Subscribe to our RSS Feed

(၂၇၉)ကြိမ်မြောက် အောင်ဘာလေ သိန်းထီဖွင့်ပွဲတွင် အက္ခရာ တစ်လုံးထပ်မံတိုးမြှင့်သွားမည်

From : MRTV4

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲမှ ထုတ်ပြန် ချက်အရ လာမယ့် ၂၀၁၂ခုနှစ် ဧပြီလ ၁ရက်နေ့မှာ ဖွင့်လှစ်မယ့် ၂၇၉ကြိမ်မြောက် အောင်ဘာလေ သိန်းထီဖွင့်ပွဲမှာ နောက်ထပ် အက္ခရာ တစ်လုံး ထပ်မံတိုးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖွင့်လှစ်ခဲ့တဲ့ ၂၇၆ကြိမ်မြောက် ထီဖွင့်ပွဲမှာတော့ အက္ခရာ ၂၅လုံး အဖြစ် က အက္ခရာမှ မ အက္ခရာအထိသာ ဖွင့်လှစ် ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇန်န၀ါရီလ နဲ့ ဖေဖော်ဝါရီလ ထီဖွင့်ပွဲတွေမှာတော့ အက္ခရာ ၂၈လုံးအဖြစ် က အက္ခရာမှ လ အက္ခရာအထိ ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပေမယ့် လာမယ့် ၂၇၉ကြိမ်မြောက် ထီဖွင့်ပွဲမှာတော့ အက်ရာ ၂၉လုံးအဖြစ် က အက္ခရာမှ ၀ အက္ခရာအထိ ထပ်မံတိုးမြှင့် ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို အက္ခရာတွေ ထပ်မံတိုးမြှင့် ဖွင့်လှစ်ရခြင်းဟာ လက်ရှိထီဈေးကွက်မှာ ထီထိုးသူ များလာတဲ့အတွက် ထပ်မံတိုးမြှင့် ဖွင့်လှစ်ရတာဖြစ် တယ်လို့ သိရပါတယ်။ အခုလိုလာမယ့် ၂၇၉ကြိမ်မြောက် အောင်ဘာလေ သိန်းထီဖွင့်ပွဲမှာ အက္ခရာတစ်လုံး ထပ်မံတိုးမြှင့် ဖွင့်လှစ်သွားမှာဖြစ် သလို ဆုကြေးအရေအတွက် များလည်း ထပ်မံတိုးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်