Subscribe to our RSS Feed

အင်ဒိုချိုင်းနားရဲ့ တံခါးပေါက် (သို့မဟုတ်) ထားဝယ်ရေနက်ဆိပ်ကမ်း


မြန်မာနိုင်ငံ တောင်ပိုင်း ထား ၀ယ်မြို့တွင် စတင် အကောင်အထည် ဖော်နေပြီ ဖြစ်သည့် ထားဝယ်ရေ နက်ဆိပ်ကမ်း စီမံကိန်းဟာ အင်ဒို ချိုင်းနား ကျွန်းဆွယ်သို့ တံခါးပေါက် တစ်ခု အသွင်ဖြစ်လာနိုင်သကဲ့သို့ ကမ္ဘာ့အကြီးဆုံး စက်မှုဇုန်ကြီးအဖြစ် မှတ်တမ်း ၀င်နိုင်ကြောင်း အီရန်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုဖြစ်သည့် Press TV က ရေးသားဖေါ်ပြ ထားပါတယ်။ စီမံကိန်းဟာ အရှေ့ အလယ်ပိုင်းနှင့် အာဖရိက နိုင်ငံများ သို့ လမ်းပွင့် သွားစေမည့် ကုန်သွယ် ရေးလမ်းကြောင်း သစ်တစ်ခုဖြစ်ပြီး စီးပွားရေး အခွင့်အလမ်းများစွာ ဖန် တီးနိုင်မည်ဟု အီတာလျံ -ထိုင်း ကုမ္ပဏီက ယုံကြည် ထားတယ်လို့ဆိုပါတယ်။

စီမံကိန်းအရ စတုရန်း ကီလိုမီတာ ၂၅၀ ကျော် ရှည်လျားသော ရေနက်ဆိပ်ကမ်း တစ်ခုကို ထားဝယ်မြို့ တွင် တည် ဆောက် နေပြီဖြစ်ကြောင်း၊ အီတာ လျံ-ထိုင်း ကုမ္ပဏီက ထိုင်းနိုင်ငံရှိ ကျွမ်းကျင် အင်ဂျင်နီယာများ စုစည်း ၍ အဆိုပါ စီမံကိန်းကို ၁၀ နှစ်ကြာ အကောင် အထည် ဖော်မည်ဖြစ်ကြောင်း၊ အမေရိကန် ဒေါ်လာရှစ်ဘီလျံသုံးစွဲ မည့် ယင်း စီမံကိန်းတွင် ရေနက်ဆိပ် ကမ်း ၀န်ဆောင်မှုများ၊ ရေနံချက်စက် ရုံနှင့် ဧရာမ စက်မှုဇုန်ကြီးတစ်ခု ပါဝင် မည်ဖြစ်ကြောင်း၊ ထိုစီမံကိန်း၏ ပထ၀ီ နိုင်ငံရေးနှင့် ပထ၀ီ စီးပွားရေး ဆိုင်ရာ အနေအထားအရ အလုပ်အ ကိုင် အခွင့်အလမ်းသစ် ၁,၀၀,၀၀၀ ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် စီမံကိန်း တစ်လျှောက်ရှိ လူနေအိမ် အချို့ကို ပြောင်းရွှေ့ ဖယ်ရှားရမည် ဖြစ်သည့် အတွက် လူ့အခွင့်အရေး ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာ နိုင်ကြောင်း အီတာလျံ- ထိုင်းကုမ္ပဏီ ဒါရိုက်တာက Press TV သို့ ပြော ကြားခဲ့တယ်လို့ ဆိုပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ အရှေ့ အလယ်ပိုင်းနှင့် အာဖရိက နိုင်ငံများ သို့ လမ်းပွင့် သွားစေမယ့် ကုန်သွယ် ရေးလမ်းကြောင်း သစ်တစ်ခုဖြစ်ပြီး စီးပွားရေး အခွင့်အလမ်းများစွာ ဖန် တီးနိုင်မည်ဟု အီတာလျံ -ထိုင်း ကုမ္ပဏီက ယုံကြည် ထားပါတယ်။

ထိုင်းကုန်စည်ပို့ဆောင်ရေး အတွက် အဓိကအသုံးပြုနေရသော မလက္ကာရေလက်ကြားအတွင်း ရေ ကြောင်းပိတ်ဆို့မှုများအပြင် အခက် အခဲများစွာ ဖြစ်ပေါ်နေတာကြောင့် မြန်မာနိုင်ငံရှိ ထားဝယ်ရေနက်ဆိပ် ကမ်းတည်ဆောက်မှု စီမံကိန်းကို အ မြန်ဆုံးစတင်နိုင်ရန် ထိုင်းအစိုးရက စီစဉ်နေကြာင်းလည်း သိရပါတယ်။ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံ ကိန်းစတင်ရန် ၂ဝဝ၈ ခုနှစ်တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေး ထိုးခဲ့ပြီး ယင်းစာချွန်လွှာအရ Italian – Thai Development ကုမ္ပဏီက ထားဝယ်ရေနက်ဆိပ် ကမ်းကို တာဝန်ယူလုပ်ကိုင်မည်ဖြစ် ကြောင်း၊ အဆိုပါစီမံကိန်းကို ထိုင်း စီးပွားရေးနှင့်စက်မှုလုပ်ငန်းဆိုင်ရာ ပူးတွဲကော်မတီ (JSCCIB) က Westgare Iandbridge စီမံ ကိန်းအဖြစ်သတ်မှတ်ထားပြီး PTT, Nippon Steel, Ezat နှင့် Petroleum National Behad (Petronas) ကုမ္ပဏီတို့ကလည်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ကာ စီမံကိန်းမှာ ဘတ်ငွေ ၃၅ဝ ဘီလျံခန့် ကုန်ကျ မည်ဖြစ်ကြောင်း သိရပါတယ်။ Landbridge စီမံကိန်းကို အပိုင်း ၂ ပိုင်းခွဲ၍ အကောင်အ ထည်ဖော်မည်ဖြစ်ပြီး ပထမတစ် ပိုင်းမှာ လေးလမ်းသွားလမ်းမကြီး တစ်ခုကို လာမည့် ၂ဝ၁၂ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်ဖောက်လုပ် မည်ဖြစ်ပြီး ဒုတိယတစ်ပိုင်းမှာ ရှစ် လမ်းသွားလမ်းမဖောက်လုပ်ရေးဖြစ် ပြီး နှစ်ပိုင်းစလုံးကို ၂ဝ၁၅ တွင် အပြီးသတ်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရပါတယ်။

လက်ရှိအနေအထားတွင် ထားဝယ်မှ ကချာနာဘူရီ Phu Nam Ron မြို့သို့ ကီလိုမီတာ ၁ဝဝ အကွာအဝေးအထိ လမ်းကြောင်း ရှင်းလင်းမှုများနှင့် တိုင်းထွာမှတ်သား မှုများ ပြုလုပ်ထားပြီးဖြစ်ကာ စေ့ စပ်ညှိနှိုင်းရသော ပြဿနာများ မပေါ်ပေါက်စေရန် သစ်တောထူ ထပ်သည့်နေရာများတွင် စီမံကိန်း လုပ်ဆောင်မှုကို ရှောင်ရှား သွားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်း စီ မံကိန်းမှ ပင်လယ်ဆိပ်ကမ်းများ နှင့် စက်မှုဇုန်များလည်း ပါဝင်ကာ ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီမှ စတင်အကောင်အထည် ဖော် ဆောက်လုပ်နေပြီးဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်းတစ်ခုတည်း အတွက် ကုန်ကျငွေ ဒေါ်လာ ၁ဝဝ ဘီလျံ ခန့်မှန်းထားကြောင်း သိရပါတယ်။

2 comments:

ကမ္ဘာ့အကြီးဆုံး စက်မှုဇုံကြီးတဲ့ဟေ့
အားရစရာပဲ
မြန်မြန်အကောင်အထည်ပေါ်ပါစေ

အဲဒီ စီမံကိန်းမှာ မြန်မာ အလုပ်သမားနဲ. ထိုင်းအလုပ်သမား အလုပ်လုပ်ခ ရတာခြင်း မတူဘူးလို. ပြောနေကြတယ်ခင်ဗျ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်