Subscribe to our RSS Feed

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းတယ်လီဖုန်းသုံးစွဲသူပြည်သူများသို့ အသိပေးတင်ပြချက်

From :ခေတ်လူငယ်

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူတို့၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက်လည်း အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က တာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့်အထိမ်း အမှတ်အဖြစ် ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်းအဝေး၌ မိန့်ခွန်းပြောကြားရေးတွင် ဆက်သွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ “မိုဘိုင်းဖုန်းကိစ္စနှင့်ပတ်သက်ပြီး လောလောဆယ်မှာ ကျွန်တော်တို့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရပါတယ်၊ ဒီလုပ်ငန်းတွေ ပြီးတာနဲ့အမျှ ပြည်သူတွေရဲ့ဆန္ဒကို ပြည့်ဝအောင် နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေနဲ့အညီ အကောင်းဆုံးနည်းလမ်းများ ရှာဖွေပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ထည့်သွင်း မိန့်ကြားသွားပါသည်။  နိုင်ငံတော် သမ္မတကြီး၏ မိန့်ကြားချက်နှင့်အညီ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပြည်သူများ မိုဘိုင်းတယ်လီဖုန်း သုံးစွဲရာတွင် ကျယ်ကျယ်ပြန့်ပြန့်နှင့် ပိုမိုလွယ်ကူ ကောင်းမွန်သက်သာ စွာသုံးစွဲနိုင်ရေးအတွက် အဆင့်လိုက် စီမံဆောင်ရွက်သွားမည်ဖြစ်ပါ၍ Postpaid/Prepaid မိုဘိုင်းတယ်လီဖုန်း (GSM, CDMA-450 ,CDMA-800 , WCDMA) များ၏ ပြည်တွင်းခေါ်ဆိုခ နှုန်းထားများကို ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှ စ၍ ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း ခေါ်ဆိုမှုများကို မူလနှုန်းထား၏ ထက်ဝက်ဖြစ်သော တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် လျှော့ချကောက်ခံသွားမည်ဖြစ်ပြီး နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်း ခေါ်ဆိုမှုများကို မူလနှုန်းထားအတိုင်းသာ ကောက်ခံသွားမည်ဖြစ်ပါသည်...
 
 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်