Subscribe to our RSS Feed

ဖားကန့်ဒေသမှ ကြက်ခြေနီ အရာရှိဦးကြည်ဝင်းအား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ(၂) တပ်ရင်း(၆)မှ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းသတင်း

ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဖားကန့်မြို့နယ် ၊ မှော်ဝမ်းကလေးရပ်ကွက်က ကြက်ခြေနီအရာရှိတစ်ဦး ဖြစ်တဲ့ ဦးကြည်ဝင်း နှင့် အဖော် (၃)ဦးတို့သည် ဖားကန့်မှ မြစ်ကြီးနားမြို့သို့ ဆိုင်ကယ်များဖြင့် ထွက်ခွာလာခဲ့ပြီး တံတားညီနောင် အရောက်မှာ KIA တပ်မဟာ(၂)၊ တပ်ရင်း(၆) မှ ဗိုလ်ကြီး တူးမိုင်ဆိုသူက ရပ်တန့်ခိုင်းပြီး ဖမ်းစီး ချုပ်နှောင်ခေါ်ဆောင်သွားကြောင်းသိရှိရပါသည်။ထိုသို့ရပ်တန့် ဖမ်းဆီးရာတွင် အဖွဲ့ဝင် (၂)ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး ၊ ဦးကြည်ဝင်း နှင့် (၁)ဦးအား၎င်းတို့စခန်းသို့ခေါ်ဆောင်သွားကြောင်း ပြန်လည် လွတ်မြောက်...

မြန်မာ့လေကြောင်း လေယာဉ်သစ်နှစ်စင်း ဝယ်ယူမည်

နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်တဲ့ မြန်မာ့လေကြောင်းလိုင်းက ပြည်တွင်းမှာ ပျံသန်းပြေးဆွဲဖို့ လေယာဉ်အသစ် နှစ်စင်း ဝယ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ “လေယာဉ်အသစ် နှစ်စင်းကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အကုန်ပိုင်းလောက်မှာ ဝယ်ယူမှာ၊ အဲဒီလေယာဉ်တွေကို မြန်မာ့လေကြောင်းက ပြေးလမ်းတို လေယာဉ်ကွင်းမှာ အသုံးပြုသွားမှာ” လို့ မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးညွန့်လွင်က ပြောပါတယ်။ မြန်မာ့လေကြောင်းက ဝယ်ယူမယ့် လေယာဉ်အမျိုးအစားက Beechraft 1900 D အမျိုးအစားဖြစ်ပြီး ပြင်သစ်နိုင်ငံက မှာယူထားတာ ဖြစ်ပါတယ်။ ခရီးသည်...

၂ဝ၁၁ အာဆီယံဒေသတွင်း ထူးခြားသတင်းများ

အာဆီယံဒေသတွင်းရေဘေးများ ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံ အတော်များများ ရေဘေး သင့်ခဲ့ကြသည်။ ဒေသတွင်းနိုင်ငံများ ဖြစ်ကြသော မြန်မာ၊ ကမ္ဘောဒီး ယား၊ ဗီယက်နမ်၊ လာအိုနှင့် ဖိလစ် ပိုင်နိုင်ငံများအား သဘာဝမိခင်က တံခါးလာခေါက်ခြင်းဖြစ်ကာ ကန်ဒေါ်လာဘီလျံနှင့် ချီသော ဆုံးရှုံးမှု များ ဖြစ်လာရသည်။ ထိုင်းနိုင်ငံတွင်မူ ခေါင်းဆောင် အပြောင်း အလဲတွင် ရေဘေးသင့် ခြင်းဖြစ်သဖြင့် ခေါင်းဆောင်သစ်၏ အစွမ်းအစကို သဘာဝမိခင်က စမ်း သပ်ခြင်းဖြစ်သည်ဟုပင် ဆိုကြသည်။ ကမ္ဘာသို့ ဆန်တင်ပို့မှု အများ ဆုံး ထိုင်းနိုင်ငံသည် ရှေ့နှစ်တွင်...

လွှတ်တော် တတိယပုံမှန် အစည်းအဝေးများ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ တတိယပတ်အတွင်း ပြန်လည်စတင်မည်

ပထမအကြိမ် လွှတ်တော် တတိယပုံမှန် အစည်းအဝေးများကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယပတ်အတွင်း ပြန်လည်စတင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ပထမအကြိမ် လွှတ်တော် ပထမပုံမှန် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ လည်းကောင်း၊ ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှ နိုဝင်ဘာလ၂၅ ရက်နေ့အထိ လည်းကောင်း ကျင်းပခဲ့ပြီး ရပ်နားထားခဲ့ရာ ယခုအခါ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယပတ်အတွင်း ပြန်လည် စတင်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း...

အော်ကြမယ် ဖော်ကြမယ် - ၅ (မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၃-) (အောင်မိုးဝင်း))

by Maung Maung Wann on Friday, 30 December 2011 at 07:15(က)ကမ်းပါးပြိုတဲ့ ညအောက်ကိုမှ အနီးကပ်ရောက်သွားမိခဲ့ကြတယ်တဖြည်းဖြည်းမှောင်မိုက်လာတဲ့ ပါဂျောင်ရဲ့ အာသံကုန်းမြင့်ပေါ်မှာ ငါ့တို့ခန္ဓာကိုယ်တွေက ရွေ့နေဆဲပဲလေ ဟိုး--- အေးစက်တဲ့လေထုထဲကနေ “ တက္ကသိုလ် ---- ဒို့ ကျောင်း------” ဆိုတဲ့ ဆွေးဆွေးမြေ့မြေ့ ဆိုနေသံတွေလေ--- အိမ်ပြန်ချင်လိုက်တာကွာ--- “တက္ကသိုလ်နယ်မြေတနေရာဆီမှာ--” သီချင်းကို ဘယ်သူဆိုနေတာလဲ။ ----- ငါတို့လည်း သီချင်းသံတွေနဲ့အတူ လွင့်မျောနေတယ်။“လှဆောင်” ဆိုတဲ့ကောင်က...

ကမာရွတ် အထက (၂) ကျောင်း မီးလောင်မှု ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ကွပ်ကဲခဲ့

ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေ ၆ နာရီလောက်က ကမာရွတ် အထက (၂) ကျောင်း မီးလောင် ခဲ့ပြန်ပါတယ်။ တစ်နာရီကျော်ကျော်လောက် ငြိမ်းသတ်ခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကိုယ်တိုင် လာရောက်ကြည့်ကြပ်ခဲ့တယ်လို့ သိရပါတ...

၂ဝ၁၁ ခုနှစ်အတွင်း နိုင်ငံတကာ စိတ်အဝင်စားဆုံး သတင်း ၁ဝ

အင်အားပြင်းထန်လှသော ငလျင်ကြီးကြောင့် စုနာမိလှိုင်းလုံးကြီးများ ဂျပန်ကမ်းခြေသို့ ရိုက်ခတ်လာစဉ်၁။ ၂ဝ၁၁ ခုနှစ်အတွင်း ကမ္ဘာ တစ်ဝန်းမှ စိတ်အဝင်စားဆုံး သတင်းမှာ ဘင်လာဒင်ကို အသေဖမ်းမိခြင်း ပင်ဖြစ်ကြောင်း အေပီသတင်းဌာန အပါအဝင် နိုင်ငံတကာ သတင်း ဌာနအချို့၏ စစ်တမ်း ကောက်ယူချက်များအရ သိရသည်။ ယင်းကပင်လျှင် အကြမ်းဖက် ဝါဒနှင့် အစွန်းရောက် ဝါဒတို့ကို ကမ္ဘာတစ်ဝန်းက မည်မျှမုန်းတီးရွံရှာ နေကြကြောင်း ခိုင်မာသည့် အထောက်အထားတစ်ခုပင် ဖြစ်တော့ ၏။ ဘင်လာဒင်သည် အမေရိကန် တစ်နိုင်ငံတည်း၏ ရန်သူမဟုတ်။ နိုင်ငံတကာ၏ ရန်သူတစ်ဦးဖြစ်...

နိုင်ငံခြားဧည့်သည်များ လွယ်ကူမြန်ဆန်စွာဝင်နိုင်ရေး e-visa စနစ် အကောင်အထည်ဖော်

လေဆိပ်၊ ရေဆိပ်ဝင်ပေါက် ထွက်ပေါက်များ၊ နယ်စပ်ဝင်ပေါက် ထွက်ပေါက်များ၌ e-visa စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် online & Internet တပ်ဆင်အသုံးပြုမှုနှင့် ကော့သောင်းဒေသ ရွက်လှေခရီးစဉ်၊ ထားဝယ်၊ မြိတ်ဒေသ ခရီးစဉ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်ဇုန်များ တည်ဆောက်ရေးကိစ္စများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီက ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းတက်ရောက်၍ အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ပြောကြားရာတွင် နိုင်ငံခြားသားဝင်ရောက်မှု...

လေးစားထိုက်တဲ့ သားကောင်းတစ်ဦး ( သို့ ) ဦးကြည်ဝင်း

စက်ဆန်းမှာဖြစ်တဲ့မီးလောင် ပေါက်ကွဲမှုမှာ မီးသတ်တွေရောက်လာပြီး မိနစ် ၂၀ လောက်မှာ ပေါက်ကွဲမှုကြီးဖြစ်ပြီး မီးသတ်တွေအပါအ၀င် ပြည်သူတွေ သေကြေ ထိခိုက်ဒဏ်ရာရခဲ့ကြတယ် ၊ ဒါအားလုံးသိပြီးသားပါ ထူးခြားတာက အဲဒီပေါက်ကွဲမှုကြောင့်ဒဏ်ရာ ရသွားတဲ့အထဲမှာ ရန်ကုန်တိုင်းမီးသတ်က တိုင်းမှူး ဦးကြည်ဝင်းပါနေတယ်ဆိုတာပါဘဲ ဒါဆိုရင် ဒီမီးသတ်တိုင်းမှူးဟာ မီးလောင်လောင်ချင်း သူ့တပည့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ မီးလောင်တဲ့နေရာကို ချက်ချင်းဆိုသလို ရောက်နေတယ်ဆိုတာ ထင်ရှားပါတယ် ၊ နောက်ပြီးမီးလောင်တဲ့ အချိန်က နေ့ခင်းရုံးချိန်ဆိုရင်...

တစ်နာရီ ကီလိုမီတာ ၅ဝဝ မြန်တဲ့ မြန်နှုန်းမြင့် ရထား တရုတ်စမ်းသပ်

တစ်နာရီကို ကီလိုမီတာ ၅ဝဝ ပြေးဆွဲနိုင်စွမ်းရှိတဲ့ ဆူပါအမြန် ရထားကို စမ်းသပ် မောင်းနှင်ခဲ့ပြီလို့ တနင်္လာနေ့က တရုတ် နိုင်ငံပိုင် သတင်းဌာနက ကြေငြာလိုက်ပါတယ်။ ရှေးဟောင်း တရုတ် ဓား ပုံစံဒီဇိုင်းကို ပြန်ပြီး ပုံဖော်ထားတဲ့ ဒီ စူပါအမြန်ရထားဟာ၊ တရုတ်ပြည်ရဲ့ အကြီးဆုံးဖြစ်တဲ့ ရထားတွဲ ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ CSR ကော်ပိုရေးရှင်း လီမီတက်က တည်ဆောက်ခဲ့တယ်လို့ ဆင်ဟွာ သတင်းအေဂျင်စီက သတင်းပေးပို့ခဲ့ပါတယ်။ “လက်ရှိ...

သုံးမရတဲ့ ဖျော်ဖြေပွဲကြီးတွေ မလိုပါ၊ အသုံးကျတဲ့ ရဲဘော်လေးတစ်ယောက်သာ လိုအပ်သည်

ကျွန်တော်မြင်ယောင်မိပါတယ်မီးသတင်းကြောင့် မိသားစုကိုတောင်နှုတ်မဆက်အားပဲအိပ်ယာထဲက ကတိုက်ကရိုက် ထပြေးခဲတဲ့ သူတို့ ရဲ့ စိုးရိမ်မှုတွေ။ရေပိုက်ဆွဲကာ ရှေ့ဆုံးကပြေးတက်ခဲ့တဲ့ သူတို့ ရဲ့သတ္တိတွေ။သူတို့ ရဲ့ ရှင်သန်ချိန်ကာလမှာ မပြည့်စုံမှုတွေ၊ လိုအပ်ချက်တွေရှိခဲ့ပေမဲ့သူတို့ ရဲ့ သေခြင်းတရားဟာ စွန့်လွတ်မှု၊ အနစ်နာခံမှုတွေနဲ့ ပြည့်နှက်နေမှာပါ၊လူတိုင်းမှာမရှိတဲ့၊ ကျွန်တော့်မှာမရှိတဲ့၊ ခင်ဗျားတို့ ရဲ့ ရဲရင့်မှု၊ စွန့်လွတ်မှုအတွက်ကျွန်တော် လေးလေးနက်နက် ဦးညွတ်ဂုဏ်ပြုပါတယ်။ RIP Myanmar Expr...

မီးသတ်သမားသို့ ဂုဏ်ပြုတေး

by Yin Yin Hnoungများရှင်လူသူ ငြိုငြင်ငြူလည်းကြည်ဖြူစိတ်ထား မီးသတ်သားသည်ငါးပါးမျိုးရန် မီးညွန့်လျှံကိုစွယ်မာန်ချိုးဖို့ လာချေပြီ။အသက်ခန္ဒာ စတေးကာဖြင့်ပြည်ရွာအကျိုး ဆောင်သယ်ပိုးလျက်ပြည့်အိုးစည်းစိမ် နေရာအိမ်ကိုမီးရှိန်လျှံကြား သူစွန့်စားကာကြိုးစားသတ်ငြိမ်း မီးညွှန့်ထိန်းလည်းချွတ်တိမ်းကြမ္မာ ဖန်လာပါ၍ခန္ဒာစွန့်ခဲ့ရလေပြီ။တာဝန်ကျေပွန် လူမြတ်မွန်ဟုသင်လွန်ပါမှ ဂုဏ်ပြုကြသည့်ဖွဖွစကား သင်မကြားလည်းအများပြည်သူ ရင်ထဲမူကားထိုလူစွမ်းကောင်း သင့်အကြောင်းသည်နောက်နှောင်းဆက်စဉ် သမိုင်းတွင်မည့်ရာဇ၀င်သာဖြစ်တော့သည်။ ။ယဉ်ယဉ်နှောင်း(29.12.2011)(29.12.2011)မနက်...

ဗဟိုမီးသတ်၏ နေ့စဉ်အစီရင်ခံစာဖော်ပြချက်

(၂၉.၁၂.၂၀၁၁) ရက်နေ့၊ (၀၁း၄၀)နာရီအချိန်ခန့်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ မေတ္တာမွန်ဝင်း၊ မေတ္တာမွန်ဂိုဒေါင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း ဖုန်းအမှတ် (၀၉၇၃၀၅၃၇၀၇) သတင်းပေးပို့သဖြင့် (၀၁း၄၅)နာရီအချိန် သတင်းရ၊ (၀၁း၄၆)နာရီ မီးသတ်ယာဉ် ၅၇ စီး၊ အထောက်အကူပြုယာဉ် ၁၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁၀ စီးထွက်။ (၀၄း၃၀)နာရီ မီးထိန်း၊ (၀၆း၄၅)နာရီမီးငြိမ်း၊မီးလောင်မှုကြောင့် သေဆုံးသူ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးအပါအ၀င် ကျား(၁၂)ဦး၊ မ(၅)ဦး စုစုပေါင်းသေဆုံးသူ (၁၇)ဦး၊ ထိခိုက်ဒဏ်ရာရသူ မီးသတ်တပ်ဖွဲ့ဝင် (၃၃)ဦးအပါအ၀င်...

ပြည်သူ့အကျိုးနှင့် တိုင်ပြည်တာဝန်ထမ်းဆောင်ရင်း အသက်စွန့်ခဲ့သူ မီးသတ်ရဲဘော်များ ဈာပန

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁ နာရီ မိနစ် ၄၀ အချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်စန်းရပ်ကွက်၊ ကူးတို့ဆိပ်လမ်အတွင်းရှိ ပရဆေးဂိုဒါင်မီးလောင်မှုတွင် မီးငြိမ်းသတ်ရင်း အသက်စွန့်လွှတ်ခဲ့ရသော မီးသတ်တပ်ဖွဲ့ဝင် (၅) ဦးအား၏ ဈာပနအခမ်းအနားကို ရေဝေးသုသာန်တွင် ညနေ(၅)နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ဈာပနကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ကိုယ်တိုက် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ဂိုဒေါင် မီးလောင်ပေါက်ကွဲမှုတွင် မီးငြိမ်းသတ် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားသော မီးသတ်တပ်ဖွဲ့ဝင်...

နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် သေရေးရှင်ရေး အခြေအနေတိုင်းမှာ ကိုယ်ကျိုးစွန့်ရ၊ အသက်စွန့်ရတာကတော့ ဒီလူတွေပါပဲ

(ဘယ်အမေမှ လာမကယ်ပါ၊ အမေ့ထမိန်လည်း မီးမကွင်းတော့ပါ)ယနေ့ ၂၉ ရက်နေ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ် မီးလောင်မှုမှာ မီးငြိမ်းသတ်ရင်း အသက်စွန့်သွားကြတဲ့ တာမွေနှင့် စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ကြပ် ပြည်ဇော်ဌေး၊ တပ်ကြပ် တင်စိုး၊ ဒုတပ်ကြပ် သီဟမျိုး ၊ တပ်သား မျိုးကျော်ကျော်၊ တပ်သား အောင်အောင်၊ တပ်သား သော်ဇင်မျိုးထက် တို့ကို ဂုဏ်ပြုပါ၏။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ နေ့ရော ညပါ အချိန်ပြည့် တောင်းဝန်ထမ်းဆောင်နေတဲ့ အစိုးရ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူနာများကို ရှာဖွေ ကယ်ထုတ်နေတဲ့ အစိုးရ ကြက်ခြေနီ...