Subscribe to our RSS Feed

NLD လက်ရှိ ခေါင်း​ဆောင် ဦး​တင်ဦး​ မကြာခင် ဖယ်ရှားခံရမည်

ဒေါ်အောင်ဆန်းစုကြည် အမြင်မှန်ရပြီးနောက် အဒဖ ကို မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်ဖို့ တစိုက်မက်မက်ကြိုးစားလာပါတယ်။ အခု မှတ်ပုံတင်ခဲ့တဲ့ စာရင်းမှာ လူ ၂၁ ယောက်သာ ရှိပြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဦးတင်ဦးတို့ အပါအဝင် ပါတီဝင်ခွင့် ပြန်လည်း လျှောက်ထားရမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ လက်ရှိ NLD ဥက္ကဌဖြစ်သူ ဦးအောင်ရွှေနဲ့ ဒုဥက္ကဌ ဦးတင်ဦးတို့ကို ဖယ်ရှားချင်လို့ လုပ်ခြင်းသာ ဖြစ်ကြောင်း NLD ကို အနီးကပ် စောင့် ကြည့်သူ တစ်ဦးက ဆိုပါတယ်။

လက်ရှိ ဥက္ကဌ ဦးအောင်ရွှေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှာ ထုတ်ပယ်ခဲ့ဖူးသူ ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ပါတီကု ပြန်ရောက်လာချိန်ကစပြီး ပါတီရုံးကို မလာရတော့ပဲ အစည်းအဝေးတွေကို ဒုဥက္ကဌ ဦးတင်ဦး နာမည်ခံ ဦးဆောင်မှုနဲ့ပဲ လုပ်ခဲ့တာ အချိန်အတော်ကြာပြီ ဖြစ်ပါတယ်။ အခုလက်ရှိ ပါတီမှတ်ပုံတင်ဖို့ ကိစ္စတွေ၊ ရွေးကောက်ပွဲ ဝင်ဖို့ ကိစ္စတွေနဲ့ ပါတီကို ပြန်လည်ဖွဲ့စည်း မယ့် ကိစ္စတွေကို ပါတီဥက္ကဌ ဦးအောင်ရွှေအနေနဲ့ ဘာတစ်ခု မှ မသိဘူးလို့ဆိုပါတယ်။ နေပြည်တော် တင်ခဲ့တဲ့ လူစာရင်း ၂၁ ယောက်ထဲမှာလဲ ဥက္ကဌဖြစ်သူ ဦးအောင်ရွှေ မပါခဲ့ပါဘူး။

မကြာခင် ဖယ်ရှားခံရတော့မယ့် ဘကြီးများ

အခုလည်း အဒဖ ကို အသစ် ပြင်ဆင်ဖွဲ့စည်းချိန်မှာ အားလုံး ပြန်လျှောက်ဖို့ စီစဉ်တာကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောသာ ဖြစ်တယ်လို့ သိရပါတယ်။ ဦးတင်ဦးကတော့ လာမယ့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲ​တွေမှာ လွှတ်​တော် ကိုယ်စား​လှယ်​လောင်း​အဖြစ် ဝင်​ရောက်ယှဉ်ပြိုင် အ​ရွေး​ခံမှာ မဟုတ်ဘူး​လို့​ ပြောပါတယ်။

အသက်ကြီး​လို့ ဆိုပြီး အကြောင်းပြခဲ့ပေမယ့် ရွေးကောက်ပွဲ ဝင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ အသက် ၆၇ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ ဦးတင်ဦးက လူငယ်​တွေကို အစား​ထိုး​ချင်ကြောင်း၊ လူငယ်​တွေ ရှိကြောင်း ပြောခဲ့ပါတယ်။ ဦးတင်ဦးအနေနဲ့ လူငယ်တွေကို သာ အားကိုးပုံရပြီး လူကြီးတွေကို အားကိုးကြောင်းတော့ မပြောခဲ့ပါဘူး။ ဦးတင်ဦးဟာ ဦးလွင်ထက် အသက် ၃ နှစ်သာ ငယ်ပြီး ၈၅ နှစ် ရှိပါပြီ။

ဒေါ်အောင်ဆန်းစုကြကတော့ ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံမှာဖြစ်ကြောင်း၊ နေရာလွတ် မှန်သမျှ ဝင်ပြိုင်မှာ ဖြစ်ကြောင်း ပြောကြားပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးတွေ လုပ်လိုက် သီချင်းတွေ စပ်လိုက် ဆိုလိုက် လုပ်နေကြပါပြီ။ အဲလို သာ လုပ်နေပေမယ့် ရွေးကောက်ပွဲ ကော်မရှင်က အန်အယ်လ်ဒီကို တည်​ထောင်ခွင့်​ပြု ​လျှောက်ထား​ချက်ကို ခွင့်​ပြုခြင်း​ မရှိ​သေးပါဘူး။ ၂၀၁၀ ​ရွေး​ကောက်ပွဲအပြီး​ လစ်လပ် မဲဆန္ဒနယ်​တွေအတွက် ကြား​ဖြတ်​ရွေး​ကောက်ပွဲ​တွေကိုလည်း​ လာမယ့်​ ၃ လ အတွင်း​ ကျင်း​ပဦး​မှာ မဟုတ်ဘူး​လို့​ကြေညာထား​ပါတယ်။ ဒါပေမယ့်လည်း ဘယ်မှန်းမသိသေးတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်က အခုမှ လုပ်များနေပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲလုပ်ချိန်မှာတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အခုလည်း ဦးတင်ဦး ကို ရာဖူးမှ ဖယ်ရှားပြီးလျှင် ဒေါ်အောင်ဆန်းစုကြည်က ပါတီ ဥက္ကဌ ထိုင်ခုံကို ဝင်ထိုင်မှာဖြစ်ပါတယ်။
နောက်တစ်ဆက် ပါတီဥက္ကဌ သစ် ဒေါ်အောင်ဆန်းစုကြည်
အသက် - ၆၇ နှစ် (မုဆိုးမ)

10 comments:

tagal lo Aung San SU kyi ka.... thu father akyoung MOVIE lote mal so tot.... thu lin ka English lay... English ko pyan tun lan tae akhan twe par ya mhar pot... ENglish twe yae yat sat tae akhan twe par ya mhar pot... de lo so yin... Aung San Su kyi...y` lin ka english so tot... thu par thar ywar lal ohn mal..thu bal lo twe se sin ma lae so tar thar kyi kya pay tot.. har har.

ဒီဆိုဒ်ရဲ့ ရည်ရွယ်ချက်ကဘာလဲဟင်။
မသိလို့ မေးတာပါ။
ဒေါ်စုရဲ့ နာမည်အနောက်မှာ(မုဆိုးမ)ဆိုပြီး ထည့်ထည့်ရေးနေတာကရော
သူ့ရဲ့လုပ်ဆောင်ချက် ကောင်းခြင်း၊ မကောင်းခြင်း တွေနဲ့
ပတ်သက်မှုများ ရှိနေပါသလား။

မုဆိုးမ တစ်ယောက်ကို မုဆိုးမလို့ အမှန်တိုင်းရေးတာ ဖြစ်သင့်ပါတယ်
မဟုတ်တာရေးတာမှမဟုတ်တာ
ဒေါ်စု မုဆိုးမှ ဆိုတာ အားလုံးသိနေတာပဲ
အသက်ကလည်း ၆၇ နှစ်ဆိုတော့ သူ့ကြည့်ရတာ နောက်ယောင်္ကျားယူနိုင်မယ့်ပုံလည်းမရှိပါဘူး
ဘယ်ယောင်္ကျားမှလည်း ယူမယ်မထင်ပါဘူး
ဒီတော့ မုဆိုးမ ဆိုတာကို ဖုံးကွယ်ထားဖို့လည်း မလိုလောက်ဘူးထင်ပါတယ်
ဒေါ်စုအမြဲပြောတယ်လေ
ပွင့်လင်းရမယ်၊ ရိုးသားရမယ် တဲ့

hote pa
a mhan a tine pyaw tr pal

myanmarexpress မှ တာဝန်ရှိသူများကို တစ်ခုပြောချင်ပါတယ်။ media တစ်ခုအနေဖြင့် သတင်းများကို လူကြီးလူကောင်းဆန်ဆန်တင်ပြ ပေးသင့်သည်ဟုထင်ပါသည်။သို့ဖြင့်လျှင် myanmarexpress အပေါ်ပို ယုံကြည်မှုရှိလာမည်ဟုထင်ပါသည်။ကျွန်တော်က နိုင်ငံရေးတွင် ယခင်က စစ်အစိုးရ ယခုဦးသိန်းစိန်အစိုးက NLD နှင့် တခြားပြည်ပရောက် အတိုက်အခံ များ မည်သူဘက်မှ မပါ ပါ၊ ရိုဟင်ဂျာ ကိစ္စ တွင် BBC DVB VOA အစရှိသောပြည်ပသတင်းဌာနများရဲ့ မဟုတ်မမှန်လုပ်ကြံ သတင်းကို တန်ပြန်တင်ပြပုံများကို သဘောအလွန်ကြပါသည်၊ဘယ်ဘက်မှမလိုက်ပဲ မြန်မာပြည်သူပြည်သားများကိုသာအကျိုးပြုသော သတင်းဌာနတစ်ခုဖြစ်ပါစေ။

ြဲမန်မာမှာလူဖြစ်ရတာလူဖြစ်ရှုံးရတာပဲ..

သိပ်မှန်တာပေါ့။အမှန်တိုင်းဖြစ်သင့်တယ်။

တင် ဦး က အောင် ဆန်း စု ကြည် က်ု လိုး ဖို့ လီး မ တောင် နိုင် တော့ဘူး

ဒါ ဆို ဆို မာ လီ ယာ မှာ လူ သွား ဖြစ် လေ...ကိုယ့် ကိုယ် ကို မြန် မာ ဖြစ် ရ တာ ကို သိမ် ငယ် နေ တဲ့ လူ က ရှိ သေး တယ်... အံ့ ရော ကွာ... လူ ဖြစ် တာ တောင် ကံ ကောင်း............

ဆိုးမ တစ်ယောက်ကို မုဆိုးမလို့ အမှန်တိုင်းရေးတာ ဖြစ်သင့်ပါတယ်
မဟုတ်တာရေးတာမှမဟုတ်တာ
ဒေါ်စု မုဆိုးမှ ဆိုတာ အားလုံးသိနေတာပဲ
အသက်ကလည်း ၆၇ နှစ်ဆိုတော့ သူ့ကြည့်ရတာ နောက်ယောင်္ကျားယူနိုင်မယ့်ပုံလည်းမရှိပါဘူး
ဘယ်ယောင်္ကျားမှလည်း ယူမယ်မထင်ပါဘူး
ဒီတော့ မုဆိုးမ ဆိုတာကို ဖုံးကွယ်ထားဖို့လည်း မလိုလောက်ဘူးထင်ပါတယ်
ဒေါ်စုအမြဲပြောတယ်လေ
ပွင့်လင်းရမယ်၊ ရိုးသားရမယ် တဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်