Subscribe to our RSS Feed

ပျက်စီးပြီး ဖျက်ဆီးနေတဲ့ NLD လူငယ်များ

NLDပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲ မှာ ပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရဖို့အတွက် အားကြိုးမာန်တက်နဲ့ ပြည်သူလူထုကို မက်လုံးပေးပြီး အမျိုးမျိုး သွေးဆောင်ဖျားယောင်းပြီး စည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက် နေ ပေမယ့်လည်း NLD ပါတီက ပါတီဝင် လူငယ်များကတော့ အန်တီစုရဲ့ ပြောဆိုဆုံးမမှုများအောက်တွင် မိမနိုင်၊ ဘမနိုင် ၊ အန်တီစုပါနိုင်များဖြစ်နေတာကိုတွေ့ရပါတယ်။


“ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၈နာရီလောက်မှာ ဒဂုံဆိပ်ကမ်းမြို့နယ် ရပ်ကွက် (၉၀/၉၂) က ကနောင်မင်းသားကြီးလမ်းနဲ့ပဲခူးမြစ်လမ်းထောင့်မှာ စိုက်ထူထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းရဲ့ ဓါတ်ပုံပါတဲ့ ဆိုင်းဘုတ်ကြီးကို အင်န်အယ်လ်ဒီပါတီက လူငယ်တစ်စုက မူးယစ်သောက်စား ရမ်း ကားလာပြီးတော့ ရွှံ့နွံတွေနဲ့ပက်ပြီး စုတ်ပျက်သတ်နေတဲ့ အခြေအနေရောက်သွားခဲ့ အောင်လုပ်သွား တယ်” လို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာနေတဲ့ ပြည်သူတစ်ယောက် ကပြောပါတယ်။

NLD ပါတီက ပါတီဝင်လူငယ်များအနေနဲ့ ရွေးကောက်ပွဲမ၀င်ရသေးမှီ အချိန်လေးမှာပဲ ပြည်သူတွေကို အကျိုးမပြုတဲ့ လုပ်ရပ်တွေကို လုပ်ကိုင်နေပြီး ပါတီအနေနဲ့ အနိုင်ရရှိခဲ့ရင်ဖြင့် ပြည်သူလူထုအတွက် မတွေးရဲအောင်ဖြစ်နေရပါကြောင်း ပြည်သူတစ်ယောက်အနေနဲ့ ရိုးသားစွာရင်ဖွင့် လိုက်ရပါတယ်။

Myanmar Express

3 comments:

I don't believe you! I believe in DASSK.

Capt (Dr) Wunna Hla Shwe, UCSI University, Kuala Lumpur

မင်းဘာကြောင့်ယုံတာလဲ DASSK
အတွင်းကျကျ သိချင်၇င် တိုင်ပင်ပါ။
လျှို့ဝှက်ချက် တွေကတော့ မကောင်းဘူး။
သက်သေခံချက်တွေလဲရှိတယ်။
အထောက်အထားအပြည့်အစုံရှိတယ်။

I think you all are the best of the best of myanmar, keep it up!

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်