Subscribe to our RSS Feed

အမွေပြက်စွန့်လွှတ် ခံလိုက်ရတဲ့ ခမောက် တစ်လုံး နှင့် ၂၀၀၈ အခြေခံဥပဒေအရ ပါတီထောင်ခွင့်ရသွားပြီ ဖြစ်တဲ့ NLD


ထူးထူးဆန်းဆန်း အမွေပြက်စွန့်လွှတ် ခံလိုက်ရတဲ့ ခမောက် တစ်လုံး

"ယနေ့မှစပြီး မောင်/မ (....) သည် ကျွန်ုပ်တို့နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိတော့ပါကြောင်း၊ ၎င်းအား အမွေပြက်စွန့်လွှတ်ကြောင်း၊ ၎င်းနဲ့ပတ်သက်သမျှ နောက်နောင်တွင် တာဝန်မယူနိုင်ကြောင်း" ဆိုတဲ့ ကြော်ညာမျိုးကို သတင်းစာထဲမှာ တွေ့ရင် သားဆိုး သမီးမိုက်တစ်ယောက်တော့ အစွန့်လွှတ်ခံရပြီဆိုတာ အားလုံးသိကြပါတယ်။ ဒီတစ်ခါတော့ ထူးထူးဆန်းဆန်း သားသမီးကို အမွေပြက်စွန့်လွှတ်တာမဟုတ်ပါဘူး။ ခမောက်ကို စွန့်လွှတ်တာပါ။ အဲဒီခမောက်နဲ့ပတ်သက်သမျှက သူတို့နဲ့ လုံးဝ မသက်ဆိုင်တော့ပါဘူးတဲ့။ ထူးထူးဆန်းဆန်းနဲ့ ခမောက်ကို အမွေပြက်စွန့်လွှတ်ကြောင်း ကြေညာသူတွေကတော့ အဒဖ ဆိုတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကပါ။

မနှစ်က ရွေးကောက်ပွဲကျင်းပချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ခိုင်းလို့ NLD က ရွေးကောက်ပွဲ မဝင်ခဲ့ပါဘူး။ ဒါကြောင့် NLD တွင်းမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပြီး လူငယ်များက NDF ဆိုပြီး ခွဲထွက်ကာ ခမောက်တံဆိပ်နဲ့ မှတ်ပုံတင်ခဲ့ကြပါတယ်။ အဲဒီတုန်းက ဘယ်နိုင်ငံက နိုင်ငံရေးပါတီတွေမှာမှ မရှိဖူးပဲ မြန်မာနိုင်ငံမှာ ခမောက်လုပဲ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD က အရှုံးနဲ့ရင်ဆိုင်လိုက်ရပါတယ်။


အရင်တုန်းကတော့ သူမှသူပဲ


ခမောက်တောင် ကြီးမှ

ညတောင် မချွတ်နိုင်တဲ့ခမောက်

နေမပူ မိုးမရွာလဲ မချွတ်တဲ့ခမောက်

အခုတော့ ခမောက်ထက်ကောင်းတာများ တွေ့နေပြီလား မသိ

အမြင်မှန်ရလာကာ နေပြည်တော်သို့ လာရောက်မှတ်ပုံတင်သော NLD ကို ရွေးကောက်ပွဲကော်မရှင်က ပါတီထောင်ခွင့်ပေး

အမျိုးသားညီလာခံကို ကန့်ကွက်၊ ၂၀၀၈ အခြေခံဥပဒေကို လက်မခံ၊ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ NLD ဟာ အခုချိန်မှာ အမြင်မှန်ရလာပြီး နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ဆီကို ပါတီမှတ်ပုံတင်ခွင့် လာရောက်တင်ခဲ့တာကြောင့် ရွေးကောက်ပွဲကော်မရှိက ပါတီထောင်ခွင့်ပေးလိုက်ပါပြီ။

အရင်တုန်းက NLD ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကိုနားထောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်ကြောင်း ကြေညာချက်မျိုးစုံထုတ်ခဲ့ပါတယ်။ NLD က ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းတင် ကလည်း နအဖ နွားတင်းကုတ် ထဲကို နဖားကြိုး ဆွဲသွင်းတာ မခံနိုင်ဘူးလို့ ပြောခဲ့ပြီး ရွေးကောက်ပွဲ ဝင်မယ်လို့ ဆုံးဖြတ်တဲ့ သူတွေကိုလည်း စစ်ကျွန် အဖြစ် NLD က သက်မှတ်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ အစည်းအဝေးမှာတော့ တစ်ရာ ရာခိုင်နှုံးက ပါတီမှတ်ပုံတင်ဖို့ ထောက်ခံပါတယ်ဆိုပြီး ကြေညာချက်က ချက်ချင်းပြောင်းသွားပါတယ်။ အဲဒီလို ဆုံးဖြတ်တဲ့အခါ အစိုးရဘက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးလို့ ဆိုပြီး အကြောင်း ပြခဲ့ပေမယ့် စစ်ကျွန်ဖြစ်မယ့် ဥပဒေလို့ တစ်လျှောက်လုံး ပုတ်ခတ်လာခဲ့တဲ့ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ပတ်သက် လို့တော့ ဘာတစ်ခွန်းမှ ဟမသွားဘူး။ ဒီဥပဒေကို လွှတ်တော်ထဲက ဝင်ပြင်မယ်လို့ ဘာ့ကြောင့် ဆုံးဖြတ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ရှင်းမပြခဲ့ဘူး။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ၉၀ ရွေးကောက်ပွဲက လက်တွေ့မကျတော့ဘူးလို့ ပြောခဲ့ပြန်တာကြောင့် NCGUB အပါအဝင် အဖွဲ့တွေ ဖျက်သိမ်းလိုက်ရပါတယ်။

တရားနဲ့ဖြေပါ တကာကြီး... ဥက္ကဌ အရမ်းလုပ်ချင်နေတဲ့လူကို ဥက္ကဌရာထူးပေးလိုက်တာ ကုသိုလ်ရပါတယ်

အခုလည်း NLD ပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားသူ စာရင်းထဲမှာ ၂၁ ဦးပါဝင်ပြီး ယင်း ၂၁ ဦးထဲတွင် ပါတီဥက္ကဌ နာမည်မပါဘူးလို့ သိရပါတယ်။

12 comments:

ပြောစရာက ကျန်နေသေးတော့ ပြောရအုံးမယ်ဗျာ။ အခုတစ်လောမှာ သူများနိုင်ငံမှာ နေလို့ရအောင် ကုတ်ကပ်ပြီး မရှိ ရှိတဲ့ သတင်းလိုလို အတင်းလိုလိုတင်နေတဲ့ သတင်းဌာနတွေမှာ တွေ့တွေ့နေရတာ၊ ဖေ့ဘုတ်မှာ မြင်နေရတဲ့ သောက်ညစ်ကတ်စရာကောင်းတဲ့ စာတစ်ကြောင်းရှိတယ်။ "လူထုခေါင်းဆောင်၊ လူထုခေါင်းဆောင်" နဲ့ ဒေါ်စုကို ခေါင်းစဉ်တပ်တပ်နေတာ တော်တော် အမြင်ကတ်စရာကောင်းတယ်ဗျာ။ လူထုဆိုသော ဝေါဟာရမှာ ပြည်သူလူထု တစ်ရပ်လုံးကို ဆိုလိုသည်။ မြန်မာနိုင်ငံတွင် သန်း ၆၀ ရှိသော လူထု တစ်ရပ်လုံးက ထောက်ခံသဖြင့် ခေါင်းစဉ်တပ်ရင် မပြောပါဘူးဗျာ။ ခုဟာက လူထု၊ လူထုနဲ့ ပြောနေတော့ ကိုယ်ပါရောပြီး ထောက်ခံနေသလိုဖြစ်နေတယ်ဗျာ။

ကျွန်တော် ဒေါ်စုကို လုံးဝမထောက်ခံပါ။ ဘာလို့လဲလို့မေးရင် အခြားဘာကိစ္စမှ မပြောချင်ဘူး။ ဒီဘွားတော် နိုင်ငံခြားသား ယူတဲ့ တစ်ခုတည်းနဲ့တင် လုံးဝကို ပြတ်ပြတ်သားသားမထောက်ခံပါဘူး။ ခင်ဗျားတို့ စဉ်းစားကြည့်ကြပါ။ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (ဒေါ်စုအဖေလို့ ပြောရမှာ တော်တော် အော်ကလီဆန်တယ်ဗျာ)။ ဗိုလ်ချုပ်ကိုယ်တိုင် အသက်၊ သွေး၊ ချွေး ရင်းပြီး ခဲရာခဲဆစ် တိုက်ထုတ်ခဲ့ရတဲ့ အင်္ဂလိပ် (ကုလားဖြူ)တွေကို သူက လယ်တစ်ကွက်နဲ့ ၂ကောင်ကျ ထွန်ယက်ခဲ့တာကတော့ မိဘကျေးဇူးကို အလွန်တစ်ရာ သိတတ်စွာနဲ့ ကျေးဇူးဆပ်လိုက်ခြင်းဖြစ်ပါတယ်။ ပြီးတော့ ၈၈ကနေ ခုချိန်ထိ သူလုပ်ခဲ့တဲ့ အလုပ်ဆိုလို့ မိုက်ကလိုဖုန်းရှေ့မှာ တော်ကီပွားခဲ့တာတွေပဲ ကျွန်တော်မြင်ရတယ်။ သူကိုယ်တိုင် လုပ်တယ်ဆိုတာ ဘာမှ ကိုမတွေ့ရဘူး။ မလွတ်တော့ မလွတ်လို့တဲ့ ဘယ်လိုလုပ် တိုင်းပြည်အတွက် လုပ်နိုင်မလဲတဲ့။ အခုလွတ်ပေးတော့လဲ ဘာမှ လုပ်တာမရှိဘူး။ ဟိုအဆိုတော်တွေနဲ့တွေ့လိုက်၊ သရုပ်ဆောင်တွေနဲ့တွေ့လိုက်။ အစကတည်းက အဲလို ဘက်တွေမှာ လုပ်ဖို့အစီအစဉ်တွေရှိတယ်ဆိုရင် နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ မနေပါနဲ့။

အခြား ကဏ္ဍတွေကို ဦးဆောင်ပြီး ခေါင်းစဉ်တပ်လုပ်ပါ။

အသက်ကလဲကြီးပြီ။ ဘုရား၊ တရား ဆိုတာလဲ ဘာမှန်းမသိ။ အားလုံးက လက်ခံနေတယ်ဆို ဗိုလ်ချုပ်ရဲ့ အရှိန်တစ်ခုတည်းနဲ့ဆိုတာကို နားလည်းပါ။

အောက်ခြေသိပ်မလွတ်ပါနဲ့ လူကပိန်တော့ လေထဲမြောက်တက်သွားမယ်။ စေတနာနဲ့ပြောတာ တော်ကြာ အကျမတော်မှ ကျိုးပဲ့နေလို့၊ လုပ်နေတဲ့ ရောင်စိန် အလုပ်ပါ မလုပ်နိုင်ပဲနေမယ်။

အဲတော့ သူ့ကို ဖားနေတဲ့ ဖားတွေကို ပြောချင်ပါတယ်။ သိပ်ပြီး အမွန်းတင်ချင်နေတယ်ဆိုရင် လူတစ်ချို့၏ သို့မဟုတ် လူတစ်စု၏ လူထုခေါင်းဆောင်ဟု ခေါ်ချင်ခေါ်ကြပါ။ အကုန်လုံး ခြုံငုံပြီး ပါဝင်တဲ့ လူထုခေါင်းဆောင်၊ လူထုခေါင်းဆောင်ဟု မသုံးပါရန် တောင်းဆိုအပ်ပါတယ်။

အောင်ဆန်းစုကြည်က အခု ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရိုက်မယ်ဆိုတော့ စဉ်းစားစရာဖြစ်နေပြီ ဘာလို့ ဆိုတော့ သူ့အဖေက မျက်နှာဖြူကိုတော်လှန်တယ် သမီးလုပ်တဲ့သူက သူ့အဖေ ကိုယ်စား မျက်နှာဖြူကို ပြန်ပေးဆပ်တယ်လေ …ဇာက်လမ်းလေးကို အဲ့လိုအပြီးသက်ပေးမယ်ထင်တယ်နော်..
သူနေရာမှာသာ လက်ရှိအစိုးရထဲက တစ်ယောက်ယောက် ဆိုရင် အတိုက်ခံများ ဖင်ပြဲအောင်အော် နေလောက်ပြီ အခုတော့ အစိုးရဘာလုပ်လုပ် အစိုးမြင်နေကြတဲ့ အစိုးမြင် ၀ါဒီများကို မေးချင်တာကတော့ အောင်ဆန်းစုကြည် ဘာလုပ်တက်ပါသလဲ? ကျွန်တော်ပြန်ဖြေပေး ပါမယ် သူ English speaking တက်တာကလွဲလို ဘာမှမရှိပါ ..

ကျန်သေးတယ်ဗျ။ ပါတီ လိုဂိုပြောင်းတဲ့ကိစ္စ။ ခမောက်မသုံးတော့ပါဘူးတဲ့ ဖြစ်ရပြန်ပြီ။ ခမောက်ဆိုတုန်းကလဲ ခမောက်လိုက်ကြတာ။ ခုတော့လဲ ခမောက်မဟုတ်တော့ပါဘူးတဲ့။ ဟိုတစ်လောက သီချင်းထွက်တာကြားလိုက်ပါတယ်ဗျာ။ ဘာတဲ့ ထမိန်စ ခေါင်းမှာပတ်ကြတဲ့။ စောက်ရမ်း ဖားလွန်းတယ်ဗျာ။ ခမောက်နေရာမှ ဒေါ်စု ထမိန်သုံးမယ်ဆိုကတည်းသွားပြီ။ ဘာ ဘုန်းကြက်သရေမှ ကို မရှိတော့ဘူးဗျာ။ ပိုးဆိုးတာက အဲဘွားတော်က အင်္ဂလိပ်မယားဖြစ်ခဲ့ဖူးတာနော်။ အဲတော့ အဲဘွားတော် ထမိန်သာ ခေါင်းမှာ ပတ်ကြရင်တော့ ကိုယ့် ဘာပြန်ဖြစ်မလဲဆိုတာ ကိုယ့်ဘာသာ တွေးကြည့်ကြတော့ဗျာ။ စောက်ဦးနှောက်မရှိတဲ့သူတွေကို ပြောရတာလဲ မောပါတယ်။ စာရိုက်ရတာများလွန်းလို့လဲ လက်ကွက်တွေတော်တော် မြန်မြန်လို့ စာစီစာရိုက်တောင် ၀င်လုပ်လို့ရနေပြီ။

မြန်မာ လူမျိုးမှာ အတိတ်တို့ သဘောင်တို့ဆိုတာ ရှိတယ်။ အဲတော့ အဲလို ထမိန်စကို ခေါင်းမှာ ပတ်မယ်ဆိုကတည်းက အဲပါတီဝင် ယောကျာ်းအပေါင်းတို့ ဘယ်လောက် ဘုန်းကံကြီးမားပြီး ၀င်ဆံ့နိုင်မလဲ ဆိုတာ စောင့်ကြည့်ကြပေအုံးမည်။

ပြောပါသေးတယ်ဗျာ။ ဖေဖေက ဘယ်လို၊ ဖေဖေက ညာလိုနဲ့ ဗိုလ်ချုပ် တိုင်းပြည်အတွက် အသက်ပေးဆပ်ပြီး ကျဆုံးခဲ့တုန်းက သူ့အသက်ကဘယ်လောက်ရှိလို့တုန်းဗျ။ မသကာ ၁၀နှစ်ထားဗျာ။ အဲလောက် ငယ်ငယ်က ပြောတာတွေကို မှတ်ဥာဏ်ကောင်းကောင်းနဲ့ မှတ်မိနိုင်လို့လား သူက။ အဲလို မှတ်မိနိုင်မယ်ဆိုရင် အဲဘွားတော် အင်္ဂလိပ်ကို ယူမှာ မဟုတ်ဘူး။ စဉ်းစားကြည့်ကြ ဗိုလ်ချုပ် အင်္ဂလိပ်ကိုတော်လှန်တိုက်ထုတ်နေတဲ့အချိန်နော်။

အဲလောက် ဘွားတော် ဥာဏ်ရှိခဲ့မယ်ဆိုရင် အင်္ဂလိပ်ဆိုတဲ့ ကုလားဖြူကို သူ စပ်ဆုပ်ရွှံ့ရှာမှာ အမှန်ပဲ။ ဘာမှ မမှတ်မိလို့ ခုလို ကုလားဖြူမယားသွားလုပ်တာပေါ့ဗျာ။ အဲဒါကို ပြည်သူကို စည်းရုံးချင်တာနဲ့ ဖေဖေက ဘယ်လို၊ ညာလို လုပ်နေတယ်။

တော်ပါပြီဗျာ။ အကုသိုလ်များတယ်။ ဒီအသက်အရွယ်ရောက်တာတောင် ဘာမှ အမြင်မှန်ရမယ့်ပုံလဲ မပေါ်ပါဘူး။

ဒီအဘွားကြီးက လူတကာနဲ့ ဝေေ၀လေလေလုပ်ပြီးပျော်နေတာ သေခါနီးတရားမရသေးဘူး နိုင်ငံအတွက် ဘာလုပ်ပေးခဲ့ဖူးလို့လဲ သူရဲ့ ပိတ်ဆို့ရေးလုပ်ပါဆိုတဲ့ စကားကြောင့် ကျွန်တော်တိုက နိုင်ငံ ဘယ်လောက် နစ်နာ ခဲ့ရလဲဆိုတာကို မသိချင်ယောင် ဆောင်နေတယ် တော်ကြာ တမျိုးနောက်တော်ကြာတမျိုး မလွတ်ခင်ကတမျိုး အခု တမျိုးနဲ့ အမျိုးမျိုးတတ်နိုင်နေတာ ရွေးကောက်ပွဲလဲ ကန့်ကွက်တယ်ပြောတယ် အခုဝင်အရွေးခံမယ် လုပ်လိုက်နဲ့ အဲလောက် တတ်နိုင်နေရင် အမေရိကန် ပြန်သွားပြီး နောက်လင်ယူလိုက်ပါလား

all commenter are very good writer

အပေါ်ကသူငယ်ချင်းတို့ရဲ့ comment ကိုကြိုက်လွန်းလို့
facebook မှာshare လိုက်ပြီ

good comment , အားလုံးအမှန်တွေကြီးဘဲ
ပြည်သူ လူထုလိုလားတာ သူကောင်းစား ဖို့ မဟုတ်ဘူး တစ်နိုင်ငံလုံး ကောင်းစားဖို့ ပါ

အပေါ်က comment တွေကို အရမ်းသဘောကျတယ်..
ဟုတ်တယ်.. အဲဒီ ကုလားဖြူ(အင်္ဂလိပ်)ကို လက်ထပ်ထားတာတစ်ခုတည်းနဲ့ အဲဒီဘွားတော်ကို လုံးဝမကြည်ညိုဘူး
လူတွေရှေ့မှာ လေကြီးဖင်ကျယ်လုပ်နေတာကို အမြင်ကတ်တယ်..
ဖခင် ဗိုလ်ချုပ်အောင်ဆန်းအစား ကျမ ရှက်တယ်.. သူ့သမီးယောက်ျားကိုမြင်ရင် နှစ်ခါပြန်သေချင်စိတ်ပေါက်သွားမယ်ထင်တယ်.. မြန်မာပြည်သူတွေကို ရှက်လွန်းလို့လေ

comment တွေပဲရှယ်လို့ မရဘူးလားဗျာ ရေးထားတာလေးတွေကြိုက်လို့ ပါ

ဒီအဖွားကြီးဟာ စကားပြောတာ မာရေကျောရေနဲ့စိတ်မရှည်တဲ့အပြင်
မီဒီယာသမားတွေကို စကားပြောတာရင့်တယ်
ကလင်တန်နဲ့ကျ ဖားပြီးသွားဖြီးနေတယ်
ဒီမိန်းမကြီးကို လူထုခေါင်းဆောင်ခေါ်ရအောင် သူကဘာတွေလက်တွေ့
လုပ်နေလို့လဲ ကျောင်းစာအုပ်ထဲကအတွေးခေါ်တွေရွတ်ပြနေတာ
မဆန်းပါဘူး အနောက်နိုင်ငံမှာအမ်ဘီအေလောက်တက်ဖူးရင်ကို
သူ့လိုရွှီးတတ်ဖို့ လွယ်လွယ်လေးပါ
ဘာမှမဟုတ်ဘူး ကျောင်းစာအုပ်ထဲကဟာတွေ တစ်လုံးနှစ်လုံးပစ်ပစ်သွင်းနေတာကို
နလိမ်းပိန်းတုန်းတွေကအဟုတ်ထင်ပြီး ထမီစတောင်ခေါင်းပတ်ဦးမတဲ့
အရူးတွေ ငပေါတွေ စောက်သုံးမကျတဲ့ ချီးဘရိန်းတွေ
တကယ်ဥာဏ်မရှိသူတွေပဲ အံ့သြလို့မဆုံးဘူးဟေ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်