Subscribe to our RSS Feed

ရှေးဟောင်းပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကြီးအား ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် Master Plan ရေးဆွဲအကောင်အထည် ဖော်လျက်ရှိ

From :MRTV4

ရှေးဟောင်း ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကြီး တစ်ခုလုံးကို နိုင်ငံတကာမှ ရှေးဟောင်းမြို့တော်များကဲ့သို့ အဆင့်မီဖွံ့ဖြိုး တိုးတက်စေဖို့အတွက် Master Plan ကြီးတစ်ရပ် ရေးဆွဲ အကောင်အထည်ဖော် ဆောင် ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရဲ့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဆိုပါ Master Plan ထဲမှာ ပြုပြင်တည်ဆောက်ခြင်း၊ တိုးတက်တည်ဆောက်ခြင်း၊ မှတ်တမ်းပြုစုခြင်း၊ ထိန်းသိမ်းခြင်း၊ သုတေသ နပြုခြင်းနဲ့ World Heritage List ၀င်နိုင်ရေးစတဲ့ အဓိကလုပ်ငန်းကြီး ၆ရပ် ပါဝင်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပုဂံယဉ်ကျေးမှု အမွေ အနှစ်ဒေသကြီးကို ထိန်းသိမ်း စောင့်ေ ရှာက်ရာမှာ ရှေးဟောင်း အဆောက်အအုံများ၊ အုတ်ကုန်းများကို စနစ်တကျ ပြုပြင်တည်ဆောက်ခြင်း၊ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် တင်သွင်းရေး လုပ်ငန်းများကို ဆောက်ရွက်ခြင်း၊ တိုးတက် တည်ဆောက်ထား မှုများကို ထပ်မံပျက်စီးမှု မဖြစ်အောင် နှစ်စဉ်ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းခြင်း၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ သာယာလှပရေးတို့ အတွက် ဆောက်ရွက်ခြင်းတို့ ပါဝင်ဆောင်ရွက်ဖို့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်