Subscribe to our RSS Feed

၁၁ ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးမှု ဆိုင်ရာ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပခဲ့

From :MRTV4

မြန်မာ-ထိုင်း လူကုန်ကူး ခံရသူများအား ပြန်လည်လက်ခံရေး ၊ မိဘရပ်ထံ ပြန်လည်အပ်နှံရေး ၊ မိသားစု ပေါင်းစည်းရေးဆိုင်ရာ ၁၁ ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့များက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားကို လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိ သူများနဲ့ ထိုင်းနိုင်ငံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို မြန်မာ-ထိုင်း လူကုန်ကူးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်တဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အဆိုပါ အခမ်းအနားမှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လူကုန်ကူးခြင်း ခံရတဲ့ မြန်မာနိုင်ငံ သားများကို ပြည်တွင်းသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင် ခေါ်ယူနိုင်ရေးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ နှစ်နိုင်ငံ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ရေးတို့အတွက် ဆွေးနွေးညှိနှိုင်း ခဲ့တယ်လို့ သိရပါတယ်။


  Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်