Subscribe to our RSS Feed

ပညာရေးဂျာနယ် ၃ စောင်နှင့် မဂ္ဂဇင်း ၁၀ စောင်အား ထုတ်/တင်စနစ်အဖြစ် ထုတ်ဝေခွင့်ပြု


From : ခေတ်လူငယ်

ပညာရေးဂျာနယ် ၃ စောင်နှင့် မဂ္ဂဇင်း ၁၀ စောင်အား ၂၀၁၂ ခုနှစ် မတ်လ (၁) ရက်နေ့မှစ၍ ထုတ်/တင် စနစ် ကျင့်သုံးလျက်ရှိသည့် အုပ်စု(၁)တွင်းသို့ ထပ်မံထည့်သွင်း သတ်မှတ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့မှ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသည် ၂၀၁၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ ပထမအဆင့်အနေဖြင့် ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများအား အုပ်စု(၁)နှင့် အုပ်စု(၂)ဟူ၍ ခွဲခြားကာ အုပ်စု(၁)ပါစာမူများအား ထုတ်/ တင်စနစ်ဖြင့် လည်းကောင်း၊ အုပ်စု (၂)ပါစာမူများအား တင်/ထုတ်စနစ်ဖြင့်လည်းကောင်း ထုတ်ဝေခွင့်ပြုခဲ့သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်