Subscribe to our RSS Feed

ဂျီအက်စ်အမ် လိုင်းကြပ်မှု လျော့ပါးစေရန် ဆောင်ရွက်နေ

From : MRTV-4



ဂျီအက်စ်အမ် ဖုန်းလိုင်းတွေရဲ့ လိုင်းကြပ်မှုဖြစ်ပေါ်တဲ့ အနီရောင်ဧရိယာတွေ လျော့ပါးစေဖို့ အတွက် ဆောင် ရွက်လျက် ရှိတယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သိရပါတယ်။ လက်ရှိအခြေအနေမှာ ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံတန်း ၀န်းကျင်ဧရိယာအတွင်း လိုင်းကြပ် မှုတွေ ဖြစ်ပေါ်ကာ အနီရောင် ဧရိယာများပြားတဲ့ အတွက် အဆိုပါနေ ရာမှာ မဖြစ်ပေါ်ဖို့ အဓိက လုပ်ဆောင်နေတာဖြစ်ပါတယ်။

အဲ့ဒီအတွက် ဂျီအက်စ်အမ် တန်ဖိုးနည်းဖုန်းတွေ ထွက်ရှိလာတဲ့ အခါမှာ ဖုန်းလိုင်းသုံးစွဲမှုတွေ အခုထက် ပိုမိုကောင်းမွန်လာဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လုပ်ငန်းဆောင်ရွက်မှုတွေကို ပိုမိုစနစ်ကျအောင် ဆောင်ရွက်နေပြီး အနီရောင် ဧရိယာတွေ အတတ်နိုင် ဆုံး လျော့ပါးဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တန်ဖိုးနည်းဖုန်းတွေကိုတော့ 3G စနစ်နဲ့ အသုံးပြုနိုင်အောင် လုပ်ဆောင်နေပြီး အင်တာနက် သုံးစွဲမှုတွေလည်း ကောင်းမွန်အောင် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်