုမန်၊ ထိုင်းနှင့် မော်လဒိုက်နိုင်ငံများ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO)နှင့် အာရှနှင့် ပစိဖိတ်ဒေသစီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCAP)စသည့် နိုင်ငံတကာအဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသော အပူပိုင်းမုန်တိုင်းအဖွဲ့၏ ၃၉ ကြိမ်မြောက် အစည်းအဝေးဖြစ်သည်။ မြန်မာနိုင်ငံမှ ငါးကြိမ်မြောက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ၎င်းအစည်းအဝေးတွင် အဖွဲ့၏ အဓိကရည်ရွယ်ချက်ဖြစ်သော ဘင်္ဂလားပင်လယ်အော်နှင့် အာရေဗျပင်လယ်ပြင်နှင့် ဆက်စပ်သော နိုင်ငံများ၏ အပူပိုင်းမုန်တိုင်း သတိပေးစနစ်အား ထိရောက်သော လုပ်ငန်းစီမံချက်များ ရေးဆွဲပြီး သတင်းအချက်အလက် နည်းပညာများ ပူးပေါင်းကာ အပူပိုင်းမုန်တိုင်း ကြိုတင်ကာကွယ်ရေးကို ဆွေးနွေးမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အပူပိုင်းမုန်တိုင်းများ အဖွဲ့အစည်းအဝေးများတွင် ပါဝင်ခြင်းဖြင့် ကမ္ဘာ့မိုးလေဝသ အစီအစဉ်အရ ကျောက်ဖြူမြို့အနီးတွင် မုန်တိုင်းပြရေဒါစီမံကိန်း အကောင်းအထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မြန်နှုန်းမြင့်စနစ်ဖြင့် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးစနစ်မှ မိုးလေဝသ သတင်းအချက်အလက်များ ဖလှယ်သည့်စနစ် ကိရိယာများ တပ်ဆင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း၊ အထက်လေထုတိုင်းတာရေး ကိရိယာများ အကူအညီရရှိခြင်းနှင့် မိုးလေလေဝသဆိုင်ရာ ဘွဲ့လွန်သင်တန်းများ ဆည်းပူးနိုင်ခွင့်များ ရရှိစေကြောင်း သိရှရပါသည်
 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်