Subscribe to our RSS Feed

အသရေဖျက်တဲ့ ကွန်းမန့် ကို like ပေးရင် ထောင် ၃ နှစ်


ထိုင်းဘုရင်ကို အသရေဖျက်သော ကွန်းမန့်များကို ကိုယ့် facebook ပေါ်က မဖျက်ရင် တရားစွဲနိုင်နောက် ထိုင်းပြန်ကြားရေးဌာက ကြေညာထားပါတယ်။

ထိုင်းဘုရင်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေက ပို့သော message များကို မိမိ wall ပေါ်က ဖျက်မပစ်ရင် တရားစွဲနိုင်တယ်လို့ ဆိုပါတယ်။ ထိုင်းဘုရင်ကို အသရေဖျက်သော ကွန်းမန့်များကို like ရုံနဲ့ပဲ ထိုင်းနိုင်ငံသားဖြစ်စေ၊ အခြားနိုင်ငံသားဖြစ်စေ ထောင် ၃ နှစ်ထိ ကျနိုင် ပြီး ရာဇဝတ်မှုကို ကျူးလွန်ခြင်း ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံက facebook အသုံးပြုသူအားလုံးကို ထိုင်းပြန်ကြားရေးမှ facebook ပေါ်မှာ သတိထားပြီး like ပေးပို့ သတိပေးထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်က နိုင်ငံ့ ဦးသျောင်ဖြစ်ပြီး ပြီးမှ ဝန်ကြီးချုပ် လာပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတော် သမ္မတကြီးကသာ နိုင်ငံ့ဦးသျှောင် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်သူ မြန်မာနိုင်ငံမှာတော့ နိုင်ငံ့ဦးသျှောင် ကို comment ပေးရုံ၊ like ပေးရုံနဲ့ ထောင် ၃ နှစ်ချတဲ့ ဥပဒေမျိုး မရှိပါဘူး။ လွတ်လွတ်လပ်လပ် စည်းမရှိကမ်းမရှိ အဆင့်အတန်းမရှိ ဆဲရေးတိုင်းထွာနေတဲ့ အတိုက်အခံတွေကိုလည်း အများအပြားတွေ့နိုင်ပါတယ်။

ဒါပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ ဥပဒေကို အစိုးရိမ်ကြပဲ မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးရေးကို စိုးရိမ်ကြောင်း ပြောကြားသူ ပြည်ပနိုင်ငံများသာမက ၊ ပြည်တွင်းက မြန်မာများကိုလည်း ထူးထူးဆန်းဆန်းတွေ့နေရပါတယ်။


Myanmar Express

2 comments:

NLD ပါတီဝင်ဖို့ ပြည်တွင်းမှ စိတ်မ၀င်စားကြလို့ ပြည်ပက လူတွေကိုပါ ပါတီဝင်ဖို့ ဖိတ်ခေါ် http://goldenmyanmarnews.blogspot.com/

မြန်မာတွေဆို.. ပြောလိုက်မယ့် ဖြစ်ချင်း.. ပြောကိုမပြောလိုက်ချင်ဘူး.. ခွေးထက်ဆိုးတဲ့ အတိုက်အခံတွေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်