Subscribe to our RSS Feed

အကြီးဆုံးရွှေကြောကြီးတစ်ခု တွေ့ရှိ


ကရင်ပြည်နယ် မယ်ဝိုင်ဒေသ တ၀ိုက်မှ မွန်ပြည်နယ် ကျိုက်ထီးရိုး ဘုရားတောင်ခြေ၊ ထိုမှတဆင့် ပဲခူးတိုင်းရှိ တောင်ငူအထိ ကြီးမားကျယ်ပြန့်သော ရွှေကြောကြီးတစ်ခုကို မြန်မာနိုင်ငံတွင်တွေ့ရှိရကြောင်း သတင်းရရှိပါတယ်။ နှစ်ပေါင်း ရာနှင့်ချီပြီး ထုတ်ယူနိုင်တယ်လို့လည်း ဒဂုံတက္ကသိုလ်၊ ဘူမိဗေဒဌာန အငြိမ်းစား ပါမောက္ခနှင့် Advanture Mental International Mining Co.,Ltd. မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးစိုးသိန်းက ပြောပါတယ်။

ရွှေကြောက အလွန် ကြီးမား တာကြောင့် နေရာ(၆)ခုခွဲပြီး နာဆာမှ လွှတ်တင်ထားသော Landast 7 ကောင်းကင်ဂြိုလ်တုဖြင့် ရိုက်ယူရတယ်လို့လည်း ဆိုပါတယ်။ ရွှေသား ပါသောကျောက်သားမှာ ကျောက်တ တန်လျှင် ရွှေ(၂၀) ကျပ်သားအထိ ရရှိမည်ဖြစ်ကြောင်း သိရပြီး မယ်ဝိုင်ရွှေမှော်သည်တော ခေါင်သဖြင့် တူးသူနည်းသော်လည်း၊ တူးသူများသည်၊ ရွှေကိုတန်နဲ့ ချီရ ရှိခဲ့ပြီး၊ လက်နက် ကိုင်အဖွဲ့ အစည်းများသာ အများအားဖြင့် တူးကြကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အကြီးဆုံး ရွှေကြောထွက်ရှိတဲ့ နေရာတွေကတော့ ရမည်းသင်း၊ စဥ့်ကူ၊ သပိတ်ကျင်းမှ နကထီမယ်ဝိုင်၊ ကျိုက်ထို ၊မြန်မာနိုင်ငံ အထက်ပိုင်းရှိ ကော်လင်း၊ ၀န်သိုနှင့် မြောက်ဖက် ကချင်ဒေသ၊ ပုသိမ်အနောက်ဖက် ဟင်္သာတမှ မကွေးတိုင်းအထိ၊ မြန်မာနိုင်ငံအရှေ့ ဖက်ကုန်းမြေမြင့်မှ တာချီလိတ် တို့ဖြစ်ပါတယ်။ လောလောဆယ် ထုတ်ယူနေသော ရွှေကြောများမှာတော့ ရွှေကျင်ရွှေကြောက အကြီးဆုံးဖြစ်ပါတယ်။

သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၄ ခုတွင် ၁၃ ခုက သတ္ထုမျိုးစုံထွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

5 comments:

ပွပြီဟေ့...ဒါကြောင့် ရွှေနိုင်ငံ..ေ၇ွှလူမျိုးလို့ ခေါ်သကိုး...

1 ton of raw stone and earth, chemical process and digging process, I do hope everyone is responsible for maintaining the environment and wildlife. better to have balance between economic development and natural environment.

သယံဇာတပေါတဲ့ အကျိုးခံစားမယ်။ ဂျပန်နိုင်ငံလိုမျိုးတွေ ကတော့ သယံဇာတမရှိတော့ သစ် ဝါး နဲ့ဆောက်တဲ့ အိမ်နဲ့ တော်ရုံတန်ရုံလူ မနေနိုင်ဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်