Subscribe to our RSS Feed

အစိုးရမှ ဂျာနယ် ၅၀ ကျော်ကို စိစစ်ရေးတင်စရာမလိုပဲ ဖွင့်ပေးသော်လည်းပဲ အတိုက်အခံစာမျက်နှာများကတော့ comment များကို စိစစ်မှုတွေ ဆက်လုပ်ဆဲ

နိုင်ငံရေး တိုးတက်ပြောင်းလဲခြင်းများနှင့်အတူ အစိုးရသစ်လက်ထက်မှာ ဂျာနယ် မဂ္ဂဇင်းပေါင်း ၅၀ ကျော်ကို စာပေစိစစ်ရေး တင်ဖို့မလိုပဲ လွတ်လပ်စွာ ပြောချင်သလိုပြောခွင့်၊ ရေးချင်သလို ရေးခွင့် ပေးလိုက်ပါပြီ။ အစိုးရဖက်က လွတ်လပ်စွာပြောဆိုခွင့်တွေကို အရှိအတိုင်း ခွင့်ပြုပေမယ့်လည်း အတိုက်အခံတွေကတော့ ၎င်းတို့ရဲ့ အင်တာနက်ပေါ်က စာမျက်နှာ များ၊ ဘလော့များ မှာ comment များကို လွတ်လပ်စွာရေးခွင့် မပေးသေးပဲ စိစစ်မှုတွေ ပြုလုပ်နေတဲ ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရသစ်လက်ထက်မှာ ဂျာနယ်ထုတ်ဝေမှုအပေါ် ဂျာနယ်တိုက်တွေက တာဝန်ယူရမဲ့ ထုတ်တင်စံနစ်ကို ဂျာနယ်ပေါင်း ၅၄ ခုကို ခွင့်ပြုပေးလိုက်ပါတယ်။ အခုလို ခွင့်ပြုတာဟာ ဒုတိယအကြိမ်မြှောက်ဖြစ်ပြီး ပထမ အကြိမ်
ဇွန်လအတွင်း တုန်းကလည်း ကျန်းမာရေး၊ အားကစား၊ နည်းပညာ၊ အနုပညာ၊ ကလေးစာပေ စသည့်စာပေ အမျိုးအစား ၅ ခုကို စိစစ်ရေးတင်ရန် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒုတိယအကြိမ် ထုတ်တင်စနစ် ခွင့်ပြုလိုက်တာကတော့ စီးပွားရေး ဂျာနယ် ၂၈ စောင်၊ စီးပွားရေး မဂ္ဂဇင်း ၁၄ စောင်၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ ဂျာနယ် ၄ စောင်၊ မှုခင်းနှင့် ဥပဒေဆိုင်ရာ မဂ္ဂဇင်း ၈ စောင် စုစုပေါင်း ဂျာနယ် မဂ္ဂဇင်း ၅၄ ခုဖြစ်ပါတယ်။

ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်း အရင်တုန်းက မမြင်ရသော စာများ၊ ဓာတ်ပုံများကို ဖော်ပြခွင့်ပေးခဲ့တာ ကြာပြီဖြစ်ပါတယ်။ သတင်း မီဒီယာ လွတ်လပ်ခွင့်ရှိလာကြောင်းကို ပြည်သူအားလုံးက အသိအမှတ်ပြုကာ ကြိုဆိုကြကြောင်းလည်း သိရပါတယ်။

စိစစ်ရေး မလိုတဲ့ အရှိကို အရှိအတိုင်း လွတ်လပ်စွာ ရေးသွားခွင့် ရှိရေးကို အစိုးရက လုပ်ဆောင်နိုင်ပေမယ့်လည်း အစိုးရကို ဝေဖန်နေသူ အတိုက်အခံမီဒီယာတွေကိုတော့ ကိုယ်တိုင် မလုပ်နိုင်ကြသေးကြောင်း တွေ့ရပါတယ်။ အစိုးရကိုတော့ လွတ်လပ်စွာရေးသားခွင့် မပြုဘူး၊ စိစစ်မှုတွေ လုပ်တယ်လို့ အဲဒီမီဒီယာတွေရဲ့ စာမျက်နှာတွေမှာ မကြာခဏ ဖော်ပြ ဝေဖန်ကြပေမယ့် သူတို့တွေကိုယ်တိုင်ကတော့ စိစစ်မှုတွေ လုပ်နေကြောင်း တွေ့နေရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘန်ကောက်မှ စာဖတ်သူ လူငယ် တစ်ဦးက အခုလိုပြောပြပါတယ် "ကျွန်တော်က မနေနိုင်ဘူး... ဝင်ပြောတတ်တယ်... သူတို့တွေလို့ ဘယ်ဖက်က ရပ်တည်တယ်ရယ်လို့ အစွန်းမရောက်ဘူး... နိုင်ငံတော် ကောင်းစားဖို့ အမြင်မတော်တာတွေ့ရင် ဝင်ပြောလေ့ ရှိတယ်ဗျ... ဒါပေမယ့် အတိုက်အခံ မီဒီယာ အားလုံးက သူတို့ကို ထောက်ခံတဲ့ မှတ်ချက်မဟုတ်ရင် ဒါမှမဟုတ် အစိုးရကို မကောင်းကြောင်း ပြောတဲ့ မှတ်ချက် မဟုတ်ရင် တင်မပေးကြပါဘူး.... ကျွန်တော် တစ်ခါမှ မဆဲဖူးဘူး၊ တစ်ခါမှ ပုဂ္ဂိုလ်ရေး ထိခိုက်တဲ့ စာလုံးတွေ မရေးဖူးဘူး.. ဒါပေမယ့် ကျွန်တော်ရေးထားတာတွေ စိစစ်ပြီး ဖျက်ပစ်တာမျိုး ခဏခဏ ကြုံရတယ်..." လို့ ဆိုပါတယ်။

ဒီလိုဖြစ်စဉ်မျိုးကို လူတော်တော်များများ ကြုံတွေ့ရကြောင်းလည်း ဆက်ပြောပြပါတယ်။ ဒါ့အပြင် ကိုယ်တိုင် မလိုက်နာနိုင်တဲ့ စည်းကမ်းကို သူများမလိုက်နာနိုင်တာကို မပြောသင့်ကြောင်းကိုလည်း အခုလို ဆက်ပြောပါတယ်။

"သူတို့ကိုယ်တိုင် လုပ်နိုင်လားဆိုတော့... မလုပ်နိုင်ဘူး.. သူများမလုပ်တာကိုတော့ အမျိုးမျိုးဝေဖန်ကြတယ်.. လုံးဝ သိက္ခာမရှိဘူး.... စည်းကမ်းတစ်ခုကို ကိုယ်တိုင်မလိုက်နာနိုင်ရင် သူများမလိုက်နာတာကိုလည်း သွားပြောစရာမလိုဘူး.. အခုတော့ အတိုက်အခံ မီဒီယာ အားလုံးက ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ အမှားသရုပ်ပြ လူတန်းစားတွေ ဖြစ်နေတယ်" လို့ ဆက်ပြောပါတယ်။

အတိုက်အခံမီဒီယာတွေရဲ့ စာမျက်နှာတွေ ဘလော့တွေမှာ စိစစ်မှုတွေ ပြုလုပ်ပြီးမှ တင်ပေးရုံမျှ မက facebook စာမျက်နှာတွေမှာလည်း မှတ်ချက်တွေကို ဖျက်ပစ်တာမျိုးတွေ အမြဲလုပ်တတ်တယ်လို့လည်း သိရပါတယ်။

အစိုးရရဲ့ စာပေစိစစ်ရေးကို အမြဲဝေဖန်တဲ့ ဧရာဝတီ ကတော့ စိစစ်တုန်း ရှိပါသေးတယ်


ဧရာဝတီ ဘလော့ ကတော့ ဆိုင်းငံ့ တွေ ရှိနေတုန်းပါပဲ


အစိုးရဲ့ စာပေစိစစ်ရေးကို ဝေဖန်တဲ့ DVB ကလည်း စိစစ်မှုတွေ လုပ်နေတုန်း


လွတ်လပ်တဲ့ အာရှ အသံ RFA မှာလည်း စိစစ်ပြီးမှ ဖော်ပြမှာ ဖြစ်လို့ ချက်ချင်း မမြင်ရသေးပါတဲ့

ဒီနေ့ အင်တာနက်ပေါ်မှာ အစိုးရရဲ့ မီဒီယာ လွတ်လပ်ခွင့်နဲ့ စာပေစိစစ်ရေးစနစ်ကို ဝေဖန်သည့် အတိုက်အခံ စာမျက်နှာပေါင်း ၂၀၀ လောက် ရှိပြီး အချို့ကတော့ ထင်မြင်ချက် ရေးစရာ နေရာတောင် မရှိဘူးလို့ သိရပါတယ်။ ကျန်တဲ့ ထင်မြင်ချက်ရေးလို့ ရတဲ့ စာမျက်နှာအားလုံးကတော့ သူတို့ကိုယ်တိုင် စိစစ်ရေးတွေ လုပ်နေကြောင်း သိရပါတယ်။


Myanmar Express

8 comments:

အဲဒါတော့ ဟုတ်တယ်
ကျုပ်လည်းပြောချင်နေတာကြာပြီ

http://burma.irrawaddy.org/comment.php ဒါက နွားတွေရဲ့  စီစစ်လုပ်တဲ့နေရာ ဧရာဝတီ နွားတွေ..

ဟုတ်တယ်ဗျို့ RFA မှာcomment ပေးတာစီစစ်ခံလိုက်ရတယ်။ စိတ်မရှည်တာနဲ့ထပ်မပေးတော့ဘူး
အဆင့်အတန်းမရှိတဲ့အတိုက်အခံကောင်တွေ။

RFA နွားတွေလဲ တူတူပဲ ။သူတို့ကိုထောက်ခံတဲ့ကွန်းမန့်မဟုတ်ရင် တင်မပေးဘူး။

ဟုတ်ပါတယ်.. ဒါကိုတော့ ထောက်ခံပါတယ်..အမ အတွေ.အကြုံကို ပြောရရင် ဘီဘီစီ (ဖေ့ဘွတ်) က မြန်မာ အစီအစဉ်မှာ ရိုဟင်ဂျာ နဲ.ပတ်သက်ပြီး အမှန်အတိုင်းဖြစ်စေဖို. ၊ ပုံဖြုတ်ပေးဖို. အမြဲရေးသားလေ့ရှိပါတယ်...အစကတော့ ဘာမှ မလုပ် ၊ ဘာမှ မတားမြစ်ပဲနဲ. နောက်တော့ ဆဲဆိုညစ်ညမ်းတာ တခုမှ မပါတဲ့ အကျိုးအကြောင်း အချက်အလက်နဲ.ရေးသားထားတဲ့ အမ ကွန်မန်.တွေ အပါအဝင် ကွန်မန်.အားလုံး အဖျက်ခံလိုက်ရတယ်...ပြီးတော့ အမကို ပါ ဘလော့လိုက်ပါတယ်...ဒီမိုကရေစီ ကျင့်သုံးနေတဲ့ နိုင်ငံက ဒီမိုကရေစီလိုလားပါတယ်ဆိုတဲ့ မျိုးချစ်လှပါတယ်ဆိုတဲ့ မြန်မာများ အလုပ်လုပ်နေတဲ့ အသံလွှင့်ဌာန ဖြစ်ပါလျှက် သိက္ခာမဲ့ ရုပ်ဆိုးလွန်းလှပါတယ်...အမရဲ့ ဘာမှ မဟုတ်တဲ့ ဘလော့လေးမှာတောင် ဆဲဆို ညစ်ညမ်းတာမှ အပ အားလုံးကို လွတ်လပ်စွာလာရောက်ရေးသားခွင့်ပေးထားပါတယ်...ဘယ်စနစ်ကို ကျင့်သုံးသုံး ဒီလို မကောင်းတဲ့ စိတ်ဓါတ်၊ အကျင့်ကို မပြင်ရင် သိက္ခာဆိုတာကို ဘာမှန်းမသိရင် ဒီလိုလူတွေရှိတဲ့ နေရာဟာ အမြဲနိမ်.ကျ နေဦးမှာပါပဲ...(ပိုက်ဆံ စည်းစိမ် ရှိကောင်းရှိပါလိမ့်မယ်. လူ.တန်ဖိုးကတော့ နိမ့်ကျနေမှာပါပဲ )

ဒါဟာ လူအများကို သတင်းပေးနေတဲ့ သတင်းဌာနတွေ ဆင်ခြင် ပြုပြင်စရာပါပဲ..အားလုံးကို ဝေဖန်ဆွေးနွေး ထောက်ပြခွင့် ပေးရမယ် ။ ဒါမှသာ တိုင်းပြည် တိုးတက်နိုင်မယ်...

ကျေးဇူးတင်ပါ၏
SV

အမ ကွန်မန်.၂ ခု လာရေးခဲ့ပါတယ်.. တခုပဲ တွေ.ပါတယ်... နောက်တခုကို ဘာကြောင့်တင်မပေးတာပါလဲ...ဆဲဆိုညစ်ညမ်းတာ တခုမှ မပါဘူးနော်...တင်ပေးပါ.

ကျေးဇူးတင်ပါ၏
SV

ကျုပ် comment ပေးတာ ၇ ခါရှိပီ အဲဒီ ဧရာဝတီမှာ တစ်ခါမှ မတင်ဘူး ။ တော်တော်လွတ်လပ်တယ် ငါလခွန်းမှပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်