Subscribe to our RSS Feed

အသုံးမကျ (၁၃) လ

ဒီနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် လွတ်လွတ်လပ်လပ်နဲ့ နိုင်ငံရေးလုပ်ခဲ့တာ ၁၃ လ တောင် ကြာခဲ့ပါပြီ။ စလုပ်တုန်းက လမ်းကြောင်းက တခြား၊ အခုရောက်နေတဲ့ လမ်းကြောင်းက တခြားပါ။ ကြားထဲမှာ အလဲလဲ အကွဲကွဲ အလွဲလွဲ အချော်ချော်တွေနဲ့ပဲ ၁၃ လ ပြည့်ခဲ့ရပါတယ်။

စလုပ်တုန်းကတော့ ဆင်ဖမ်းမယ်၊ ကြားဖမ်းမယ်နဲ့ အော်လာခဲ့တာပါ။ အမျိုးသားရင်ကြားစေ့ရေး အရင်လုပ်ရမယ်၊ ဘာမှလုပ်ပိုင်ခွင့်မရှိပဲ လွှတ်တော်ထဲမဝင်ရဘူး၊ ၉၀ ရလဒ်ကို လက်မလွှတ်ရဘူး ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ပါ အခုတော့ ဒုတိယ ပင်လုံဆိုတာလည်း ဘယ်ချောင်ကပ်နေမှန်းမသိတော့ပါဘူး၊ ၉၀ ရွေးကောက်ပွဲကိုလည်း ဒေါ်စုကိုယ်တိုင်က လက်တွေ့မကျဘူးလို့ ပြောပြန်ပါတယ်။ နောက်ဆုံး ၂၀၀၈ အခြေခံဥပဒေအရ ပြုလုပ်မယ့် ဘယ်တော့မှန်းမသိတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်စုကိုယ်တိုင် ကော့မှူးမဲဆန္ဒနယ်က ဝင်ပြိုင်ပါမယ် ဖြစ်ခဲ့ရပါတယ်။



၂၀၁၀ နိုဝင်ဘာတုန်းက လက်သီးလက်မောင်းတန်းခဲ့တဲ့ ဒေါ်စုဟာ ၂၀၁၁ နိုဝင်ဘာရောက်တော့ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဒီသတင်းကြောင့် "ဆင်မိုက်ကြီးမှာ ဒူးတုတ်ရရှာ"၊"ဒီနေ့ဂွေးသီး မနက်ဖြန် ငှက်ပြောသီး NLD " လို့ ပြည်သူတွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။ ဒါတွေအားလုံးရဲ့ တရားခံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု အရည်အချင်း အလွန်အမင်း ညံ့ဖျင်းမှုပါပဲ။



ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နောက်မညီတဲ့ လုပ်ရက်တွေကြောင့် NCGUB နဲ့ NLD_LA အပါအဝင် အခြားအဖွဲ့တွေ ပျက်ရပါတော့မယ်။

ဒါ့အပြင် အသက် ၆၇ နှစ်ရောက်မှ ကိုယ့်ကိုယ်ကို ၁၆ နှစ်သမီးထင်ကာ ကင်မရာကို လက်နှချောင်းထိုးပြီး နှုတ်ခမ်းဆူပြခဲ့တဲ့ ဓာတ်ပုံက ၁၃ လ အတွင်းမှာ လူတွေ အရှုံ့ချဆုံး ဓာတ်ပုံ ဖြစ်ခဲ့ရပါတယ်။


ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီးကတည်းကပဲ NLD ကလည်း ဈေးရောင်းပွဲ၊ သီချင်းဆိုပွဲ၊ ရုပ်ရှင်ပွဲ တွေနဲ့ ပဲ အချိန်ကုန်နေပြန်ပါတယ်။ လူလေး နည်းနည်းလေးနဲ့တောင် အလုပ်မရှိလို့ ပွဲတွေ လုပ်နေရချိန်မှာ ဒေါ်စုက လူ ၁၀ သိန်း လက်ခံပါမယ်လို့ မျက်နှာပြောင်ပြီး ကြေညာပြန်တော့ ပိုပြီးတော့ လူတွေ စိတ်ပျက်စရာ ဖြစ်ရပြန်ပါတယ်။

ပထမဆုံးထွက်လာတဲ့ ကန်ပိန်းသီချင်းကိုလည်း လူထုက "ဖားလွန်းတယ်" လို့ ဝေဖန်ခဲ့ကြပြီး ရုပ်ရှင်ရိုက်ချင်တယ်ဆိုတော့လည်း ဒါရိုက်တာတွေက လက်မခံလို့ လူရွှင်တော်ကို ဒါရိုက်တာ တင်ထားရပြန်ပါတယ်။

ပါတီဝင် ၁၀ သိန်းနှင့် အမျိုးသမီး ဦးစားပေး စီမံကိန်းက အကောင်အထည်မဖော်ရသေးခင်မှာ ပါတီထဲက အဖိုးကြီးတွေက ဆောင်းတွင်းရောက်ကာ အေးလို့ သေကုန်ကြပြန်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ရဲ့ မျိုးဆက် မောင်နှမလေး နှစ်ယောက်ရှိတာ ချစ်ချစ်ခင်ခင်မနေကြပဲ အမွေလုနေပြန်တာကြောင့် လူထုက စိတ်ပျက်ရပြန်ပါတယ်။

အဆိုးဆုံးကတော့ ဗုဒ္ဓဘာသာဝင်တွေ အများဆုံးနေတဲ့ ရန်ကုန်မြို့မှာ ဗုဒ္ဓမြတ်စွယ်တော် အပူစော်ခံလို့ ပြည်သူအားလုံး သွားရောက် ဖူးမြော်ချိန်မှာ ဗုဒ္ဓဘာသာဝင် ဒေါ်စုက စွယ်တော်ကို မသွားပဲ ခရစ်ယန် ဘုရားကျောင်း နှစ်ပတ်လည်ပွဲကို သွားခဲ့တာပါပဲ။ အရင်တခါတုန်းကလည်း နေပြည်တော်က အလုပ်ရုံအစည်းအဝေးကို အပြီးထိမတက်ပဲ ခဏလေးနဲ့ ထပြန်လာခဲ့ပြီး ဘောလုံးပွဲကို အပြီးထိ ထိုင်ကြည့်နေလို့ ဝေဖန်မှုတွေ ရှိခဲ့ဖူးပါတယ်။
၁၃ လ ကို ဖင်လှည့် ခေါင်းလှည့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အချိန်ဖြုန်းလိုက်ပြန်ပါတယ်။ အခုချိန်မှာ အစိုးရက ဖမ်းထားရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို သိပ်တော်နေလို့၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ရည်ကိုင်ရည် အလွန်ရှိလို့၊ အလွန်ထူးချွန်ထက်မြတ်လို့ လွှတ်မပေးရဲပဲ ဖမ်းထားတာလို့ အော်ကြအုံးမှာပါ။ အခု ရော အဲဒီ လုပ်ရည်ကိုင်ရည်ရှိသော၊ ထူးချွန်ထက်မြတ်သော ဒေါ်အောင်ဆန်းစုကြည် အတွက် ၁၃ လ အတွင်း ရလဒ် ကောင်တာ တစ်ခုမှ မရှိပါဘူး။ ၁၃ လ အတွင်း ဘာတွေ အောင်မြင်မှုရလိုက်လဲလို့ မေးရင်တော့ ဘာမှ ဖြေစရာမရှိပါဘူး။

တစ်နှစ်မပြည့်သေးတဲ့ အစိုးရသစ်ကတော့ လွှတ်တော်အစည်းအဝေးတွေကို မကြာခဏ ကျင်းပနိုင်ခဲ့ပြီး သဘောတူဆုံးဖြတ်ချက်တွေအများကြီးလည်း ချက်မှတ်နိုင်ခဲ့ပါပြီ။ အမေရိကန် နဲ့ အီးယူအပါအဝင် ကုလနဲ့ တကမ္ဘာလုံးကလည်း မြန်မာအစိုးရကို ဆက်တိုက် ကြိုဆိုနေကြပါပြီ၊ နိုင်ငံခြားမှ ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီး အများအပြားလည်း မြန်မာ အစိုးရအဖွဲ့တွေကို လာရောက်တွေ့ဆုံမှုတွေလုပ်ခဲ့ကြပြီး မြန်မာအစိုးရ အဖွဲ့ဝင်တွေလည်း နိုင်ငံခြားခရီးစဉ်တွေ အမြောက်အများသွားနိုင်ခဲ့ကြပါတယ်။
၂၀၁၄ အတွက် အာဆီယံဥက္ကဌလုပ်ဖို့လည်း ရွေးချယ်ခံလိုက်ရပါပြီ။


ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်သူချင်း အတူတူပေမယ့် အချိန် ၁၃ လ ကို ခွဲဝေ အသုံးချပုံချင်းကတော့ လုံးဝ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်လိုက် အပေါင်းအပါများ အချိန်ကို တန်ဖိုးရှိစွာ အသုံးချနိုင်ပါစေ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုဟာ အသက် ၆၇ နှစ်ရှိပြီ ဖြစ်တာကြောင့် နောက်ထပ် ဘယ်လောက်မှ နေရတော့မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် အထူးဆင်ခြင်နိုင်ဖို့ သတိပေးလိုက်ပါတယ်....။

8 comments:

အင်း
ဟုတ်တော့လည်း ဟုတ်ပါတယ်
MEG ထောက်ပြတာတွေက မလွန်ပါဘူး

ဒီလောက်နဲ့မလုံလောက်သေးဖူး စောင့်ကြည့်အုံးပါ့မယ်

စောင့်ကြည့်လည်း စောက်အဖွားကြီးရဲ့ စောက်သုံးမကျတဲ့အကြောင်းတွေပဲ တွေ့ရမှာ

ဦးဝင်းတင်ဆိုတဲ့လူအကြောင်းလည်းရေးပါအုံး။ရွှေဂုံတိုင်ကြေငြာစာတမ်းပဲဆုတ်ကိုင်မယ်၊မြန်မာပြည်လည်းလစ်ဗျားလို ဖြစ်မယ်၊ စောက်တလွဲ ပေါက်ကရပြောတဲ့လူ၊ခုတော့လည်းစောက်သံမထွက်ပါလား။

ဘယ်သူတွေဘာပြောပြော ရထားသံလမ်းတောရှင်၊ ကားလမ်း တောရှင်
မသွားရတော့ဘူး ဘယ်သူ့ကြောင့်ဖြစ်ဖြစ် ကျုပ်က ရွာသားဆိုတော့
အဲ့ဒီလိုဖြစ်အောင်လုပ်တဲ့သူကို ကျေးဇူးတင်တယ်ဗျို့...

သူ ကို သိပ် အ မြင် မ ကတ် ပါ ဘူး သူ့  အ ဖွဲ ၀င် တွေ ကို ပို မုန်း တယ်၊

ဘာမှဖြစ်မလာနိုင်တဲ့သူကို ဘာတွေမျှော်လင့်ပြီး ရေးနေကြ တာလည်း။ အချိန်တန်ရင် သူ့လမ်းသူသွား မှာပါ။

Useless Web side, waste money for Country. You have to shameful to criticize to Our Leader who only one can be trusted for "Future of Our Country. Your people must obey from "Stupid Army Generals who are selfish and Muslim Bangalis who are illegal immigrant and illegal occupy in Our Country. Please "Get-Out" from Burma.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်