Subscribe to our RSS Feed

ဟီလာရီ ကလင်တန်နဲ့ လူထုစိန်ဝင်း ဘယ်သူမှားသလဲ


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ မြန်မာနိုင်ငံ ရောက်ချိန်မှာ ဟီလာရီ ကလင်တန်က "ဒီမိုကရေစီသည် နောက်ဆုံးပန်းတိုင် ဖြစ်သည်" လို့ ပြောခဲ့ပါတယ်။

ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းကတော့ "ဒီမိုကရေစီသည် နောက်ဆုံး ပန်းတိုင် မဟုတ်" လို့ ဆိုပါတယ်။
ဟီလာရီ ကလင်တန်နဲ့ လူထုစိန်ဝင်း ဘယ်သူမှားသလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ တစ်ယောက်ကတော့ မှားနေတာသေချာပါတယ်။ လုထုစိန်ဝင်း လည်း လူမှား တစ်ယောက် ဖြစ်နိုင်သလို၊ ဟီလာရီကလင်တန်ကလည်း လူမှားတစ်ယောက် ဖြစ်နိုင်ပါတယ်။ လူထုစိန်ဝင်း ပြောခဲ့တာကတော့...

ဒီမိုကရေစီဆိုတာ နောက်ဆုံးပန်းတိုင်မဟုတ်

ဒီမိုကရေစီဆိုတဲ့ စကားကို ဘေးကင်းရန်ကွာ ပြောခွင့်ရတဲ့ အချိန်ကစပြီး လူတိုင်း ပါးစပ်ဖျားမှာ သီးနေကြရုံ သာမက၊ စာနယ်ဇင်း စာမျက်နှာတွေမှာပါ အဆက်မပြတ် ဖတ်နေရပါတယ်၊ ဒါ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့ ကိစ္စ ဖြစ်တယ်။


မစားရ၀ခမန်း

ဒီမိုကရေစီ အကြောင်း ၀မ်းသာအားရ ပြောကြ ရေးကြရင်းနဲ့ အရှိန်လွန်ပြီး ဒီမိုကရေစီ ဆိုတာ ‘မဟာသြသဓ’ နတ်ဆေးကြီး သဖွယ် ရောဂါအားလုံးကို ကုစားနိုင်တယ်၊ ဒီမိုကရေစီ နိုင်ငံဆိုတာ အရာအားလုံး ပြီးပြည့်စုံတဲ့ ‘ရွှေပြည်တော်ကြီး’ ဖြစ်တယ်၊ ဒီမိုကရေစီမှ တစ်ပါး အခြားမရှိပြီ ဆိုတဲ့ ပြောဆို ရေးသားချက်တွေ ကိုလည်း အများကြီး တွေ့နေ ရပါတယ်၊ ဒီမိုကရေစီ ဆိုတာ ကိုယ်တွေ့ မကြုံဘူးသူ များက ‘မစားရ ဝခမန်း’ ပြောဆို ရေးသားချက် တွေကို အဟုတ်ကြီး ထင်ပြီး နောင် နဖူးတွေ့ ဒူးတွေ့ ရတဲ့ အခါကျမှ ထင်တာနဲ့ မြင်တာ ‘ပါစင်အောင်’ လွဲနေတာတွေ တွေ့ရရင် အကြီးအကျယ် စိတ်ပျက် သွားနိုင် ပါတယ်။ ဒါ ဆိုရင်လည်း မကောင်းပါဘူး။ ‘နောက် လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ’ တဲ့ အတွက် ဒိုင်းဝန်ကို ပြန်လွမ်းတာမျိုး ဖြစ်သွား ပါလိမ့်မယ်၊ ဒါကြောင့် ပြောဆို ရေသားချက်တွေ ဆင်ခြင်သင့်ကြ ပါတယ်။


မကောင်းမှုတွေ ဘယ်ကစ

ဒီမိုကရေစီ ဆိုတာ မဟာသြသဓ နတ်ဆေးကြီး ဖြစ်တယ်ဆိုရင် ဒီနေ့ အနောက် ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ မြင်တွေ့နေရတဲ့ လူမှုရေး ဖောက်ပြန် ပျက်စီးမှုတွေ၊ ရက်စက် ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရဲ့ ထိပ်တန်း ခေါင်းဆောင်ကြီးတွေကြား အကျင့်ပျက်မှုတွေ၊ အလုပ်လက်မဲ့ ဖြစ်မှုတွေ၊ နေစရာ မရှိလို့ လမ်းဘေး အိပ်ရတဲ့ သူတွေ ဘယ် ရှိနေတော့မှာလဲ၊ အခုတော့ လူ့လောကရဲ့ မကောင်းမှု မှန်သမျ အဲဒီ ဒီမိုကရေစီ နိုင်ငံကြီးတွေက စခဲ့တာလို့တောင် ပြောရမယ် ထင်ပါတယ်။ ကမ္ဘာမှာ မူးယစ်ဆေးဝါး ပြဿနာကြီး ပေါ်ပေါက်လာအောင်လည်း ဒီမိုကရေစီ နိုင်ငံကြီး ဆိုတဲ့ အမေရိကန်က စလိုက်တာပါ။ ဗီယက်နမ် စစ်မြေပြင်မှာ စိတ်ကြွဆေးပြားတွေ တီထွင် ထုတ်လုပ်ပြီး ဖြန့်ဝေပေးရာက အရှေ့တောင် အာရှမှာ မူးယစ်ဆေးဝါး ဈေးကွက်ကြီး ပေါ်ထွန်း လာခဲ့တာ ဖြစ်ပါတယ်၊


ကောင်းဘွိုင် ယဉ်ကျေးမှုအစ

အီရတ်က ဆက်ဒမ်ဟူစိန် ဆိုတာလည်း ပနားမားက နောရီအေးဂါး (Noriega) လိုပဲ အမေရိကန် စီအိုင်အေက မွေးထုတ် ပေးခဲ့တာ ဖြစ်တယ်။ အာဖဂန်နစ္စတန်က တာလီဘန်တွေ လည်း စီအိုင်အေက မွေးထုတ်ပေးခဲ့ တာပါပဲ။ သေနတ်အားကိုးနဲ့ အကြမ်းဖက် လူသတ်တဲ့ လုပ်ရပ်မှန်သမျ အမေရိ ကန်ရဲ့ ကောင်းဘွိုင်ယဉ်ကျေးမှုကစခဲ့ တာချည့်ပါ။ ရမ်ဘိုလို အာနိုးလို ရုပ်ရှင်ကား တွေကိုပဲ ကြည့်ပါ။ ဒါကြောင့် ဒီမိုကရေစီဆိုတိုင်း နတ်ဆေးကြီး မဟုတ်သလို ဒီမိုကရေစီ နိုင်ငံ ဖြစ်တိုင်း သာယာ ရွှေပြည် နိုင်ငံကြီး မဟုတ်ဘူး ဆိုတာ သိထားဖို့ လိုပါတယ်။


လူသားများရဲ့ မျှော်လင့်ချက်

တကယ် ဒီမိုကရေစီ ဆိုတာ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ ပန်းတိုင်ကို သွားတဲ့ နည်းလမ်းတွေ ထဲက နည်းလမ်းတစ်ခုသာ ဖြစ်တယ်။ လူသားများ မျှော်လင့်ချက် ပန်းတိုင်က စစ်ပွဲကြီးတွေ မရှိ ပကတိ ငြိမ်းချမ်း သာယာတဲ့၊ အားကြီးသူက အားငယ်သူကို အနိုင်ကျင့်မှုတွေ ကင်းစင်ပြီး ဗြဟ္မစိုရ် တရားတွေ ထွန်းကားတဲ့၊ ချမ်းသာသူတွေက ဆင်းရဲသူတွေ အပေါ် ခေါင်းပုံဖြတ်ပြီး သွေးစုပ် ခြယ်လှယ်မှု ကင်းတဲ့၊ အဓမ္မ ၀ါဒ မှန်သမျှ ချုပ်ငြိမ်းချမ်းပြီး ဓမ္မတရား ထွန်းကားတဲ့၊ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို လူသားတိုင်း အညီအမျှ ခံစားခွင့်ရရှိ ပြီး၊ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိတဲ့၊ သဘာဝ တရားက လူသားတိုင်း အတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေး မှန်သမျှကို လူသားတိုင်း အယုတ်အလတ် အမြတ်မရွေး လွတ်လပ်စွာ ရရှိခံစားနိုင်တဲ့ လူသားတိုင်းရဲ့ အမွန်အမြတ် ထားကြတဲ့ လူ့တန်ဖိုးများကို လူသားတိုင်း စောင့်စည်း ရိုသေ ထိန်းသိမ်းတဲ့ လူ့ အဖွဲ့အစည်းမျိုးမှာ နေထိုင်နိုင်ရေး ဆိုတာပဲ ဖြစ်တယ်။

ပြုတ်အောင်လုပ်လို့ ဘောနပ်စ်ရ

အခု ဖြစ်နေတာ ကတော့ စတော့ ဈေးကွက်နဲ့ ဘဏ်လုပ်ငန်းကြီးတွေ ပြိုလဲသွားလို့ ကုမ္ပဏီတွေ စက်ရုံတွေ ပိတ်ကုန်ကြရပြီး၊ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ကြ၊ အိမ်တွေပေါ်က နှင်ချခံရလို့ လမ်းဘေးအိပ်ရ ဖြစ်နေကြတဲ့ အချိန်မှာ အစိုးရဆီက ငွေကြေး ထောက်ပံ့မှု ရဖို့ လွှတ်တော်မှာ လာရောက်တင်ပြ တောင်းဆိုတဲ့ ဘဏ် လုပ်ငန်းရှင်တွေ ကတော့ ကိုယ်ပိုင် ဂျက်လေယာဉ်ကြီးတွေ စီးပြီး လွှတ်တော်ကို ရောက်လာ ကြတယ်လေ။ ဒါတင် မကသေးပါဘူး။ အစိုးရဆီက ထောက်ပံ့ ကြေးလည်း ရရော၊ အဲဒီ ဘဏ်ကြီးတွေရဲ့ စီအီးအိုတွေက သူတို့အတွက် ဘောနပ်စ် ဆိုပြီး တစ်ယောက် တစ်ယောက်ကို ဒေါ်လာ သန်းပေါင်း ၁၅၀ စီ ၂၀၀ စီ ထုတ်ယူ လိုက်ကြ တယ်လေ။ ဘဏ်ကြီး ပြုတ်သွားအောင် လုပ်တဲ့အတွက် အပိုဆု ချီးမြှင့်တယ် ဆိုတာမျိုး ကြားဖူးကြရဲ့ လား။ အဲဒါ ဒီမိုကရေစီ နိုင်ငံဆိုတဲ့ အမေရိကန် နိုင်ငံကြီးမှာ ဖြစ်ခဲ့တာပါ။


ဒေါ်လာ ၆ သိန်းတန်ခွေး

စက်တင်ဘာ ၁၄ ရက်ထုတ် မြန်မာ့အလင်း(အင်္ဂလိပ်) သတင်းစာ ထဲမှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ခု ပြောပါရစေဦး၊ တရုတ်ပြည် ရှန်စီး ပြည်နယ် စီအန်းလေဆိပ်ကို သန်းကြွယ် သူဌေးမ ‘၀မ်’ ဆိုတဲ့ အမျိုးသမီးတစ်ဦး တိဘက်မတ်စတစ်မျိုး ခွေးတစ်ကောင် ၀ယ်ပြီး ရောက်လာတာကို ပြိုင်ကားနှစ်စီး ရှေ့ဆောင်တဲ့ မာစီးဒီး ကားနက်ကြီး ၃၀ နဲ့ လာကြိုဆိုကြ ပါတယ်တဲ့။ အဲဒီ သူဌေးမက တိဘက်လူမျိုးတွေ နေထိုင်ကြတဲ့ တရုတ်ပြည် မြောက်ပိုင်း ‘ကျင်ဟိုင်း’ ပြည်နယ် ကိုသွားပြီး ရှားပါးမျိုး ဖြစ်တဲ့ အဲဒီခွေးနက်ကို ခက်ခက်ခဲခဲ ရှာဖွေပြီး ယွမ်ငွေ လေးသန်း(ဒေါ်လာ ၆၀၀,၀၀၀)နဲ့ ၀ယ်ခဲ့တာပါ။ ‘ရွှေကို တန်ဖိုး သတ်မှတ်လို့ ရတယ်၊ ဒီ တိဘက်မတ်စတစ်ခွေးမှာ တန်ဖိုး အကန့်အသတ် မရှိဘူး’လို့ သူဌေးမက ဆိုပါတယ်။ သူလို ခွေးချစ်သူတွေက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး ရှားပါး တိဘက်ခွေးနက်ကို မာစီဒီး ကားကြီး ၃၀နဲ့ လာကြိုကြတာပါတဲ့။

ဒီမိုကရေစီအနှစ်သာရလား

အားလုံးသိကြတဲ့ အတိုင်းပဲ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ် နိုင်ငံကြီး ဆင်းရဲတွင်းက လွတ်အောင် မနည်းကြီး ရုန်းထွက်လာရတာ ဘာမျှ မကြာသေးပါဘူး။ ဒါတောင် လူဦးရေ အများစုကြီးဟာ လယ်ယာ လုပ်ငန်းကို မှီခိုနေရတဲ့ ဆင်းရဲသား လယ်သမား ဘ၀မှာ ရှိနေပါသေးတယ်။ ဒီလို အခြေအနေမှာ သူဌေးမ ‘၀မ်’ လို သူကတော့ ခွေးတစ်ကောင်ကို ဒေါ်လာ ၆ သိန်း အကုန်ခံ ၀ယ်ရုံမက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး မာစီဒီးကားနက်ကြီး ၃၀ နဲ့ ကြိုဆိုခိုင်းတယ်ဆိုတာမျိုးကို ဒီမိုကရေစီရဲ့ အနှစ်သာရလို့ ဘယ်လို ပြောနိုင်မှာပါလဲ။ ဒါ ဒီမိုကရေစီပဲလို့ ပြောရင်လည်း ဘယ်လိုမှ လက်မခံနိုင် ပါဘူး။

ဗြဟ္မပါလနိုင်ငံတော်

လူသားအားလုံးရဲ့ မျှော်လင့်ချက် ပန်းတိုင်က မတရားမှု ဒုစရိုက်တွေ၊ ရက်စက် ကြမ်းကြုတ်မှုတွေ၊ လူသတ် စစ်ပွဲတွေ လုံးဝကင်းစင်တဲ့ ‘ဗြဟ္မပါလ နိုင်ငံတော်ကြီး’ ဆီအရောက်လှမ်းဖို့ သာဖြစ်တယ်။ အဲဒီ နိုင်ငံတော်ကြီးဆီ သွားဖို့ စနစ် အမျိုးမျိုးနဲ့ နည်းလမ်း အသွယ်သွယ် ရှိတယ်။ ဒီမိုကရေစီ ဆိုတာက အဲဒီ နည်းလမ်းတွေ ထဲက တစ်ခုသာ ဖြစ်တယ်။ သူ့အပြင် တခြား နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ နိုင်ငံတိုင်း လူမျိုးတိုင်းက ကိုယ့်လမ်းနဲ့ကိုယ် သွားနေကြတာပဲ၊ ဘယ်သူမှ ရောက်ကြသေးတာ မဟုတ်တော့ ဘယ်လမ်းက မှန်တယ်၊ ကောင်းတယ် ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။


လမ်းတွေမှအများကြီး

ဒါကိုပဲ ဒီမိုကရေစီမှတစ်ပါး အခြား မရှိလို့ ကြွေးကြော်နေတာ ကတော့ ကောင်းဘွိုင် သမ္မတနှစ်ဦး ဖြစ်တဲ့ ရော်နယ်ရေဂန်နဲ့ ဂျော့ဘုရှ်တို့ရဲ့ လေသံနဲ့ တစ်ထပ်တည်း တူနေတယ်လို့ ထင်ပါတယ်။ အမေရိကန် လုပ်တာဆို အလွန်ကောင်း၊ သိပ်ကောင်း၊ အလွန့်အလွန် ကောင်းဆိုပြီး မျက်စိမှိတ်အောင်ရင်း ‘ကျေးဇူးဆပ်စာပေ’တွေ အရေးကောင်း နေသူတွေကို ပြောလိုက် ချင်ပါတယ်။ ဒီမိုကရေစီအပြင် အခြားနည်းလမ်း တွေအများကြီး ရှိနေပါတယ်။ ဒီမိုကရေစီ ဆိုတာက လူသားများရဲ့ ပန်းတိုင် ရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ နောက်ဆုံးပန်းတိုင်က ‘ဗြဟ္မပါလ နိုင်ငံတော် ကြီးဆီ အရောက်လှမ်းဖို့သာ ဖြစ်ပါ တယ်’။


လူထုစိန်ဝင်း

40 comments:

နှစ်ယောက်စလုံးမှားတယ်
စောက်တလွဲတွေ

ဘဘဦးစိန်ဝင်းက မြန်မာဆိုတော့ မြန်မာနိုင်ငံနဲ့လိုက်လျောညီထွေတာကိုပိုသိပါတယ်
အမေရိကန် အဖွားကြီး ဟီလာရီကလင်တန်သာ စောက်တလွဲလုပ်တာပါ

မင်းတို့ စိန်ဝင်း က ဘာစောက်ဆင့်ရှိလို့လဲ
ဟီလာရီက လက်တွေ့လုပ်နေတာကွ
စိန်ဝင်းလို ခဲတံကိုင်ပြီးနိုင်ငံရေးလုပ်နေတာမဟုတ်ဘူး
အလကား လူထုတိုက် ကအရူးတွေ

လူထုတိုက်က အရူးလို့ ပြောရအောင် မင်းက ဘယ်လောက်အဆင့်အတန်း ရှိလို့လဲ... ဟမ်.. ဘယ်လောက် အတွေးအခေါ်တွေ ကောင်းနေလို့လဲ... ဘယ်လောက် တော်နေတတ်နေလို့လဲ ?? အမေစုအမေစုနဲ့ ဗြိတိန်သားကို ပထွေးတော်ထားခဲ့ရုံမက အခုလဲ အမေရိကန်မကို မိထွေးထပ်ခေါ်ချင်နေကြပြန်ပြီ... ဟိုက အီးနံ့လေးပေးလိုက်တာနဲ့ ဒီကနေ အမြီးလေးတနှံ့နှံ့ဖြစ်နေပြီ..။ မင်းအသက်အရွယ်နဲ့ လူထုစိန်ဝင်းဆိုတာ မင်း အဘိုး၊ မင်း အဖေလောက်ရှိတယ်ကျောက်ရူးလေးရဲ့... စကားကို ကြည့်ပြောဦး။ ကိုယ့်ကိုယ်ကို "မြန်မာ"ဆိုရင် ရှက်တတ်ဖို့ကောင်းတယ်သားလေးရ... အမေရိကန်ကိုမှ အကောင်းမြင်အထင်ကြီးနေရင် ဒိုးလိုက်တော့ ကိုယ့်လူ... မင်းအတွက် မြန်မာ့မြေမှာ နေရာမရှိဘူး... ရှင်းလား။

မြန်မာစကားပြောပီးဟီလာရီကိုချစ်ပြနေပါလား ဘယ်လိုမြန်မာလဲကွဟေ အေပေးလေးရ

ဒီဆောင်းပါးက သိပ်မှန်လွန်းနေပါတယ်။ ဘယ်စနစ်နဲ့ပဲ အုပ်ချုပ် အုပ်ချုပ် လူသားကောင်းကျိုး ဖြစ်ထွန်းဖို့က အဓိကပါ။ စနစ်တိုင်းမှာ အားသာချက်ရှိသလို အားနည်းချက်လည်းရှိပါတယ်။ ဒါပေမယ့် အုပ်ချုပ်သူတွေရဲ့ အတွေ့အကြုံအရ ဒီမိုကရေစီစနစ်က အားနည်းချက် အပေါ့လျှော့ဆုံးလို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း အားနည်းချက် ရှိနေသေးတာပါပဲ။ အများရဲ့ ဆန္ဒ၊ အများရဲ့ သဘောလို့ဆိုရာမှ တခါတရံ အမှန်တရားကို သစ္စာဖောက်မိတဲ့ ပြင်လို့မရတဲ့ မဟာအမှားတွေ ဖြစ်နိုင်ပါတယ်။ အတန်းထဲက ကျောင်းသာ ၁၀ ယောက်ထဲက ၉ယောက်က ၁+၁= ၃ ဆိုပြီးတွက်လိုက်လို့ ၁+၁=၃ က မမှန်သွားပါဘူး။ ၁၀ ယောက်ထဲမှ ၁ယောက်ကပဲ ၁+၁=၂ တွက်နေပါစေ ဒီတစ်ယောက်ပဲ မှန်နေမှာပါ။ ဒါကြောင့် ဒီမိုကရေစီစနစ်က လာတဲ့ အရာအားလုံကို စုံလုံးကန်း လက်ခံ တာမျိုး မဖြစ်သင့်ကြောင့် သတိချပ်သင့်ပါတယ်။ နိုင်ငံရေး စနစ်တွေ ထဲမှာ လက်တွေ့အကျဆုံးနဲ့ အပြစ်အနည်းဆုံးဖြစ် နေလို့သာ လူတွေ တွင်တွင်ကျယ်ကျယ် ကျင့်သုံးလက်ခံနေကြတာပါ။ ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ပါ။

Ask Jim to cut and then make a hole ! Go and stay at USA !

တရုတ်ကဒီမိုမဟုတ်ဘူးနော်...ကွန်မြူနစ်ပါစာရေးတဲ့သူလွဲနေတယ်။ဒ့ါပေမယ်လူထုစိန်ဝင်းရေးတာကောင်းပါတယ်။နှိုင်ယှဉ်ပြတာဖြစ်သင့်တယ်။

တရုတ်ကကွန်မြူနစ်နော်...ဒီမိုမဟုတ်ဘူးစာရေးတဲ့ဘဘလွဲနေတယ်။လူထုစိန်ဝင်းရေးတာကောင်းတယ်။အခြေအနေကိုနှိုင်းယှဉ်ပြတာဖြစ်သင်တယ်။မြန်မာပြည်မှာဒီမိုဆိုပြီးအော်တဲ့သူတွေကဘာမှန်းမသိပါဘူး။သိအောင်လဲမလေ့လာကြပါဘူး။အော်သာအော်နေကြတာပါ။

တရုတ်ကကွန်မြူနစ်နော်...ဒီမိုမဟုတ်ဘူးစာရေးတဲ့ဘဘလွဲနေတယ်။လူထုစိန်ဝင်းရေးတာကောင်းတယ်။အခြေအနေကိုနှိုင်းယှဉ်ပြတာဖြစ်သင်တယ်။မြန်မာပြည်မှာဒီမိုဆိုပြီးအော်တဲ့သူတွေကဘာမှန်းမသိပါဘူး။သိအောင်လဲမလေ့လာကြပါဘူး။အော်သာအော်နေကြတာပါ။

ကျွန်တော်မြင်တာတော့ လူထု စိန်ဝင်းက ပိန်တယ် ဘွားတော် က တော်တော် ကို ဝတယ် ဒါပဲမြင် တယ် ..ကျန်တာ တွေကနားမလည်ဘူး တကယ်ပြောတာ..

မှန်မှန်ကန်ကန် တွေးတတ်သူတွေ နဲ့ တကယ့်ကို ငြိမ်းချမ်းရေးလိုလားသူတွေ အတွက်တော့ ဦးစိန်ဝင်းပြောတာ အမှန်ဆုံးပါပဲ။ ကိုယ်ပိုင်ဖလော် နဲ့ သွားတဲ့သူတွေပေါ့လေ။ ကိုယ်ပိုင်ဖလော် နဲ့မတွေးတတ်မခေါ်တတ် ပထွေး(အနောက်ဒီမို)ထိရင်ဓါးကြည့် ဆိုတဲ့ အမြီးတနန့်နန့် အမောင်များအတွက်တော့ ဒေါသထွက်မပေါ့ဗျာ။

အမေ့ထမီစ ခေါင်းမှာပတ်မယ့် အယ်ဒီတာချုပ် ဝေဖြိုး၊ စီအီးအို သန်းထွဋ်အောင် နှင့် ဂျိုကြွလာသော အလဲဗင်းမီဒီယာ ဂရု မှသိစေရန်!!
http://doctorsatephwar.blogspot.com/2011/09/eleven-media.html

ဦးစိန်ဝင်းမှန်ပါတယ်
ဒီမိုကရေစီက နောက်ဆုံးပန်းတိုင်ဆိုတဲ့ ဟီလာရီဆိုဘာ အလကားပါ
သူ့စကားကို ဦးနောက်မရှိတဲ့ ဒေါ်စုနဲ့ နောက်လိုက်တွေပဲ လက်ခံတာပါ

ဟီလာရီကလင်တန်ကို ဒီမိုကရေစီလိုလားသူမြန်မာအားလုံးက ဘယ်လိုကြိုခဲ့လည်း မင်းတို့မတွေ့ဘူးလား
စိန်ဝင်းတို့ ဒေါ်အမာတို့က စာရေးပြီးနိုင်ငံရေးလုပ်နေတာ
စောက်ဆင့်မရှိတဲ့ လူထုတိုက်ကလူတွေနဲ့ ဟီလာရီကလင်တန်နဲ့ လာမနိုင်းစမ်းပါနဲ့

ဦးစိန်ဝင်း ကို နဂိုထဲက မကြိုက်ဘူး ..သူပြောသွားတာတွေက တချို့ ဟာတွေက ဘာမှလဲ မဆိုင်ဘူး ...

They give him exam from time to time to pass it. Well, he did it again!

If that article is written in before 1988, I would definitely accept his argument for going ‘ဗြဟ္မပါလ နိုင်ငံတော်ကြီး’, is an ideal community (Utopia).It was the work of 16th century English writer Thomas More and later adapted by Communist. I would take Jean-Jacques Rousseau's "social contract" principles of Political Right as "Government is instituted by people, deriving their just powers from the consent of the governed," and "whenever any form of Government becomes destructive of these ends, it is the Right of the People to alter or to abolish it", meaning accountability, transparency and the rule of law. (Per wikipedia.org)

As soon as current Gov has done with their homeworks, targeted sanctions will be lifted by U.S congress, and then foreign investments will be flourished in Burma. It’s not U.S loves with Burma, because there will be cheap labor in Burma than China or any other countries around the world. Perhaps, Burma has yet to become geo-strategic significance for the United States.

It would probably take another six decades if you still want to live in his ‘ဗြဟ္မပါလ နိုင်ငံတော်ကြီး’. I would prefer to live in a government that understands its citizens need, and puts them first, not last, is a government that deserves to govern.

မင်းဘယ်လိုကောင်လဲ ဆိုတာ မှန်းလို့ရပြီ လူထုစိန်ဝင်းတို့ လူထုဒေါ်အမာတို့ဆိုတာ ပြည်သူချစ်တဲ့ စာရေးဆရာတွေ ခေတ်အဆက်ဆက် ပြည်သူဘက်
မှာပဲရှိခဲ့တာ မင်းက ဟီလာရီကလင်တန်ပြောတာနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောတာ ဆိုတာနဲ့ ပစ်ထောက်ခံချင်တယ်ဆိုတာ သိသာလွန်းနေတယ် စာပေ
ဆိုတာဘာ စာရေးဆရာဆိုတာဘာ လို့ မင်းကိုရှင်းပြ နေရတာ လက်ညောင်းတယ် လူကြားသူကြားထဲ ပြောချင်ရင် လေ့လာမှတ်သားပြီးမှ ၀င်ပြော ခွေးလေးဂျပိုးလို စွပ် အော်မနေနဲ့..

တစ်ဦးကိုတစ်ဦး အပြုသဘောဆွေးနွေးကြပါ။အပြစ်တွေတင်ပြီးဆဲဆိုမနေကြပါနဲ့။ညီညီညွတ်ညွတ်ရှိကြပါ။
ေ့ပြာသာပြောရတာပါ အရင်တုန်းကလည်းမညီညွတ်
ယခုလည်းမညီညွတ်
နောင်လည်း..

လူထုစိန်ဝင်းဆိုတာ ပညာတတ် ဗမာလူရိုးပုံစံ ဂိုက်ဖမ်းတဲ့သူပါ။ပညာတတ် တပည့်တွေကို သူမွေးထုတ်နိုင်တဲ့အကြောင်း လည်း ကြွားလိုက်ပါသေးတယ်။သူ့တပည့် တွေ နိုင်ငံခြားမှာ ရှိတဲ့အကြောင်းက လည်း ကြုံတိုင်း ကြွားပါတယ်။ တကယ်တော့ အတွေးအခေါ် မဖြစ်စလောက်နဲ့ အမြင်အလွန်ကျဉ်းတဲ့လူပါ။ အလုံးစုံ အေးချမ်းတဲ့ တိုင်း ပြည်ဆိုတာ ဘယ်လောက်စိတ်ကူးယဉ်ဆန်လဲ တွေးကြည့်စမ်းပါ။ဒီနေ့ ဒီမိုကရေစီထက် ကောင်းတဲ့ စနစ် ဘယ်မှာကျင့်သုံးနေလဲ ပြောကြည့်စမ်းပါ။ဘယ်လောက်အောင်မြင်နေလဲ

ဟီလာရီက အမေစုနဲ့လက်တွဲတယ်
ဟီလာရီမှန်တယ်
စိန်ဝင်းအလိုမရှိ
ဒေါ်အမာအလိုမရှိ
ှီုဦးလှအလိုမရှိ

ဘာမဟုတ်တဲ့ စကားလေးတစ်ခွန်းနဲ့ ပတ်သက်ပြီး ဘာမှအရည်မရအဖတ်မရတာတွေကို ဘာမှမဟုတ်တဲ့လူတွေက ဘာအကြောင်းပြချက်မှမရှိဘဲ ငြင်းခုန်ရန်ဖြစ်နေကြတာ ရပ်ကွက်ထဲက ကလေးအထာတွေအတိုင်း ဘာဘာညာညာတွေကို ဘုန်းဘောလအော လေကုန်လက်ညောင်း လာလုပ်နေကြတယ်။ ဗမာတွေ စည်းဖောက်လို့ ထီးနန်းပျောက်ခဲ့တာတောင် မကြာသေးဘူး။ အပြင်ကလေစိမ်းတွေတိုက်တာကို စည်းဖောက်ချင်တဲ့ကောင်တွေကလဲ စည်းအပြင်ကို ခြေတစ်ဖက်ထုတ်ထားဖို့အဆင်သင့်ပြင်နေကြတယ်. ဒါကြောင့် ရှေးလူကြီးတွေကပြောပါတယ်. မပြီးခင် ဗမာမမြင်စေနဲ့တဲ့။ မျက်တောင်မွှေး တဆုံးလောက်ပဲ ကြည့်တဲ့လူတွေမို့လို့ အဲဒီစကားချန်ခဲ့တာဖြစ်မယ်။

အမေစုကိုပဲထောက်ခံတယ်
အမေစုဘာလုပ်လုပ်ထောက်ခံတယ်
မာမီတန်က အမေစုနဲ့ရင်းရင်းနီးနီးနေတယ်
ပြီးတော့ အမေရိကန်ကကွ
စောက်ဆင့်မရှိတဲ့ မန်းတလေးက သတင်းစာဆရာ စိန်ဝင်းနဲ့ ယှဉ်စရာလား

ဘယ်သူမှန်လဲဆိုတာရှင်းပါတယ်။
အမေရိကန်ကအချမ်းသာဆုံးနိုင်ငံ၊ မြန်မာပြည်ကအဆင်းရဲဆုံးနိုင်ငံ.
ဟေလရီကကမ္ဘာကျော်နိုင်ငံေ၇းသမား၊ လူထုစိန်ဝင်းက ဗမာမကျော် တကျော် စာရေးသူ။

ကိုယ်လိုရာဆွဲပြောကြတာများပါတယ်လို့မြင်မိပါတယ်
ဒီမိုကရေစီလို့ပဲပြောပြော ဘာပဲပြောပြော
ဒါတွေဟာ တကယ်တော့ နာမည်တပ်ထားတာတွေပါ
အဓိကက ပြည်သူတွေအားလုံး တိုးတက် ကောင်းမွန်တဲ့ ပြည့်စုံတဲ့ ဘ၀တွေဆီကို
သွားနိုင်ဖို့ စေတနာကလေး ရှေ့ထားပြီး ကိုယ်ကျိုးစွန့်လုပ်ဆောင်ကြရမှာပါ
အဲလိုမျိုး ပုဂ္ဂိုလ်ကတော့ အင်မတန်ရှားပါတယ်
ဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေမယ်ဆိုရင် သူစကားပြောတဲ့ ပုံစံအတိုင်း တော်တော်များများ ပြစ်ပြစ်နှစ်နှစ် ပြောခံရမှာသေချာပါတယ်

bull shit Sein Win ... Go fuck yourself ..in hell

အမေရိကန်ကိုအမေတော်ချင်တဲ့ခွေးကောင်တွေအကုန်လုံးမြန်မာပြည်မှာမနေနဲ့ကွာ။ဟီလာရီကိုမှန်တယ်ထင်ရင်အမေရိကန်မှာပဲနေလိုက်တော့။မြန်မာလယ်သမားတွေစိုက်တဲ့ဆန်ကိုလည်းမစားနဲ့။မြန်မာမကျော်တကျော်စာရေးဆရာတွေပေးတဲ့အသိပညာတွေကိုလည်းမလိုချင်နဲ့တော့။မင်းတို့လိုခွေးကောင်တွေကကမ္ဘာကျော်မှအထင်ကြီးတာကိုးကွ။မြန်မာပြည်ကမင်းတို့နဲ့မတန်ဘူးကွ။မင်းတို့ဟီလာရီကမြန်မာပြည်အတွက်ဘာလုပ်ပေးခဲ့ဖူးလဲ။မြန်မာပြည်ကစာရေးဆရာတွေကျေးဇူးကိုမင်းမမေ့နဲ့ကွ။ဘာဦးဏှောက်မှမရှိ၊ဘာမှမတွေး၊နိုင်ငံနဲ့လူမျိုးအတွက်ဘာတစ်ခုမှအကျိုးမပြုခဲ့ဘဲနဲ့ အနောက်ကပြောသမျှခေါင်းညိတ်ကြကွာ။တကယ်ကောင်းတယ်။အနောက်ကကောင်တွေမြန်မာပြည်ကိုလာသိမ်းမှမင်းနှမဘ၀ပျက်သွားမယ်။နားလည်လား။

အမေရိကန်ဆိုတိုင်းအထင်ကြီးရင်မှားမယ်နော်....
အမှားကို မျက်စိမှိတ်ရုံတာ.. သခင်မိုက်တိုင်းလိုက်မိုက်တာတွေလျှောသင့်နေပြီ.......

Hey guys ..How much do you guys make from writing of this stupid comments? Would you please stop doing that? I will give you guys $100 a month. You can contact me 1-416-808-2222 at any time for any further information.

ိအမေရိကန်ကိုအထင်ကြိးတဲ့မအေလိုးများ။မင်းတို့ကောင်တွေကမျိုးချစ်မဟုတ်ဘူး။အမျိုးကိုဖျက်မဲ့ခွေးမျိုးတွေ။ခွေးမသားတွေ

လူထုတိုက်ကလူတွေက မင်းအမေကိုဖြဲမလိုးလို့လာ့းဒေါ်အမာရော ဉီးလှရော ထည့်ထည့်ပြောပြီး စောက်နဲ့နှိုင်းရအောင် ခွေးလိုးမသား မင်းကရော ဘယ်လောက်အဆင့်ရှိလို့လဲ့

လေးစားမိသောဆရာကြီးဦးစိန်ဝင်း...
ကျမကလေးဘ၀ကတည်းကဆရာကကျမရဲ့ဘာသာပြန်ဆရာတယောက်ပါ။
ကျမသင်ဆရာဆိုလည်းမမှားပါဘူး။
ဆရာကဂျိုင်းထောက်တခုနဲ့အခန်းတခုမှာစာတွေထိုင်ဖတ်တဲ့အတွေ့အကြုံနဲ့
ကမ္ဘာကြီးကိုအပေါ်စီးကနေမြင်သာအောင်ကြည့်ဖို့ကဆရာနဲ့ဝေးကွာနေတာကြောင့်...အမေစုလိုစာပေကော..ပညာ..အသိပညာ..ကမ္ဘာ
ကြီးကိုခြုံလွှမ်းကြည့်လာသူကိုတော့ဒီလိုလေသံမျိုးနဲ့မဝေဖန်သင့်ပါဘူး။
ဘာလို့လဲဆိုတော့အမေစုကဒီမိုကရေစီရဲ့အကောင်းအဆိုးကိုကောင်းကောင်းနားလည်သဘောပေါက်သူပါ။ဘယ်စနစ်မှာဖြစ်ဖြစ်..လူတဦးတယောက်ကဖေါက်ဖျက်မှုဆိုတာတော့ရှိမှာပါပဲ။ကောင်းတာကိုအတုယူမယ်
ဆိုးတာကိုပယ်ရှားမယ်လို့ယုံကြည်ထားပါတယ်။နိုင်ငံတကာကတောင်
အေးချမ်းစွာတည်ငြိမ်မှုနဲ့လျှောက်နေတဲ့အမေစုရဲ့နှလုံးသားနဲ့လုပ်ဆောင်ချက်တွေကိုသမိုင်းတင်နေတာကသာဓကတခုပါ။
သူများမြှောက်တိုင်းလည်းမမြှောက်...သူ့အလုပ်ကိုသူလုပ်ဆောင်နေ
တာတိုင်းပြည်အတွက်သံသယမရှိလောက်စရာပါ။
ကျမတို့တိုင်းပြည်မှာအမျိုးသမီးတယောက်အနေနဲ့ပြည်သူအတွက်စွန့်စား
ပေးနေတာကိုကကျမတို့တတွေမလုပ်နိုင်တဲ့အလုပ်ကိုအမေစုကလုပ်ပြနိုင်ခဲ့တာကျမတို့အားလုံးကဂုဏ်ယူသင့်ပါတယ်။
အရည်အချင်းတွေ..စိတ်နေစိတ်ထားတွေစံတင်ထိုက်ပါသည်။
အပြစ်အနာဆာမရှိသေးပါဘူး..

ဦးစိန်ဝင်း ပြောတာတွေ အားလုံး အမှန်တွေချည်းပါ။ ဒီဆောင်းပါးဟာ ဘယ်သူ့ကိုမှ ငေါ့တာ ချော့တာ ပါတယ် မထင်ပါဘူး။ ကိုယ်တိုင်က အနောက်တိုင်း ရောက်နေတာ ၁၀နှစ်ကျော်ပါပြီ။ ဒီမိုကရေစီရဲ့ အနှစ်သာရဟာ လူတွေအားလုံးရဲ့ အသိညဏ်နဲ့ ဆိုင်ပါတယ်။ လူတိုင်းကောင်းမှ ဒီမိုကရေစီရဲ့ အရသာကို ခံစားရမှာပါ။

ကလင်တန်က မော်နီကာလူဝင်စကီးအပါအ၀င် မိန်းမပေါင်းစုံနဲ့ ရှုတ်ခဲ့သလို ဟီလာရီနဲ့ တိတ်တိတ်ပုန်း ဇာတ်လမ်း လင်ငယ်လေး ဇာတ်သိမ်းခန်းကိုလည်း လေ့လာကြပါဦး

ဘယ်နိုင်ငံ ဘယ်စနှစ် နဲ့သွားသွား အုပ်ချုပ်တဲ့ ခေါင်း
ဆောင်ရဲ့ အရည် အချင်း ရယ် အုပ်ချုပ်သူလူတန်းစား နှင့် သူတို့ရဲ့ ပတ်သက်ရာ လူတစ်စုအတွက် မကြည့် ပဲ ပြည်သူ လူထု အားကိုးချင် တဲ့ ယုံကြည်မဲ့
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်
လုပ်နိုင်မယ်ဆိုရင်
် ဘယ်ပြည်သူ မကြည်ဖြူ မရှိဟု ဆိုခြင်ပါသည်။
ဘယ်သူ မကောင်းဘူး ဟု ပြောခြင်းထက်
ဘယ်ခေါင်းဆောင်ဟာ ပြည်သူ့အတွက်
နိုင်ငံ့ အတွက် ဘယ်လောက် ကောင်းအောင်တိုးတက်
အောင်လုပ်နိင်သလည်း ဆိုတာ ကမ္ဘာနဲ့ နှိုင်းယှဉ် ကြည့်ကြမယ် ။ နောက် လူ ဆိုတာတစ်ယောက်ထဲနေ လို့မရသလို နိုင်ငံတစ်နိုင်ငံ ဟာလည်း သီးခြားနေလို့ မရနိုင်လို့ ယူဆမှိပါတယ်။ဒီတော့ ကမ္ဘာနဲ့ လိုက်လျှော
ညီထွေဖြစ် အောင် လုပ်ဆောင်ဖို့ လိုသလို ပြည်သူ တွေ
စားဝတ်နေရေး ချောင်လည်အောင် ကြည်ဖြူအောင်
လုပ်ဆောင်နိုင်ဖို့ လည်းလိုပါသည်။
အစက ပြန်ကောက်ရရင် ဘယ်နိုင်ငံ ဘယ်စနှစ်နဲ့သွား
နေ သွားနေ မကောင်းတဲ့လူ ဆိုးတဲ့လူတွေ ရှိ သလို
ဆင်းရဲတဲ့ လူ ချမ်းသာတဲ့လူတွေ လည်း ရှိနေမှာပါ။
ဆင်းရဲတဲ့သူ နည်းသထက်နည်းအောင် ဆိုးတဲ့သူ နည်း
ထက်နည်းအောင် အဂတိလုက်စားမှု နည်းသထက်နည်း
အောင် တိုင်းပြည် ဟာ ကမ္ဘာ့ အဆင့်မှိအောင်
လူနေမှုအဆင့် မြင့်မားအောင်
နိုင်ငံတော်မှာ အုပ်ချုပ်တဲ့ခေါင်းဆောင်မှာ အဓိ
က တာဝန်ရှိပါတယ်။ ဒုတိယ ကတော့ ပြည်သူတွေရဲ့ တာဝန်လို့ ထင်ပါတယ်။ အားလုံးတက်ညီ လက်ညီနဲ့
အတူလက်တွဲပြီး သဘောထားပြည့်ဝစွာ ဖြင့် ကိုယ့်နေရာ အနေအထားကိုလည်းသိ ရမည်၊ ကိုယ့်
တာဝန်ကိုလည်းကိုယ်သိရမည်ဟု မိမိရဲ့ ထင်မြင်ချက်
ကိုတင်ပြအပ်ပါသည်ခင်ဗျား။

ဘယ်နိုင်ငံ ဘယ်စနှစ် နဲ့သွားသွား အုပ်ချုပ်တဲ့ ခေါင်း
ဆောင်ရဲ့ အရည် အချင်း ရယ် အုပ်ချုပ်သူလူတန်းစား နှင့် သူတို့ရဲ့ ပတ်သက်ရာ လူတစ်စုအတွက် မကြည့် ပဲ ပြည်သူ လူထု အားကိုးချင် တဲ့ ယုံကြည်မဲ့
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်
လုပ်နိုင်မယ်ဆိုရင်
် ဘယ်ပြည်သူ မကြည်ဖြူ မရှိဟု ဆိုခြင်ပါသည်။
ဘယ်သူ မကောင်းဘူး ဟု ပြောခြင်းထက်
ဘယ်ခေါင်းဆောင်ဟာ ပြည်သူ့အတွက်
နိုင်ငံ့ အတွက် ဘယ်လောက် ကောင်းအောင်တိုးတက်
အောင်လုပ်နိင်သလည်း ဆိုတာ ကမ္ဘာနဲ့ နှိုင်းယှဉ် ကြည့်ကြမယ် ။ နောက် လူ ဆိုတာတစ်ယောက်ထဲနေ လို့မရသလို နိုင်ငံတစ်နိုင်ငံ ဟာလည်း သီးခြားနေလို့ မရနိုင်လို့ ယူဆမှိပါတယ်။ဒီတော့ ကမ္ဘာနဲ့ လိုက်လျှော
ညီထွေဖြစ် အောင် လုပ်ဆောင်ဖို့ လိုသလို ပြည်သူ တွေ
စားဝတ်နေရေး ချောင်လည်အောင် ကြည်ဖြူအောင်
လုပ်ဆောင်နိုင်ဖို့ လည်းလိုပါသည်။
အစက ပြန်ကောက်ရရင် ဘယ်နိုင်ငံ ဘယ်စနှစ်နဲ့သွား
နေ သွားနေ မကောင်းတဲ့လူ ဆိုးတဲ့လူတွေ ရှိ သလို
ဆင်းရဲတဲ့ လူ ချမ်းသာတဲ့လူတွေ လည်း ရှိနေမှာပါ။
ဆင်းရဲတဲ့သူ နည်းသထက်နည်းအောင် ဆိုးတဲ့သူ နည်း
ထက်နည်းအောင် အဂတိလုက်စားမှု နည်းသထက်နည်း
အောင် တိုင်းပြည် ဟာ ကမ္ဘာ့ အဆင့်မှိအောင်
လူနေမှုအဆင့် မြင့်မားအောင်
နိုင်ငံတော်မှာ အုပ်ချုပ်တဲ့ခေါင်းဆောင်မှာ အဓိ
က တာဝန်ရှိပါတယ်။ ဒုတိယ ကတော့ ပြည်သူတွေရဲ့ တာဝန်လို့ ထင်ပါတယ်။ အားလုံးတက်ညီ လက်ညီနဲ့
အတူလက်တွဲပြီး သဘောထားပြည့်ဝစွာ ဖြင့် ကိုယ့်နေရာ အနေအထားကိုလည်းသိ ရမည်၊ ကိုယ့်
တာဝန်ကိုလည်းကိုယ်သိရမည်ဟု မိမိရဲ့ ထင်မြင်ချက်
ကိုတင်ပြအပ်ပါသည်ခင်ဗျား။

ဘယ်နိုင်ငံ ဘယ်စနှစ် နဲ့သွားသွား အုပ်ချုပ်တဲ့ ခေါင်း
ဆောင်ရဲ့ အရည် အချင်း ရယ် အုပ်ချုပ်သူလူတန်းစား နှင့် သူတို့ရဲ့ ပတ်သက်ရာ လူတစ်စုအတွက် မကြည့် ပဲ ပြည်သူ လူထု အားကိုးချင် တဲ့ ယုံကြည်မဲ့
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင်
လုပ်နိုင်မယ်ဆိုရင်
် ဘယ်ပြည်သူ မကြည်ဖြူ မရှိဟု ဆိုခြင်ပါသည်။
ဘယ်သူ မကောင်းဘူး ဟု ပြောခြင်းထက်
ဘယ်ခေါင်းဆောင်ဟာ ပြည်သူ့အတွက်
နိုင်ငံ့ အတွက် ဘယ်လောက် ကောင်းအောင်တိုးတက်
အောင်လုပ်နိင်သလည်း ဆိုတာ ကမ္ဘာနဲ့ နှိုင်းယှဉ် ကြည့်ကြမယ် ။ နောက် လူ ဆိုတာတစ်ယောက်ထဲနေ လို့မရသလို နိုင်ငံတစ်နိုင်ငံ ဟာလည်း သီးခြားနေလို့ မရနိုင်လို့ ယူဆမှိပါတယ်။ဒီတော့ ကမ္ဘာနဲ့ လိုက်လျှော
ညီထွေဖြစ် အောင် လုပ်ဆောင်ဖို့ လိုသလို ပြည်သူ တွေ
စားဝတ်နေရေး ချောင်လည်အောင် ကြည်ဖြူအောင်
လုပ်ဆောင်နိုင်ဖို့ လည်းလိုပါသည်။
အစက ပြန်ကောက်ရရင် ဘယ်နိုင်ငံ ဘယ်စနှစ်နဲ့သွား
နေ သွားနေ မကောင်းတဲ့လူ ဆိုးတဲ့လူတွေ ရှိ သလို
ဆင်းရဲတဲ့ လူ ချမ်းသာတဲ့လူတွေ လည်း ရှိနေမှာပါ။
ဆင်းရဲတဲ့သူ နည်းသထက်နည်းအောင် ဆိုးတဲ့သူ နည်း
ထက်နည်းအောင် အဂတိလုက်စားမှု နည်းသထက်နည်း
အောင် တိုင်းပြည် ဟာ ကမ္ဘာ့ အဆင့်မှိအောင်
လူနေမှုအဆင့် မြင့်မားအောင်
နိုင်ငံတော်မှာ အုပ်ချုပ်တဲ့ခေါင်းဆောင်မှာ အဓိ
က တာဝန်ရှိပါတယ်။ ဒုတိယ ကတော့ ပြည်သူတွေရဲ့ တာဝန်လို့ ထင်ပါတယ်။ အားလုံးတက်ညီ လက်ညီနဲ့
အတူလက်တွဲပြီး သဘောထားပြည့်ဝစွာ ဖြင့် ကိုယ့်နေရာ အနေအထားကိုလည်းသိ ရမည်၊ ကိုယ့်
တာဝန်ကိုလည်းကိုယ်သိရမည်ဟု မိမိရဲ့ ထင်မြင်ချက်
ကိုတင်ပြအပ်ပါသည်ခင်ဗျား။

I fuck all the persons who BLINDLY following Daw Su without thinking. (no include the persons follow with thinking).

ငါ လူ... မင်း တော့ မှား တော့ မယ်။ ဟီ လာ ရီ က လင် တန် ပြော သ မျှ အ မှန် ထင် နေတော့တာပဲ။hero worship မ လုပ် စမ်း ပါ နဲ့။

လူထုစိန်ဝင်း private school ဖွင့်ပါလား...အ ဖြေ ပေါ် လိမ့်မယ်...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်