Subscribe to our RSS Feed

ဝန်ထမ်းလစာ တိုးခြင်းအစား ထောက်ပံ့မှုများ တိုးမြှင့်ရန် စဉ်းစား ဆောင်ရွက်သွားမည်ဟု သမ္မတပြောကြား

From :ခေတ်လူငယ်

မြန်မာနိုင်ငံ၌ လူတန်းစား ကွာဟချက်များ၊ ဆင်းရဲနွမ်းပါးမှုများ ကြီးမားစွာရှိနေမှုကြောင့် ဝန်ထမ်းများကို လစာတိုးရန် မဖြစ်နိုင်သေးဘဲ လစာတိုးခြင်းအစား လစာမဟုတ်သော ထောက်ပံ့ကူညီမှုများ တိုးမြှင့်ရန် စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ မတ်လ ၁ ရက်နေ့ နံနက်ပိုင်းက ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝးတွင် ပြည်ထောင်စုလွှတ်တော်သို့ ပြောကြားသည့် နိုင်ငံတော်သမ္မတမိန့်ခွန်းတွင် ဝန်ထမ်းလစာ တိုးမြှင့်ခြင်းနှင့်ပတ်သက်၍ သမ္မတက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရမည့် ဝန်ထမ်းများအနေနှင့် အပိုကုန်ကျစရိတ်များ လျော့နည်းပပျောက်ရန် စိတ်ရင်းစေတနာဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက ပြောဆိုသည်။ “ဝန်ထမ်းတွေလစာ တိုးမြှင့်ပေးလိုက်လို့ ခံသာပေမယ့် အစိုးရဝန်ထမ်းမဟုတ်တဲ့ ၅၈ သန်းသော ပြည်သူတွေဟာ ဒီနောက်ဆက်တွဲ အကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာဖြစ်ပါတယ်” ဟု သမ္မတ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။ လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရန်နှင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ပြည်သူလူထုအတွက် အကျိုးမရှိသော စီမံကိန်းများကို ရပ်ဆိုင်ပြီး လာမည့်ဘဏ္ဍာနှစ် ဧပြီလမှ စတင်ကာ ဝန်ထမ်းလစာတိုးမြှင့်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အဆိုပြုခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နိုင်ငံတော် သမ္မတကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် နိုင်ငံတော် အနေနှင့် ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁,၀၂၃ ဒသမ ၂၉၈ ရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းလိုငွေကျပ် ၂၅၁၇ ဒသမ ၈၈၈ ဘီလီယံရှိသည့်အတွက် လာမည့် ဘဏ္ဍာရေးနှစ် ဝန်ထမ်းလစာ တိုးရန်မလွယ်ကူကြောင်း ရှင်းလင်းပြောကြားသွားသည်...
 
 Myanmar Express

4 comments:

အကြံဥာဏ်ကောင်းတစ်ခုပါ ။ သို.သော် ဒီလို လစာမဟုတ်ပဲ တခြားနည်းလမ်းနဲ.တိုးခြင်းမျိုးတွေက အရင်ကတည်းက ရှိခဲ့ပါတယ် ။ ဝန်ထမ်းသက်သာ တို.ဘာတို. ။ ဒါပေမယ့်လည်း မထိရောက်ခဲ့ပါဘူး ။ တကယ်လို.များ ဝန်ထမ်းလစာကို သတ်သတ်မှတ်မှတ် တလစာ စားနိုင်တဲ့ အနေထိ တိုးပေးလိုက်ရင် လာဘ်ပေးလာဘ်ယူ ဆိုတာကို အပြတ်ကိုင်နိုင်ပါလိမ့်မယ် ။ ဒီ.အပြင် အပြင်ပုဂ္ဂလိက ကုမ္ပဏီတွေမှာ ဖြစ်ပေါ်နေတဲ့ အလုပ်ရှင် အလုပ်သမား လစာကိစ္စများလည်း ပြေလည်စေပါလိမ့်မယ် ။ အောက်ခြေအဆင့်လစာ ဆိုတာ ဒီ.ထက်ပိုနည်းပြီး ပေးခွင့်မရှိရအောင် သတ်မှတ်ပေးလိုက်တာပါ ။ ရာထူး ၊ ပညာ ၊ အရည်အချင်းပေါ်လိုက်ပြီး ရတာချင်း တူညီချင်မှ တူညီပါလိမ့်မယ် ။ သို.သော် အနည်းဆုံးကတော့ ဒီလောက်ဆိုပြီး ကန်.သတ်ပေးလိုက်တာပါ ။

http://www.simpleviewsonmyland.blogspot.com/2012/03/blog-post.html

လစာတိုးရင်တော့ ကုန်ဈေးနှုန်း ထိန်းဖို့လိုတယ်။ မတိုးနှုင်ရင်တော့ ထွက်ချင်တဲ့သူကို ထွက်ခွင့်ပေးသင့်တယ်။

တစ်ကယ်အလုပ်လုပ် ရတဲ့ ဆရာ ဆရာ မေ တွနဲ့ရွာထဲလျှောက့် သွားနေတဲ့ ကျောင်း ဒ ရ ဝန် နဲ့ လစာ
က ငါး ထောင် ပဲကွာတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်