Subscribe to our RSS Feed

မြန်မာအစိုးရအထူးအဖွဲ့နှင့်KIAဆွေးနွေး



မြန်မာအစိုးရအထူးကိုယ်စားလှယ်အဖွဲ့နှင့် KIO ဥက္ကဌ ပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့ နိုဝင်ဘာလ ၂၉ ရက်နေ့ မနေ့က တရုတ်နိုင်ငံ ရွှေလီမြို့ Jing Cheng Earth Sea ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ ၉ ဦးတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပါဝင်ခဲ့ပြီး KIO ကိုယ်စားလှယ်အဖွဲ့ ၉ ဦးအား ဥက္ကဌ ဦးဇောင်းဟရားက ခေါင်းဆောင်ခဲ့ပြီး ၃ နာရီကျော်ကြာဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

မြန်မာအစိုးရနဲ့ KIO တို့ တဖက်တရုတ်နိုင်ငံတွင်ဆွေးနွေးအပြီး နှစ်နာရီခန့်အကြာ ည ၇ နာရီခန့်တွင် မြစ်ကြီးနားမြို့မှ ကချင်အများဆုံးနေထိုင်တဲ့ စီတာပူရပ်ကွက်မှာရှိတဲ့ ဘုရားကျောင်းခြံစည်းရိုးနှင့် ဇိုက်ဝါးစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့ရုံးအား KIA ကချင်အဖွဲ့မှ ဗုံးဖောက်ခွဲဖျက်ဆီးခဲ့တဲ့အတွက် အသက် ၁၆ နှစ်အရွယ် နှင့် အသက် ၃၀ အရွယ် အမျိုးသား နှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

http://kachindailynews.blogspot.com/2011/11/kia_2806.html
မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်