Subscribe to our RSS Feed

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကားထုတ်လုပ်ရေး သတင်းနှင့် နည်းပညာအပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန်စီစဉ်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကားထုတ်လုပ်ရေး၊ သတင်းနှင့် နည်းပညာအပါအဝင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် သဘောတူညီ ခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံတို့သည် Healthcare, Manufacture, Information Technology, Infrastructure ကဏ္ဍလေးခုတွင် ကုန်သွယ်မှု စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နိုဝင်ဘာ ၉ရက်က မြန်မာနှင့် အိန္ဒိယတို့ MoU လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။

"အိန္ဒိယ အနေနဲ့ သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍမှာ ထွန်းကားတဲ့နိုင်ငံပါ။ နောက် ဆေးဝါးမှာလဲ အောင်မြင်ပါတယ်။ MoU ကို အရင်တစ်ခေါက် ကတည်းက ထိုးခဲ့ပါတယ်။ အဲဒါကို ပြင်ဆင်ဖြည့်စွက်ပြီး အခုတစ်ခါ လက်မှတ်ထပ်ထိုးကြတာပါ" ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

ယင်းနှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးကြသည့် MoU တွင် Healthcare, Manufacture, Information Technology, Infrastructure ပါဝင်သည့် ကဏ္ဍလေးခုပါဝင်ပြီး ယင်းကို ၂၀၀၄ ခုနှစ်ကတည်းက ပထမအကြိမ် MoU လက်မှတ်ထိုးခဲ့ကြပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၉ ရက် ချက်ထရီယံ ဟိုတယ်တွင် ထပ်မံပြင်ဆင်ဖြည့်စွက်ကာ လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MoU နှင့် စပ်လျဉ်း၍ Confederation of Indian Industry (CII)၏ ဥက္ကဋ္ဌ Mr Sanjay Kirloskaru MoU ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် လေ့လာပြီး အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်တာပါပဲ။ အပြန်အလှန်ရင်းနှီး မြှုပ်နှံမှုတွေ လုပ်တယ်ဆိုတာ ယုံကြည်မှုကို အရင်တည်ဆောက်ရပါတယ်။ နှစ်နိုင်ငံ အတူကုန်သွယ်မှုတွေ လုပ်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်ဆိုတာ အကျိုးအမြတ်ကို ခွဲဝေလုပ်ကိုင်တာပါပဲ" ဟု ပြောသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား နှစ်ဖက်ကုန်သွယ်မှုသည် ၂၀၁၀ ဘဏ္ဍာနှစ်ကုန်အထိ အမေရိကန်ဒေါ်လာ ၁၃၅၂ ဒဿမ ၀၉ သန်း ရှိခဲ့ကြောင်း သိရသည်။

Ref : The Flower News



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်