Subscribe to our RSS Feed

ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ထပ်မံပြုလုပ်မည်

From :ခေတ်လူငယ်

မြန်မာအစိုးရစစ်တပ်နှင့် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ကေအိုင်အိုနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့အကြား တတိယအကြိမ်မြောက် ဆွေးနွေးပွဲများကို မတ်လ ၁၀ ရက်နေ့မတိုင်မီ ပြုလုပ်သွားရန်ရှိကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ငြိမ်းချမ်းရေးအကျိုးဆောင် ကိုယ်စားလှယ်များက ပြောကြားသည်။ “မတ်လ ၄ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း လုပ်ဖို့ရှိပါတယ်။ အချိန်နဲ့ နေရာကတော့ ညှိနှိုင်းနေရတုန်းပါ” ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။ ငြိမ်းချမ်းရေးရရှိရန်အတွက် မိမိကိုယ်ကို ခုခံကာကွယ်ရုံမှလွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်ရန် ကချင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသော မြန်မာအစိုးရစစ်တပ်များကို ညွှန်ကြားထားကြောင်း၊ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်၊ နှစ်ဦးနှစ်ဖက် တိုက်ခိုက်မှုများ ရပ်ဆိုင်းထားရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မတ်လ ၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။ အသက် ၁၈၊ ၁၉ နှစ်အရွယ် လက်နက်ကိုင် တိုင်းရင်းသားလူငယ်များ၏ “ကျွန်တော်တို့လည်း လက်ပ်တော့တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ်” ဆိုသည့် စကားကို ကြားသိရသည့်အတွက် စိတ်မကောင်းဖြစ်ခဲ့ရပြီး ထာဝရငြိမ်းချမ်းရေးပန်းတိုင်ကို ပင်လုံစိတ်ဓါတ်အခြေခံ၍ ဆောင်ရွက်သွားမည်ဟု သမ္မတက ဆိုသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့တွင် ဇန်နဝါရီလက ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကေအိုင်အိုအဖွဲ့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များက ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး ဆွေးနွေးမည်ဖြစ်ပြီး ပြည်ထောင်စုမှ ခွဲထွက်သွားမည် မဟုတ်ကြောင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုသာ တောင်းဆိုခဲ့ကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦယွပ်ဇော်ခေါင်က ပြောပြခဲ.သည်....


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်