Subscribe to our RSS Feed

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် မြန်မာနိုင်ငံရောက်


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိကြသည်။ အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Maj-Gen Anup Kumar Chakma,ndc,psc နှင့် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်တို့က နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ ဧည့်သည်တော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဒီပူမိုနီနှင့် အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါကြကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်