Subscribe to our RSS Feed

အမေရိကန်နှင့် စင်္ကာပူအပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်


မြန်မာ့နိုင်ငံရေး တိုးတက်မှုများကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Mr K Shanmugam တို့ မြန်မာနိုင်ငံကို (၃) ရက်အကြာစီ ရောက်ခဲ့အပြီးမှာ အခု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဟိတ်ခါ လည်း မြန်မာနိုင်ငံ လာတော့မှာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (William Hague) က မြန်မာနိုင်ငံကို နောက်နှစ် ဇန်န၀ါရီလ အစောပိုင်းမှာ သွားရောက်မှာဖြစ်ကြောင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ ၀န်ကြီး ဟီလာရီကလင်တန်တို့ အောင်အောင်မြင်မြင် တွေ့ဆုံဆွေးနွေး နိုင်ခဲ့မှုအတွက် ၀မ်းမြောက်ကြောင်းလည်း ပြောခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလည်း ဗြိတိန်နိုင်ငံခြားရေး မြန်မာနိုင်ငံ သွားမယ့်အပေါ်မှာ ကြိုဆိုကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်ဟာ တစ်ဖက်အစိုးရလုပ်သမျှ ကို တစ်ဖက်က အမြဲကြိုဆိုမှုတွေ လုပ်ခဲ့တာဟာ အစဉ်အလာတစ်ခုလို ဖြစ်နေပါတယ်။ အမေရိကန်မှာ ဆန္ဒပြသူတွေကို ရဲက ငရုတ်ကောင်းရည်နဲ့ ဖျန်းချိန်နဲ့ ဗြိတိန်မှာ ရဲက ပြည်သူတစ်ဦးကို ပစ်သတ်ချိန်တွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် မသိချင်ဟန်ဆောင်ခဲ့ကြပါတယ်။

လောလောဆယ်မှာ ဥရောပသမ္မဂ္ဂရဲ့ ငွေကြေးပြဿနာကြီးမားနေပြီး ငွေကြေးပြဿနာဖြေရှင်းဖို့အတွက် အစီအစဉ်သစ်တွေကို ယူရိုငွေကြေးသုံးစွဲတဲ့ သမဂ္ဂအဖွဲ့ဝင် ၁၇ နိုင်ငံလုံးက သဘောတူခဲ့ကြပေမယ့် ဗြိတိန်ကတော့ ကန့်ကွက်ခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက အီးယူအဖွဲ့ရဲ့ အစီအစဉ်သစ်ထဲမှာ ဗြိတိန်ပါဝင်မှာ မဟုတ်ကြောင်း ပြောခဲ့ပြီး ပြင်သစ်သမ္မတ နီကိုးလက် ဆာကိုဇီ ကတော့ ဗြိတိန်ရဲ့ဆုံးဖြတ်ချက်ကို စိတ်ပျက်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံကို ဥရောပသမ္မဂ္ဂရဲ့ အဝေးမှာ အထီးကျန်နိုင်ကြောင်း သတိပေးသံတွေထွက်လာအပြီးမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသွားဖို့ အစီအစဉ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကလည်း တက္ကသိုလ် ကောလိပ်ကျောင်းသားတွေ က ဗြိတိန် တိုင်းပြည်တ၀ှမ်းလုံးမှာ ဆန္ဒ ပြနေခဲ့ကြပါတယ်။ ရှဖီး၊ လီးးဒ်၊ ဘရိုက်တန်၊ ဘာမင်ဟမ်၊ ဂလပ်စဂိုနှင့် အီဒင်ဘတ်မြို့ များအပါဝင် မြို့ ကြီးတွေမှာ အကြီးအကျယ် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လဆန်းပိုင်းတုန်းကလည်း ကွန်ဆာဗေးတစ်ပါတီ ဌာနချုပ်ရှေ့ မှာ ကျောင်းသား ငါး သိန်းကျော် သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။ ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ စုစုပေါင်း (၄၁)ဦးကို ဖမ်း ဆီးထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လကုန်တုန်းကလည်း အစိုးရက ပင်စင်လာစာတွေကို ပြောင်းလဲ သက်မှတ်လိုက်ခြင်းကို မကျေနပ်တဲ့ ပြည်သူပေါင်း ၂ သန်း လောက်က ဆန္ဒပြမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲဟာ ၁၀ နှစ်အတွင်းမှာ အကြီးဆုံး ဆန္ဒပြမှု ဖြစ်ပြီး အစိုးရဌာနတွေ အများအပြား ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင် လန်ဒန်တစ်မြို့လုံး မီးဟုန်းဟုန်းတောက်ခဲ့တဲ့ ဗြိတိန်အဓိကရုဏ်းကြီးလည်း ဖြစ်ခဲ့ပါတယ်။

အဲလိုနိုင်ငံတွင်း မငြိမ်သက်မှုတွေ၊ ဥရောပသမ္မဂ္ဂနဲ့ ပဠိပက္ခဖြစ်မှုတွေ၊ ဆန္ဒပြသူတွေကို အကြမ်းဖက်နိမ်နှင်းမှုနဲ့ ယုံကြည်ချက်ကြောင့် ဆန္ဒပြသူတွေကို ဖမ်းဆီးထားမှုတွေ လုပ်နေတဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံလာမည့်ခရီးကို မြန်မာအများစုကတော့ မကြိုဆိုကြဘူးလို့ သိရပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ချိန်မှာတော့ မြန်မာဒီမိုကရေစီ အစိုးရဖက်က ဗြိတိန်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ပြောဖို့ ရှိမရှိတော့ မသိရသေးပါဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာစဉ်က နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်း နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ထံသို့ သွားရောက်တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ရှန်မူဂမ် လည်း သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင် အောင်မြင့် အပါအ၀င် အစိုးရအဖွဲ့ဝင်များ၊ သမ္မတ အကြံပေးအဖွဲ့မှ ဦးကိုကိုလှိုင်၊ ရဲမှူးကြီး စစ်အေး(ငြိမ်း)နှင့် ဒေါက်တာ စိန်လှဗိုလ်တို့ကို တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေး သိသိသာသာ တိုးတက်မှုများကြောင့် ဒီလထဲမှာပဲ ဘီလာရုစ် ဝန်ကြီးချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့လည်း မြန်မာနိုင်ငံကို ရောက်ရှိခဲ့ကြပြီး ကုလသမ္မဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း နောက်လထဲမှာ လာဖို့ ရှိနေပါတယ်။

2 comments:

ကမ္ဘာ့ ခေါင်းဆောင်တွေ မြန်မာပြည်လာတာက ခုနောက်ဆုံးပေါ်တဲ့ဖက်ရှင်လိုဖြစ်နေပြီ..သူတို့အချင်းချင်းပြောနေကြတာကတော့..ခေတ်မီချင်လား..မြန်မာပြည်သွားတဲ့..မြန်မာပြည်သွားတဲ့သူက..တော်တော်ပေါ်ပြူလာဖြစ်သွားတာကိုး..ကလင်တန်က မြန်မာပြည်လာတော့..၀ီလျှံဟိတ်ကလည်း..အားကျမခံ.လာမယ်လုပ်ပြန်ရော.စင်ကာပူက.သူ့ထက်နည်းနည်းဦးသွားလို့.အခြား..နိုင်ငံတွေကလည်း ခေတ်မီအောင် မြန်မာပြည်လာဖို့ပြင်နေကြပြီ..ကုလအတွင်းရေး မှူးကလည်း..အားကျမခံမြန်မာကို လာအုံးမယ်တဲ့..ပုတ်ရဟန်းမင်းကြီးနဲ့..ဒရိုင်းလားမား တောင်..မြန်မာပြည်ကို အလုအယက်လာဖို့ စိုင်းပြင်းနေကြပြီ..ဆောင်ပုဒ်တစ်ခုတောင်ထွက်နေတယ်...ခေတ်မီချင်လား..မြန်မာပြည်သွား...တဲ့

ha haaa, this's true.. now our country ( Myanmar) is the best country in the world, so aung san su kyi and (all demo) are
fail.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်