Subscribe to our RSS Feed
စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး မိုးပျံလမ်းပေါ်မှ ခုန်ချပြီး သေကြာင်းကြံပြန်
စင်္ကာပူရောက် မြန်မာအမျိုးသမီးတစ်ဦး လို့ယူဆရသူ တစ်ဦးဟာ ယဉ်များအလွန် ကြပ်လေ့ရှိတဲ့ လမ်းပေါ်သို့ မိုးပျံလမ်းပေါ်မှ ခုန်ချခဲ့တာကြောင့် အခုဆေးရုံတင်ထားရကြောင်း တရုတ်ဘာသာနဲ့ရေးသားထားတဲ့ သတင်းစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ မိုးပျံလမ်း Kallang-Paya Lebar နှင့် the Pan-Island အဝေးပြေးလမ်း Sims လမ်းမကြီးတို့ဆုံရာနေရာသို့ ခုန်ချခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ အိမ်ပေါ်လုပ်နေသူ တစ်ဦး ဖြစ်မည်လို့ ခန့်မှန်းရပါတယ်။ ယင်းမိန်းကလေးဟာ ခုန်မချခင် Katong Shopping Centre ရှိ အိမ်အကူအလုပ်သမား ရှာဖွေပေးရေးအေဂျင်စီမှ ထွက်ပြေးလာတာဖြစ်ပါတယ်။ မျက်မြင်များ၏ပြောပြချက်အရ သူမဟာ မိုးပျံလမ်းရဲ့အစွန်းကပန်းခင်းပေါ်မှာ မက်တက်ရပ်ပြီး လက်တွေကိုဆန့်တန်းကာ အောက်ကိုခုန်ချတာ လို့သိရပါတယ်။
တက်စီမောင်းသူတစ်ဦးမှ မိန်းကလေးကို လမ်းဘေးဖယ်ပြီး ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပါတယ်။ ၎င်းအမျိုးသမီးဟာပြုတ်ကျလာတဲ့ အချိန်မှာသစ်ကိုင်း တစ်ကိုင်းပေါ်ကို တစ်ဆင့်ပြုတ်ကျပြီး သစ်ကိုင်းလည်းကျိုးကျခဲ့ပါတယ်။ သစ်ကိုင်းပေါ်က တဆင့် ကျလာခဲ့တဲ့အတွက် အရှိန်အနဲငယ်ကိုလျော့ ပါးသွားစေခဲ့ပါတယ်။ သူဟာ လမ်းမဘေးက ကားတွေလမ်းမကြီးပေါ်ကနေ အရေးပေါ်ဘေး ထိုးထားဖို့ နေရာလေးပေါ်ကိုပြုတ်ကျလာပြီး ညာဖက်လက်နဲ့ ဘယ်ဖက်ခြေထောက်ကျိုးသွားခဲ့ပါတယ်။ Tan Tock Seng ဆေးရုံကိုသယ်ဆောင်သွားတဲ့အချိန်မှာ သူဟာ ဝေဒနာများခံစားနေရသော်လည်း သတိတော့ကောင်းစွာရနေခဲ့ပါတယ်။ သူ့ကိုအခု အရေးပေါ်ဆောင်မှာ ထားပြီးလုံးဝလှုပ်ရှားခွင့်မပေးထားပါဘူး။
အဲဒီလို မလုပ်ခင်မှာ သူဟာ သူ့ကိုယ်သူအဆုံးစီရင်ချင်တယ်ဆိုတဲ့အကြောင်းကို တစ်ခြားအိမ်အကူအမျိုးသမီးတွေကိုပြောပြခဲ့ တယ်လို့သိရပါတယ်။ ဘာကြောင့်အဲသည် လိုဆန္ဒရှိနေတယ် ဆိုတာကိုတော့ မပြောခဲ့ပါဘူး။
စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာတစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။
source: http://news.omy.sg/News/Local%2BNews/Story/OMYStory201112111535-296761.html
Myanmar Express
111 comments:
စင်္ကာပူကမြန်မာမတွေကတော့ ဒုက္ခပါပဲ
ကွန်းသေးသေးလေးပေါ်မှာနေပြီး တစ်ကျွန်းစိတ်တွေ ဝင်နေတယ်
အမြင်တွေကျဥ်းမြောင်းလှပါလား
ဒီဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် စင်္ကာပူက မြန်မာတွေ ဘာသာရေးနဲ့ ဘယ်လောက်များ အလှမ်းဝေးနေလဲဆိုတာ သိသာစေတယ်
စာပေဟောပြောပွဲတွေ၊ တရားပွဲတွေ လုပ်တာအများဆုံးကလည်း စင်္ကာပူပဲ
ကိုယ့်ကိုယ်ကို သတ်သေတာအများဆုံးကလည်း စင်္ကာပူပဲ
စာပေဟောပြောပွဲတော့ သွားမပြောနဲ့
သီချင်းဆိုပြီး ပြန်သွားတဲ့ ဆရာတွေနဲ့
အစိုးရကို စောင်းမြောင်းပြောပြီး ပြန်သွားတဲ့ ဆရာတွေ များတယ်
ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့၊ အမျိုးဂုဏ်စောင့်ထိန်းဖို့၊ ကိုယ့်အစွမ်းအစ ကိုယ့်ပညာနဲ့ တိုင်းပြည်ကို ပြန်ပြီး အလုပ်အကျွေးပြုဖို့၊ မြန်မာ့ယဉ်ကျေးမှု မမေ့ဖို့၊ လျှပ်ပေါ်လော်လီ မနေဖို့ နဲ့ ဘာသာရေးလိုက်စားဖို့ ဘယ် စာရေးဆရာမှ ပြောမသွားဘူး။
အင်းလေ ဟုတ်တယ်နော်
အင်းလေ ဟုတ်တယ်နော်
လွဲပါစေပယ်ပါစေဗျာ သေခြာပါတယ် ဒီတစ်ခါသာ သေသွားခဲ့ရင် နှာဗူးတွေ RIP ဆိုပြီးလုပ်မှာမဟုတ်ဘူး။
အကြောင်းရှိလို့ အကျိုးဆက်ဖြစ်လာတယ်ဆိုတာလက်ခံတယ်။ ဒါပေမယ့် တန်ဖိုးထားပါ။ တန်ဖိုးဆိုတာ ထားတတ်မှတန်ဖိုးရှိမှာကွာ။ တန်ဖိုးထားတတ်မှုတွေနည်းနေသေးသရ်ျ ဒီလိုအကြောင်းအရာတွေ၊ ဒီထက်ဆိုးဝါးတဲ့ အခြေအနေတွေထပ်ဖြစ်အုံးမှာပဲ။ ..:(
ဟုတ်တယ် ဆရာရေးဆရာ ချစ်ဦးညိုတောင် ပါလိုက်သေး
စင်္ကာပူမှာ တချို့ နိုင်ငံခြားသားတွေ(မြန်မာတွေမဟုတ်ပါဘူး) ဒီက Pressure တွေ Stress တွေကို မခံနိုင်ကြဘူး။ မိသားစု ပြသနာကြောင့် ဖြစ်နိုင်သလို၊ တခြား လူမှုရေးကိစ္စ တခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဖြစ်ရပ်တိုင်းဟာ တဦးချင်းပေါ်မှာပဲ မူတည်ပါတယ်။ အမြင်ကျဉ်းမြောင်းပြီး သိမ်းကျုံးပြောတာဟာ ဥာဏ်နည်းရာကျပါတယ်။
ဘာပြောရမှန်းတောင်မသိတော့ဘူးးစိတ်လဲမကောင်းဘူးစိတ်လဲတိုတယ်...:(
အော်...ခက်ပါ့ကွာ ကိုယ်အသက်တောင် တန်ဖိုးမထားတတ်ကျတော့ဘူး ဆိုးပါ့...အရမ်းကိုပေါ်ပြူလာဖြစ်နေပါလားနော်
http://sg.news.yahoo.com/girl-falls-from-pedestrian-bridge-onto-kpe.html
လွတ်လပ်စွာသေကြောင်းကြံခွင့်ရှိလို့နေမှာပေါ့..။
ANK ဆိုသူရေးထားတာကို ကျနော်လက်ခံတယ်။ အထက်က တခြားကျန်တဲ့သူတွေကို ကျနော်ပြောချင်တာက အခုလို သတ်သေသွားတဲ့ မိန်းကလေးဟာ ကိုယ်နဲ့တမြေတည်းမွေးပြီး တရေတည်းသောက်ခဲ့သူဆိုတာကို ထည့်မစဉ်းစားချင်ဘူးဆိုရင်တောင်၊ လူသားတဦးအနေနဲ့ စာနာနားလည်ပေးကြပါ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတာ သူ့မှာသောကမီးတွေဘယ်လောက်တောင် တောက်လောင်နေရှာမလဲ။ သူ့ရဲ့ သောကမီးတွေ ပြေပျောက်ဖို့အတွက်လိုအပ်တဲ့ စိတ်ခွန်အားနဲ့ ရုပ်ခွန်အား အကူအညီတွေကိုရဖို့လက်လှမ်းမမှီခဲ့ရှာလို့သာ ဒီလို အဖြစ်ဆိုးမျိုးနဲ့ ကြုံရရှာတယ်ဆိုတဲ့ ဂရုဏာစိတ်လေး ထားမပေးနိုင်ကြဘူးလား။ ခင်ဗျားတို့လောက် တိုင်းပြည်ချစ်တယ်လို့ ပြောနေတာလည်း ခင်ဗျားတို့ပဲ။ တိုင်းပြည်ဆိုတာ ပြည်သူလူထုနဲ့ ဖွဲ့စည်းထားတာ။ ပြည်သူလူထုကို ချစ်တဲ့၊ သနားတဲ့၊ ဂရုဏာစိတ်၊ မုဒိတာစိတ် မရှိဘဲနဲ့ တိုင်းပြည်ကိုချစ်တယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး။ နောက် ဗုဒ္ဓဘာသာကို တကယ်လေ့လာလိုက်စားတဲ့သူတွေဆိုရင်လည်း အခုလို စိတ်ဖိစီးမှုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသူကို တရားမရှိလို့လုပ်တယ်ဆိုတာမျိုး ပြောထွက်မှာ မဟုတ်ဘူး။
oppps .... sin sar nyan lal shi woo..
ဘယ်လောက်ပဲပြတ်တနာတွေ၇ှိ၇ှိ..အသက်၇ှိနေသေးသေ၇ွ.ဖြေ၇ှင်း
လို.၇ပါတယ်...
ဟုတ်ပါ့ မှန်ပါ့ Anonymous ပြောတာ မှန်တယ် ... လူတွေများ ကိုယ်ချင်းမစာတတ်လိုက်တာ .. လူဆိုတာ စိတ်ဆင်းရဲစရာတော့ ရှိမှာပဲ .. သူ့မှာ ကိုယ်တွေထက် ပိုပြီး ပြောပြလို့မရတဲ့ စိတ်ဆင်းရဲစရာတွေ ရှိလို့ ဒီလိုလုပ်တာပေါ့ .. ဘယ်သူက ပျော်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံမှာတုန်း ( အတွေးခေါ် မြင့်မြင့်လေး ထားပြီး စဉ်းစားကြည့်ဦး )
ဖြစ်ချိန်တန်လို့ ဖြစ်သွားတယ်ပဲမှတ်ရမှာပေါ့...သူ့ ရဲ့ကံကဒီအချိန်ပဲနေရမှာဆိုပါလာပြီးသားလေ...သူ့ မှာလဲဘယ်လိုခံစားချက်တွေရှိမလဲဆိုကျွန်တော်တို့ တတွေမှမသိတာ...ကျွန်တော်တို့ လုပ်ပေးနိုင်တာတစ်ခုပဲရှိတယ်...သူ့ အခုမသေသေးဘူးဆိုရင်အသက်ဘေးမှလွတ်မြှောက်ပြီးမြန်ဆုံသက်သာပျောက်ကင်းပါစေလို့ ဝိုင်းဝန်းပြီးစုတောင်းပေးလိုက်ကြရအောင်လားဗျာ.....
ကိုယ့်ကိုယ်ကိုသတ်သေချင်စိတ်ပေါက်သွားရလောက်အောင် စိတ်ညစ်စရာ ဆိုတာရှိလား...မသိလို့မေးကြည့်တာပါ..တို့လဲတခါ
တလေတော့ စိတ်အရမ်းညစ်ပြီးသေချင်စိတ်ပေါက်လာတာတော့ရှိတယ်. ဒါပေမဲ့ ကိုယ့်ကိုယ်ကိုသေကြောင်းကြံဖို့စိတ်မကူးဖူးဘူး။
...''စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာတစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။''
အစဉ်အလာဆိုတဲ့စကားကို ဘာကြောင့်ထည့်ရေးမှန်းမသိပေမယ့် ဒီအသုံးဟာဒီလိုဖြစ်ရပ်အတွက် သဘောမကျချင်စရာကြီးပါ...
နိုင်ငံရပ်ခြားမှာနေရတာ အနည်းနဲ့အများ လူတိုင်းစိတ်ဖိစီးတာပါပဲ..ကလေးတွေကျောင်းတက်တဲ့သူတွေလဲ ကျောင်းမှာ ကိုယ့်ကို အနိုင်ကျင့်တာတွေခံရတာမျိုး ဒါမှမဟုတ်လဲ သူများနိုင်ငံမှာ ကိုယ်ပေးရတာနဲ့တန်အောင် ကိုယ်နေရတာနဲ့တန်အောင် စာတွေအသည်းအသန်လုပ်ရတဲ့ဖိစီးမှုတွေရှိတတ်တာပဲ ၊လျှောက်လည်စရာတွေလည်ပြီးပျော်စရာကောင်းတဲ့ဘဝတွေ စာနာတဲ့သူငယ်ချင်းတွေနဲ့ခင်ခင်မင်မင်နေရတာလဲရှိတာပဲ ..အဲဒီလိုလူတွေတောင်အနည်းအများ တနေရာကတော့စိတ်ညစ်စရာရှိကြတာပဲ..ကိုယ့်ဘေးမှာကြည့်လိုက်ရင် လူမျိုးခြားတွေပဲ..ကံကောင်းရင်ကိုယ့်ဗမာအချင်းချင်းလုပ်ငန်းခွင်မှာ၊ကျောင်းမှာတွေ့လို့စကားပြောစရာ၊ရင်ဖွင့်စရာရှိရင်တောင် ကိုယ့်ကြိုးစားမှုနဲ့ကိုယ် သူများကို အချိန်ပေးနိုင်ဖို့ဆိုတာ အလုပ်ပင်ပမ်း၊ကျောင်းစာပင်ပမ်းနဲ့ဘယ်မှာကိုယ့်အနားအမြဲရှိနေပေးနိုင်ကြလို့လဲ...စိတ်ပျော့တဲ့သူတွေအတွက် မိဝေးဘဝေးက ပိုစိတ်ညစ်တတ်တာပဲ..ပိုက်ဆံတွေရှာနိုင်တိုင်းလဲ အမြဲတမ်းပျော်ကြတာမှမဟုတ်တာ..မြန်မာပြည်မှာလို ကိုယ်ဘတ်စကားဂိတ်မှာချော်လဲလို့ အရှက်ပြေပြုံးပြစရာမရှိ ၊ကိုယ့်လမ်းကိုယ်သွား၊တတ်နိုင်သလောက်ကူညီကြတယ်ဆိုရင်တောင် အတော်ခင်လို့မင်လို့ပဲ၊ဘာလို့နိုင်ငံခြားမှာနေလဲမေးရင် လူတိုင်းက ကိုယ်စီအကြောင်းတွေနဲ့ပဲလေ၊ဒါပေမယ့် ထွက်ပေါက်က ဒီလိုဘဝကိုအဆုံးသတ်ဖို့မှမဟုတ်တာ၊ကိုယ်လိုချင်တာက ငွေဆို ကိုယ်လိုချင်တဲ့အတိုင်းအတာ မရခင်ထိ သူငယ်ချင်းကောင်းရှာ စိတ်ညစ်စရာရင်ဖွင့်တင်းခံ၊ကိုယ်လိုချင်တာ ပညာဆိုလဲဒီလိုပဲနေသင့်တယ်ထင်တယ်၊တယောက်မှမယုံရရင်လဲ မြန်မာနိုင်ငံကိုအမြန်ဆုံးပြန်သင့်တယ်ထင်တယ်..ဘာလို့လဲဆိုတော့ကိုယ်ရှာနေတဲ့ငွေတွေ၊ပညာတွေဆိုတာ ဟိုရပ်ကွက်မှာဟိုတိုက်ကြီးဆောက်ပြီး ဒီနံရံမှာဒီဘွဲ့ဓာတ်ပုံကြီးချိတ်ပြီးကိုယ့်အသက်တောင်ကိုယ်ရန်ရှာချင်နေမှတော့နွေးထွေးတဲ့မိဘရိပ်၊ကိုယ့်ရေမြေမှာပဲပြန်နေကြပါတော့၊ဒီလောက်မရလဲ ဒီထက်မကပျော်ပါတယ်၊Sentosaသွားရမှ ပျော်တာမှမဟုတ်တာ၊ရွှေတိဂုံဘုရားရင်ပြင်မှာထိုင်ကြည့်ရင်လဲစိတ်ထဲအေးချမ်းလို့၊မြန်မာနိုင်ငံကဘာမရဘူးညာမရဘူးဆိုရင်တောင် နိုင်ငံခြားမှာကိုယ်က ဒုတိယ ၊တတိယနိုင်ငံသားပဲဖြစ်နေတာ၊စိတ်ညစ်နေရင်တော့ပြန်လိုက်ပါညီမလေးတို့ မောင်လေးတို့ရယ်၊မိဘဆွေမျိုးတွေကလဲ ကိုယ်ဒီလိုခံစားရတယ်ဆိုရင်နားလည်ပေးကြမှာပါ၊ဒီလိုခံစားရပြီဆိုရင် ကိုယ့်အသက်ထက်ဘယ်အရာကမှအရေးမကြီးတော့ပါဘူး.........
....
စင်ကာပူခေတ္တနေသူ
ကျနော်လဲသေချင်တယ်ဗျာ...
Hello everyone above all comment writer,
pls control ur mouth or ur hand,don't talk nonsense. Who know exactly that girl is Myanmar girl? Nobody know? they also not announce that girl is myanmar girl. pls be carefully, take care ur sisters & ur girl friends, don't talk so many shit.
From singapore
အားလုံးသော သူအပေါင်း သူတပါးကိုအကောင်းမြင် အကောင်းတွေးပေးနိုင်ကြ ပါစေ။
အပြောကောင်းလှချည်လားဦးလေး ရယ်။စင်ကာပူမှာနေတယ်ဆိုပြီး စင်ကာပူအကြောင်းမသိတာလဲမဟုတ်ဘဲနဲ့။ ဦးလေးလိုယောက်ျားသားကြီးကတောင် ဝင်ရင်ဘယ်လောက်ဆိုးလဲဆိုတာကိုယ်တိုင်ခံစားဘူးတာဆိုတော့ကိုယ်ချင်းစာတရားလေးဘာလေးတော့ရှိသင့်တာပေါ့။ မိမိနိုင်ငံကိုမပြန်နိုင်ဘူးဆိုတာလဲအခက်အခဲရှိလို့စာချုပ်စာတမ်းတွေနဲ့အဆင်ပြေမယ်ထင်လို့စွန့်စားပြီးထွက်လာပြီးတော့မှစင်ကာပူမှာမိမရှိ၊ဖမရှိ၊အနှိမ်ခံ၊အပစ်ပယ်ခံ၊အဆင်မပြေတဲ့အဆုံးလျော်စရာမရှိလို့ကြံမိကြံရာလုပ်မိတာလဲဖြစ်နိုင်တာဘဲ။မှားနေတဲ့လူတွေကိုအားပေးနစ်သိမ့်ဖို့တော့မလုပ်ဘဲအပြစ်ဘဲမြင်နေရသလားဦးလေးရယ်။ အကောင်းမြင်တတ်တဲ့စိတ်လေးလဲနဲနဲထားလိုက်ပါအုံး။
This comment has been removed by the author.
နဲနဲပါးပါးလေး ကြည့်ကျက်ရေးပါဗျာ..... အစဉ်အလာ လို့ လုံးဝမသုံးသင့်ပါဘူး...။ စာဖတ်သူတွေကို psychological effect သက်ရောက်ပါတယ်...။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်သူတွေ ကျောင်းတတ်နေသူတွေ အများအပြားဟာ အိမ်မှာနေတာထက်တော့ စိတ်အားပိုပြီးငယ်နေချိန်တွေ ဖြစ်နေပါတယ်...။ ဒီလိုအရေးအသားမျိုးဟာ တစ်နည်းနည်းနဲ့ သွားပြီး တွန်းအားဖြစ်စေပါတယ်...။ အရေးတတ်မယ်ဆိုရင် အသိသတိပေးရာရောက်ပေမယ့် အရေးမတတ်ရင် နောင်ဖြစ်လာမယ့် ကိစ္စတစ်ခုခုတိုင်းဟာ ကိုယ့်ရဲ့ ပရောဂ မကင်းနိုင်ဘူးလို့ သိထားစေချင်ပါတယ်...။
စိတ်ပျော့ ညံ ပြီး မကြိုးစားချင်တဲ့ သူကတော့ လောကမှာ မနေ့ တာကောင်တယ် ဘာပဲဖြစ်ဖြစ် ကို့ ကိုယ်တော့ ယုံကြည်ရမယ် ကိုယ်တစ်ယောက်သေလို့  လူသုံးယောက်က ကောင်းသွားမယ်ဆိုရင်တော့ တစ်မျိုးပေါ့ ဒီလိုသတင်း တွေကမြန်မာတွေအတွက်မကောင်းဘူး...
စိတ်ပျော့ ညံ့ ပြီးအလုပ်မလုပ်ချင်တဲ့ သူကတော့ လောကမှာ မနေတာကောင်းတယ် ကိုယ်တစ်ယောက်သေလို့  သုံးယောက်အတွက်ကောင်းရင်တော့ တမျိုးပေါ့ လူတိုင်းဒုက္ခကိုယ်စီပဲ...
ANK နဲ့  Anonymous ပြောတာ အမှန်ပါပဲ။ သိမ်းကျုံးပြောတာတွေက လွန်ပါတယ်။ အချစ်နဲ့ ကွဲလို့  သတ်သေတာနဲ့ စာရင် ဒီလိုမျိုးဖိနှိပ်ချုပ်ခြယ်မှုတွေကြောင့် သတ်သေတာမျိုးက သနားဖို့ ကောင်းပါတယ်။ ဘယ်သူက ကိုယ့်အသက်မနှမျောဘဲ နေပါ့မလဲ။ ဒါပေမယ့် သူ့ မှာ pressure တွေ ( agent က ဖိနှိပ်ချုပ်ခြယ်တာလဲ ဖြစ်နိုင်ပါတယ်။ လူလို မဆက်ဆံတာလဲ ဖြစ်နိုင်ပါတယ်။ အများကြီးပါ။) နိုင်ငံခြားမှာ နေတယ်ဆိုပီး အကုန်အဆင်ပြေကြတာ မဟုတ်ပါဘူး။ သူ့ဒုက္ခနဲ့ သူတွေချည်းပါပဲ။ ပြန်ချင်တိုင်း ပြန်လို့ မရ။ သွားချင်တိုင်း သွားလို့ မရ။ ကိုယ့်စိတ်နဲ့ ကိုယ်မနေရတဲ့သူတွေ အများကြီးပါ။ သူ့ အလုပ်အကိုင်က အိမ်ဖော်ဆိုမှတော့ စာပေဟောပြောပွဲတွေ သွားဖို့  အချိန်ရှိပါ့မလား။ အိမ်ရှင်တိုင်းကလဲ အင်တာနက်ကို ကိုယ့်အိမ်ဖော်တွေကို ပေးမသုံးပါဘူး။ ဒီကြားထဲ မသိနိုင်တဲ့ အခက်အခဲတွေ အများကြီး ရှိနေမှာပါ။
ကိုယ်ချင်းစာစိတ်ထားပေးနိုင်ရင် အကောင်းဆုံးပါ။
(ချစ်သူကွဲပီး သတ်သေတာမျိုးတော့ မသနားပါ....... )
သူ့မှာ ဘယ်လောက်စိတ်ညစ်ရသလဲ .. စိတ်ဒုက္ခရောက်ရသလဲ..ထွက်ပေါက်မရှိအောင် ဖြစ်နေလား.. ကိုယ်ချင်းစာကြည့်ပါ.. ဘာသာရေးနဲ့ဝေးရင် အဲလို လုပ်သတဲ့လား.. မိဝေးဖဝေးနဲ့ နေဖူးကြလို့လား.. နိုင်ငံခြားမှာ ခံစားရတဲ့ အားငယ်စိတ်တွေ ခံစားကြည့်လား .. အိမ်ဖော်ရော လုပ်ဖူးလား.. ပြဿနာတစ်ခုတက်လာရင် ၀င်ပြီးဖြေရှင်းပေးမဲ့ အားကိုးရာမရှိတာ.. ကိုယ်ဖြစ်ကိုယ်ခံ ဆိုပြီး ၀မ်းသာသလိုလို ပြောတာ.. အဲဒါ မြန်မာ့စိတ်ဓါတ်မဟုတ်ဘူးလို့တော့ ထင်တယ် ။
အပေါ်မှာရေးထားတာတော့သိပ်မဝေဖန်လိုပါဘူး သိုသော်အိုပါး ဆိုလားဘာဆိုလားသူပြောသလိုစာ
ရေးဆရာတွေမြန်မာပြည်မကောင်းကြောင်းစောင်း
မြောင်းပြောတယ်ဆိုတဲ့စကားကနည်းလွန်တာမဟုတ်ဘူး
များ၂လွန်နေပါတယ်။မြန်မာပြည်ကစောင်းမြောင်းပြောစ
ရာမလိုလောက်အောင်ကမ္ဘာသိအောင်စုတ်ပြတ်သက်နေ
တာပါ။ဘသူမဆိကိုယ်နိုင်ငံကောင်းစာတာတိုးတက်တာ
ကိုမြင်ချင်တဲ့နိုင်ငံသားတွေကြီးဆိုတာ လူတိုင်းနားလည်း
ကြပါတယ်အိုပါး မပါးလားတော့မသိ။ခုဖြစ်နေတာကိုယ့်
ကိုကိုသေကြောင်းကြံတယ်ဆိုတာ ဘသူကသေကြောင်း
ကြံမလဲ။သနားဂဂုနာမ၀င်တဲ့အပြင် အပြစ်တောင်တင်လိုက်
သေးတယ်ဘလိုမြန်မာလူမျိုးလဲ မြန်မာလူမျိုးကားဟုတ်ရဲ့
လားဗျာ,,,နိုင်ငံခြားဆိုပယ်မယ့် အခက်အခဲတွေအများကြီး
ပါ ဘသူမှ သများနိုင်ငံမှာနေချင်ကြတဲ့လူတွေမပါဘူး။
အခက်အခဲမျိုးစုံနှင့်နေ့စဉ်ရင်ဆိုင်နေရတာပါ။မိဝေးဘဝေး
ကိုယ်ချင်းစာစိတ်ကိုယ်မရှိကြဘူး။နိုင်ငံခြားမှာရွှေတွင်းတူး
ထားတာမဟုတ်ဘူးဗျာ,,,
ကျနော်လည်း ခုန်ချမယ်ဟာ ၇ ထပ်ပေါ်ကနေ ပင်လယ်ထဲကို
really sad news. I met with two girls who were worked as maid on plane when I was back to Myanmar. They said they needed to give 8 months salary to agent. One girl allowed to eat one meal per day and after working 2 years in SG, only got one small ring as savings and no more money to go back so worked for one month to get ticket but agent marked up on ticket price even.
မြို့ လည်ခေါင်မှာ ဖြစ်တာကိုတောင် ၀ိုင်းဆွဲမယ့် သူမရှိဘူးတဲ့ နော်....အဲဒါပဲ စင်ကာပူက လူတွေစိတ်ဓါတ်...မိဘတောင် အမှိုက်ပုံးထဲ ကဟာတွေကောက်နေတာကို လျစ်လျူရှုနေနိုင်တတ်ကြတာ။ တော်တော် တော့ စိတ်ပျက်စရာကောင်းတယ်။ ကိုယ့်တိုင်းပြည်ကိုယ်ပြန်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ကျွန်မတောင် မိသားစုနဲ့ နေနေရတာတောင် တော်တော် စိတ်ကုန်နေတယ်။ သို့ ပေမယ့်. . . လူ့ အသက်ထက်အရေးကြီးတာ ဘာများရှိသေးလို့ လဲဟင်? အဲလောက် ခဏခဏ အမြင့် ပေါ်က ခုန်ချ သတ်သေနေကြတာ ဖြစ်နေတဲ့ ပြဿနာနဲ့  ကိုယ့် အသက်နဲ့ တန်လို့ လား? ပေးလိုက်စမ်းပါ နင်တို့ အသက်တွေ ကို ကင်ဆင်ရောဂါသည်တွေ. . .ဆင်းရဲ ငတ်ပြတ်မှုကြောင့်မသေချင်ပဲ သေရတော့မယ့် လူတွေကို။ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုခု မရလို့ သေရမယ့် လူတွေကို။ အဲလို အသက်ပေးပြီး သေပါလား တန်အောင်လို့ ။ အတောင်ပံပါတဲ့ ငှက်တွေများအောက်မေ့နေကြလား? စိတ်ညစ်တယ်။ :(
can we not try to help each other? find out who is causing the problem? who is taking advantage of myanmar workers especially girls. agency? agent? employer? why can we not try to protect each other?
we cannot stop anyone who really wants to kill themselves but we may be able to help those who are in trouble.
့သြော်...ဒုက္ခ.ဒုက္ခ.ဒုက္ခ တဲ့၊ ဘယ်သူမပြု မိမိမူ့... ငါတို့လူတွေ သည် လူ့လောက ကို ရောက်လာခြင်းက သေဖို့အတွက် ဆိုတာ အရင်ဆုံး ထည့်စဉ်းစားပါ.. လောကကြီးကို လွယ်လွယ်နဲ့ အရှုံးပေးမလား၊ အဓိပ္ပါယ်မဲ့စွာ ဘဝကို အဆုံးသတ်မလား။ (ဘယ်သူက ဘယ်သူ့ကို သနားနေတာလဲ၊ ကိုယ့်ကိုယ် ကို ပြန်သနားဖို့ စိတ်ကူးမရှိဘူးလား) (ဘယ်သူတွေကို ချစ်နေတာလဲ၊ ကိုယ့်ကိုယ် ကို ပြန်မချစ်တတ်ဘူးလား) ။ သူများယောင်လို့ လိုက်ယောင် အမောင် တောင် မှန်းမသိ မြောက် မှန်း မသိနဲ့ စွပ်ဆွဲ ချက်တွေက တယ်ပြင်းထန်ပါ့လား။ ဥပမာ- သင်သည် ပြသနာ တိုင်းနဲ့ ရင်ဆိုင်ရရင် ဘယ်သူ့ကို အပြစ် ဆိုမလဲ၊ သေချာတာကတော့ သင့်ကိုယ်သင် အပြစ်မမြင်နိုင်ဘူးဆိုတာပဲ။ အထူးသဖြင့် မိမိ ကိုယ်ကို ချစ်ပါ. သနားပါ.ကောင်းအောင် ကြိုးစားပါ တိုက်တွန်းချင်ပါတယ်။ မိဘ၊ ဆရာသမား များအား မစော်ကားမိပါစေနဲ့ မေတ္တာရပ်ခံ အပ်ပါတယ်၊ မြန်မာ လူမျိုးတွေ က အထက်တန်းကျတယ်ဆိုတာ မမေ့သင့်ပါ။ အမြဲ သတိရှိပါစေ၊ ထီလာ ကျော်လင်း ခေတ္တ စလုံး (စ)။
စင်ကာပူမှာနေရတာ stress အရမ်းကိုများတာလို့ပြောရင် ဘယ်သူမှ မယုံကြပါလား......သတ်သေမယ်ဆို သေလောက်ပါတယ်...
""စင်္ကာပူနိုင်ငံမှာ မြန်မာမိန်းကလေးများ အမြင့်မှ ခုန်ချပြီး သေကြောင်းကြံမှုဟာ အစဉ်အလာတစ်ခုလို ဖြစ်လာနေပြီး မခိုင်သင်ဇာ နှင့် မယဉ်ငြိမ်းပွင့် ပြီးလျှင် ယခုမိန်းကလေးမှာ တတိယမြောက်ဖြစ်ပါတယ်။""
Your conclusion is not valid as it is based on your own opinion. There are thousands of Myanmar women/girls staying in Singapore. Out of them, 3 women committed suicide. 3 out of thousands, not half of the thousands. Please don't conclude abruptly as your article can have a huge amount of impact on whoever is reading. It can even become a solution for someone who is in despair. So, yea. :)
အေးဗျာ စိတ်မကောင်းစရာပါပဲ......
stress များတယ်ဆိုရင်လဲဟိုကိုမသွားကြနဲ့လေ.....ဒီလိုဒုက္ခတွေကတော့ဟိုနိုင်ငံရောက်ရင်အနည်းအများတော့ခံရမှာပဲလေ....ခံနိုင်ရည်မရှိတိုင်း
သာသတ်သေကြရရင်.....တနေ့တနေ့အလောင်းတွေသဂြိုလ်လို့တောင်ကုန်မှာမဟုတ်ဘူး.....
ှုI got no money no money like you!!! In this country nothing is for free...ဒီသီချင်းသိပ်မှန်တယ်....
လူတိုင်းမှာ စိတ်ညစ်စရာတွေ ရှိနေတယ် ဒါပေမဲ့ တစ်ယောက်နဲ့  တစ်ယောက် မတူသလို အသက်ရူတာလဲ မတူပါဘူး သူ့မှာ ဘယ်လောက်တောင် အကြပ်အတည်း စိတ်ဖိစီးမူ ရှိနေလဲမှ မသိတာလေ ကိစ္စတိုင်း ကိုရမ်း၂ မပြောတာ အကောင်းဆုံးပါ ။
လူတိုင်းမှာ စိတ်ညစ်ကြရပါတယ်...ကျမတို့မိန်းကလေးတွေက ယောကျာ်းလေးတွေလို လွပ်၂ လပ်၂ စည်းမရှိဘောင်မရှိလုပ်နိုင်ရင် ဒီလို ဖြစ်လာမှာမဟုတ်ပါဘူး.. ဘာတဲ့စိတ်ညစ်လို့အ၇က်သောက်တယ် ဆိုပြီးဆင်ခြေပေးတတ်တဲ့ယောကျာ်းလေးတွေလဲရှိတယ်..မိန်းကလေးတွေအဲ့လိုဆင်ခြေပေးလို့ကတော့..ဒီမိန်းမအကျင့်ပြတ်နေပြီလို့မြင်ခြင်ကြတယ်..ဒါသဘာဝတရားပါ... ဒီတော့ မိန်းကလေးတွေမှာယောကျာ်းလေးတွေထက်ပိုတဲ့..စိတ်ခံစားချက်တွေရှိတယ်..စိတ်ရှိတိုင်းလုပ်ပြီးဒုန်းတိုက်တိုက်ကျားကိုက်ကိုက်လုပ်ရင်..အဲ့ဒီမိန်းမကို ၀ိုင်းသမုတ်ကြလိမ့်မယ်..ဒီတော့ဘေးကျပ်နံကျပ်ဖြစ်လာတဲ့အခါအားငယ်လာတဲ့အခါ..ကိုယ့်ကို ကိုယ်သတ်သေကြတယ်..ဒါအပြစ်မဟုတ်ပါဘူး..မိန်းမတယောက်အနေနဲ့ကိုယ်ချင်းစာပါတယ်..ရည်းစားနဲ့ကွဲတာသတ်သေတယ်ဆိုတာကိုမသနားဘူးပြောရင်..သတ်သတ်လွတ်မစားတဲ့ကျားတွေလဲ..သတ်သတ်လွတ်စားပြီး..ကိုယ့်ရည်းစားကိုထားသွားရင်တောင်သူ့အတွက်နစ်နာမှုမရှိစေအောင်စောင့်စည်းကြပါ.. မိန်းကလေးတွေကတော့ကိုယ့်ရည်းစားကိုယ့်ချစ်သူပြော၇င်ချစ်တော့လဲပေးစပ်ကြတယ်...ဒါကိုအခွင့်ယူတတ်တဲ့သူတွေရှိတာကို..အားလုံးကိုပြောတာမဟုတ်ဘူး..ဒီလိုမျိုးတေါရှိတတ်တာကိုပြောတာ...ဒိတော့ကျမတို့မိန်းမတွေအလုပ်ကြောင့်ဘဲဖြစ်ဖြစ်..ရည်းစားကြောင့်ဘဲဖြစ်ဖြစ်ယောကျာ်းလေးတွေကို စိတ်ထွက်ဖောက်လုပ်နိုင်၇င်..ဒါမျိုးတွေရှိလာမယ်မထင်ပါဘူး...
ချွင်းချက်မရှိ မှန်ကန်ပါတယ်!!!!!!!!!!!:)
အားလုံးပြောတာတွေ မှန်ကြပါတယ်။ တစ်ယောက်တစ်မှတ်ဆီ ရကြပါတယ်။ ဆက်ပြီး အမှတ်ပြိုင်ကြပါ..............မင်းတို့ဟာက အဲလိုဖြစ်နေပြီ။
တကယ်က အဲဒီကနေ ပညာယူရမှာလေ..ဒါဟာတကယ်ဆို မလုပ်သင့်တဲ့ အလုပ်ပေါ့...တို့ဘာသာရေးမှာလည်း တားမြစ်ထားတယ်.....မလုပ်သင့်ပေမယ့်လည်း သူ့ကံကြောင့် သူလုပ်ချင်တဲ့စိတ်တွေဝင်လာမယ်..နောက် စဉ်းစားတတ်တဲ့ အသိ သတိတွေ မေ့လျော့နေမယ်..အဲဒီမှာပဲ သူ့ ကံကြမ္မာအတိုင်း ဖြစ်သွားရတယ်...သနားစရာကောင်းပါတယ်...လူတွေဟာ ကံ ဆိုတဲ့ ပုံစံခွက်ကြီးထဲမှာပဲ သွားလာလှုပ်ရှား ပြုမူနေထိုင်နေကြရတယ်....ကံစီမံရာအတိုင်းပဲပေါ့.....
Why are you complaining if you hate complain? people can't talk good to each other and trust to each other, advantage to each other, isn't the all purpose of government. If yo want peace start from you and help to your people, don't make problem again on problem!
တရုတ်နိုင်ငံမှာလဲ အဲ့လိုပဲ လေ ကလေးကို ကားနဲ. တိုက်မိတာတောင် ၆ယောက်လောက် ဖြတ်သွားတာ တစ်ယောက်မှ သွားမကြည့်ဘူး .... အသက်ကောင်းကောင်းဂှင်နေသေးတာနော်. ကားတစ်စီးဆို လဲနေတာတွေ.သားနဲ. ထပ်တောင် တိုက်လိုက်သေးတယ် မဆိုင်ရင် ၀င်မရှုပ်ဘူးဆိုတဲ့ အယူတွေနဲ.ပေါ့
Dear Anonymous who posted silly comments with no mercy,
It is not because she is not open-minded. We are not maids and we have never felt like them before...we have never been treated like maids..... What if you have to work for 24 hours continuously and all you get in return is being beaten and getting small amount of money? She must have been depressed.People might do anything if they feel that everyday is hell for them and they want to escape from their own pathetic lives.She might be uneducated but that is her fate... But do not criticize people if you cannot understand them or if u don`t know anything about them... I request u..... Give respect to HER....
စိတ်မကောင်းစရာတော့ အမှန်ပါပဲ.. သို.သော်လည်း ဘာကြောင့် စဉ်းစားဆင်ခြင်မှု.တွေ မဲ့ကုန်ကြတာပါလဲ...စင်ကာပူမှ မဟုတ်ပါဘူး.. နိုင်ငံတိုင်းမှာ သူ.အခက်အခဲနဲ.သူရှိကြပါတယ်..ကျမရောက်နေတဲ့ နိုင်ငံမှာလည်း ရှိပါတယ်.. သို.သော် ဘုရား၊တရား မမေ့ပဲ ကိုယ်ကလဲ လုံလ စိုက်ရင် အဆင်ပြေဖို.အခွင့်အရေးများပါတယ်..ဒီမှာ တကယ်အဆင်မပြေဘူးဆိုတဲ့လူတွေက လက်ကြောမတင်းတဲ့သူတွေ.. မိန်းကလေးတွေဆိုလဲ character သိပ်မခိုင်တဲ့သူတွေ(အလုပ်ထက် အလှအပ၊အပျော်အပါး ဦးစားပေးသူ)တွေ ဖြစ်လေ့ရှိပါတယ်.. တကယ်တမ်း ရည်မှန်းချက်ရှိသူက ဒီမှာနေစဉ် အလုပ်ကြိုးစားလုပ် ပိုက်ဆံရှာပြီး တကယ်မနေနို်င်တော့ဘူးဆို ပြည်တော်ပြန်ကြပါတယ်..
စ လုံး မှာ မြန်မာတွေများပါတယ်.. အဲ့လိုပဲ သတင်းဆိုးတွေလည်း များပါတယ်... မိန်းကလေးချင်း ကိုယ်ချင်းမစာဘူးလို.တော့ မထင်စေချင်ပါဘူး..မြန်မာမိန်းကလေး အများစုဟာ အဲ့ကို ရောက်သွားရင် အ၇မ်းလွတ်လပ်သွားလို. ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းမှု.မရှိတော့တာ များပါတယ်..လူပျိုမဆိုထားနဲ. အိမ်ထောင်သည်တွေနဲ.လဲ ဖောက်ပြန်ကြပါတယ်တဲ့..ကျမရောက်နေတဲ့ နိုင်ငံက ယောင်္ကျားလေးတယောက် မြန်မာပြည်အပြန် စလုံးမှာ တည အိပ်စဉ် အတူလာအိပ်ပေးတဲ့ မြန်မာမလဲ ရှိပါသတဲ့...ကိုယ်နဲ.လဲ မသိ သမီးရည်းစားလဲမဟုတ် မှားလေစွ...ဒီတော့ ယောင်္ကျားလေးက ပါးစပ်အရသာ ခံ ပြန်ပြောကြလို. သူများတွေသိတော့လဲ မျက်နှာပူတတ်မှာလဲ မဟုတ်...အရက်၊ ဘီယာ သောက်တာလောက်ကတော့ ကော်ဖီသောက်သလောက်ပဲတွေကလည်း ရှိသေး..ဖဲဝိုင်းမှာ ပျော်တတ်ကြတဲ့ မြန်မာတွေကလည်း မနည်း..အတိုအပြတ် အဖော်အချွတ်တွေကလည်း ခေတ်နောက်မကျစေရသေးပြန်ဘူး...ဒါတွေကို သိထားတာကြာပေမယ့် ရေးပြန်ရင် မိန်းကလေးချင်း လွန်ရာ ကျမှာစိုးလို.ငြိမ်နေခဲ့တာ ..အခုတော့ ရေးပြီ..
ဘဝ အတွက် တကယ့်ကို အဆင်မပြေဖြစ်လို. ကြံမိကြံရာ ကြံလိုက်တဲ့ သူတွေကို စာနာသနားမိပေမယ့် တချို. မြန်မာမတွေကိုတော့ အော့ကြောလန်မိပါ၏
လူ.အသက်ဆိုတာ ရခဲပါ၏ အသက်ရှင် ကျန်းမာပါလျှင် အခု အဆင်မပြေတောင် ပိုအားစိုက်လိုက်ပါ သူ.အလိုလို အဆင်ပြေသွားပါလိမ့်မည်။
ကျေးဇူးတင်ပါ၏
SV
သေပစ်ချင် လောက်အောင် စိတ်ညစ်တယ် ဆိုရင် အဆုံးစီရင်ဖို့ ဆုံးဖြတ် နိုင်ပာတယ်-
ဒာပေမယ့် တကယ် မသေ လိုက်ပာနဲ့ဦး
အတူနေ (ကျား/မ၊ မိတ်ဆွေ၊ ရန်သူ) တို့ကို တိုင်ပင် ကြည့်ပာဦး
အခက်အခဲတွေ ပြသဿသနာတွေ ပြောပြပာဦး
အကြံ တောင်း ပာဦး
သေလိုက် သင့်တယ် လို့ ပြောလာရင် နောက်တစ်ယောက်နဲ့ ဆွေးနွေးပာဦး
နောက်ထပ် တစ်ယောက်ကိုလဲ ပြောပြသွားပာဦး
သူ (သူတို့)က သေလိုက် သင့်တယ် လို့ ပြောလာရင်တောင်
အနည်းဆုံး မသေခင် အိမ်ပြန်ပြီး အမေ၊ အဖေ၊ အဒှော၊ ဦးလေး၊ ဦးကြီး၊ ဒွေးလေး၊ ဒွေးကြီး၊ ဘကြီး၊ ဘဒွေး၊ အကို၊ အမ၊ အဘိုး၊ အဘွား စတဲ့ လူတွေကို နှုတ်ဆက် သင့်သေးတယ်
ကဲ- သေဖို့ အသင့်ဖြစ်နေပြီ ဆိုပာတော့
ကိုယ့်အတွက် ဘာသုံးမှ မကျတော့တဲ့ ဒီခနဿဓာကိုယ်ကို တခြားတစ်ယောက်ကို ပေးပစ်လိုက်ပာလား
သူ (သူတို့) အတွက် အသုံးကျနိုင်တာပော့
တောကြို အုံကြား ရွာသေးသေးလေးမှာ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ ကလေးတွေ စာသင်ပေးရင်း (အစာငတ်တဲ့ ရောဂာနဲ့၊ လူဆိုးတွေ နည်းမျိုးစုံ နှိပ်စက်လို့) သေသွားတာက ပိုပြီး ဂုဏ်မရှိနိုင်ဘူးလား
ဒာပေမယ့်
လူဟာ မွေးဖွား လာပြီးတဲ့ နောက်၊ ဘာမှ မလုပ်နိုင်ရင် တောင်မှ၊ သေပစ်လိုက်ဖို့တော့ မသင့်ပာ
Sunniza<< I agree with you, I know about maid very well coz, one of my friends also maid in singapore. Very poor them. :((
a phit a pyat ta khu ko thay char ma thi pae way phan nay kya dar ma kg par bu....
စင်ကာပူမှာနေတဲ့သူများ တစ်ခုလောက်တော့မေးခွင့်ပြုပါ.. မြန်မာနိုင်ငံမှာနေပြီး အလုပ်လုပ်တဲ့လူတွေအများကြီးပါဗျာ မိမိ၏စိတ်သဘောနဲ့ကိုယ်သွားလုပ်ကြတယ်... ပြီးတော့ စိတ်ဖိစီးမှုများတယ်လို့ ပြောကြတယ် ဒါဆိုလည်း ပြန်လာကြပါလား... ပြန်မလာကြပဲနဲ့ မိမိကိုယ်ကိုယ် သတ်သေတယ် တစ်ချို့ကြတော့ သေလောက်အောင် ငြီးနေကြတယ်... သူများနိုင်ငံမှာနေတယ် စိတ်ဖိစီးမှု နိုင်ထက်စီးနင်းဆိုတာတော့ခံရမှာပဲ .. အဲ့ဒါတွေကိုမခံနိုင်ရင် အစကတည်းက မသွားကြပါနဲ့လား... မြန်မာနိုင်ငံမှာ ရတဲ့လစာလေးနဲ့ လုပ်ပြီး မိဘမောင်ဖွားတွေကို လုပ်ကျွေးနေတဲ့ လူတွေ ဒုနဲ့ ဒေးပါဗျာ.... ကျေးဇူးတင်ပါတယ်ဗျာ.. MT
သတ်သေတယ်ဆိုတာကတော့ စိတ်ကျန်းမာရေးအားနည်းတဲ့သူတွေပါ... ရူးတာကိုပြောတာမဟုတ်ဘူးနော်.. စိတ်ဓာတ်ကြံ့ခိုင်မှုအားနည်းတယ်ပြောချင်တာ... ချစ်သူအတွက်သတ်သေသွားတယ်ဆိုတဲ့ ကိစ္စတုန်းကတော့မသနားဘူး... ဒီအိမ်ဖော်ကောင်မလေးကိုတော့သနားတယ်... အိမ်ဖော်အလုပ်ဆိုတာ ကိုယ့်နိုင်ငံထဲကိုယ်နေပြီးလုပ်ရင်တောင် အိမ်ရှင်မကောင်းရင် စိတ်ဆင်းရဲရသေးတာပဲ... နိုင်ငံရပ်ခြားဆိုတော့ပိုဆိုးတာပေါ့...
သူ့ခမျာ လာတုန်းကလဲ မျက်နှာငယ်တဲ့အလုပ်... ပြီးတော့ ဘာတွေဒုက္ခရောက်လဲမသိ... ခုလိုသတ်သေတာက အဖြေတစ်ခုမဟုတ်ပေမယ့်... သူ့ရင်ထဲကအပူဘယ်လောက်တောင်ကြီးမလဲ... အဲဒါကကိုယ်တိုင်ကြုံဖူးမှသိတာ... ကိုယ်တွေလဲစလုံးလာပြီးအလုပ်ရှာတုန်းက... ပြန်ခါနီးအထိအလုပ်မရသေးတော့..စိတ်ပူစိတ်ညစ်ခဲ့ရတာပဲလေ... ဒီမှာအလုပ်လာလုပ်တယ်ဆိုတာ အပျော်နိုင်ငံခြားရောက်ဖူးချင်ရုံဆိုတဲ့သူတွေမရှိပါဘူး... ရှိစုမဲ့စုလေးတွေနဲ့လာကြရတာပါ... အဲဒီတော့ငါသာပြန်သွားရရင်ဆိုတဲ့အတွေးကအရမ်းခံရခက်ပါတယ်.... ဒီကောင်မလေးလဲ ဘယ်လိုတွေဒုက္ခရောက်လဲမှမသိတာ... မဖြစ်သင့်ဘူးဆိုတာဟုတ်ပေမယ့်.. သူ့ရင်ထဲကအပူတွေ ကိုယ်တွေကအပြည့်အ၀နားလည်ခံစားပေးနိုင်ဘူးလေ....
သူပြန်ကျန်းမာပြီး အားလုံးအဆင်ပြေနိုင်ပါစေ...
မြန်မာမတွေ တွေးလေ့ရှိတာ တစ်ခုရှိသေးတယ်။ အသက်ထက် အရှက်ကို ပိုတန်ဖိုးထားတယ်တဲ့။ ကိုယ့် အမှား မဟုတ်ဘဲ ဖြစ်လာတဲ့ အရာဆိုရင် ရှက်ဖို့လိုသလား။ ပတ်ဝန်းကျင်ကရော နားလည်ပေးသင့်ကြပါပီ။ ဘာကြောင့် သူမသေကြောင်းကြံလဲ မသိပေမယ့် အိမ်ဖော်အလုပ်ဆိုလို့ ဆက်စပ်တွေးမိလိုက်တာပါ။
ကိုယ့်ကိုကိုယ်သတ်သေတာ စင်ကာပူမှမဟုတ်ပါဘူး နိုင်ငံတိုင်းမှာရှိပါတယ် မြန်မာနိုင်ငံမှာလည်း တပြုံကြီးပါ စင်ကာပူကိုကွက်ပြီးပြောတဲ့လူကတော့အင်မတန်အမြင်ကျဉ်းပါတယ်
ဘာသာရေးလဲဒီလိုပါပဲ ဒီမြန်မာနိုင်ငံမှာတောင် အင်မတန်မိုက်ရိုင်းယုတ်မာသူတွေတပြုံကြီးပါ
စလုံးမြန်မာမိန်းကလေးတွေလူတန်းစားအလွှာအသီးသီးက အများကြီးပါ
ဘယ်နိုင်ငံ ဘယ်ဒေသရောက်ရောက် သူ့ ခံစားချက်နဲ့ သူ ဘ၀ ကိုကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ် သူ့ အတွက်ဝမ်းမနည်းရင်တောင် မကဲ့ရဲ့ ပါနဲ့ 
သူ ခံစားနေရတဲ့ ခံစားချက်တွေ ပြသနာတွေ ကိုကိုယ်တိုင်မခံစားဖူးပဲနဲ့  ပြောဆိုကဲ့ရဲ့ နေသူတွေ ကတော့ အင်မတန်အမြင်ကျဉ်းမြောင်းသူတွေ ပါပဲ
I found yesterday singapore newspaper (my paper) and writer doesn't mention that girl is myanmar girl. Why this post was confirmed as a myanmar girl? Don't make other people to confuse if you do not even know the news exactly.
I feel very sad for Myanmar girls commit suicide attack, if they think they cannot survive from the problems. There must be Myanmar religious counselor (as monks) to teach them to relax from stress and pressure.
ဘာဖြစ်နေကြတာလဲ မသိဘူး
အသက်တစ်ချောင်းများ လွယ်လွယ်ရတယ်များ မှတ်နေသလား မသိဘူး
သူတို့ မှာ stress တွေ တအားများနေလို့ဖြစ်မယ်နော်။ အဲဒါ ကို ဖေးမ ပေးမယ့်သူ မ၇ှိလို့ဖြစ်နိုင်တယ်။ အလုပ်သမားတွေ အတွက် ကူညီ စောင့်ရှောက် ပေးမယ့် အကြံပေးဆွေးနွေး ပေးမယ့် အဖွဲ့တစ်ဖွဲ့ ရှိသင့်တယ်လို့ ထင်တယ်။ အဲဒါကလည်း အ၇မ်းခက်ခဲလိမ့်မယ်ထင်တယ်။
စလုံးမှာ ဘောင်းဘီရှည်တို့ စကတ်ရှည်တို့ ၀တ်ရင် ရဲဖမ်းပြီး ဒဏ်ရိုက်ပါသလား.. မြင်ဖူးသမျှတော့ စင်္ဂပူရောက်သွားပြီဆို မြန်မာပြည်မှာ ဘယ်လိုဗိုင်းကောင်းကျောက်ဖိပါပြောပြော ကြိုးတစ်ချောင်းနဲ့ ဘောင်းဘီ ဖင်ကပ်နဲ့ ဖြစ်သွားကြလို့ပါ.. ကိုယ်က အတိုမ၀တ်ရဲလို့ စလုံးတောင် မသွားရဲဘူး..ကိုယ့်သူငယ်ချင်းတွေ ပါ အဲဒီလိုတွေဖြစ်ကုန်ကြတယ်..
i am very sad. i beliver that she have strong stree . so she chooses that way.
ဘယ်တော့ မှ အရှုံးမပေးပါနဲ့ ....ကျွန်တော်လည်း အရှုံးမပေးခဲ့ပါဘူး...
ဘေးလူအနေနဲ့ ကြည့်ရင်တော့သူ့ကိုသနားလည်းသနား အပြစ်လည်းပြောမိမှာပဲ ဒါပေမယ့် ကိုယ်ကိုတိုင် သူ့နေရာမှာဆိုရင် ကိုယ်လည်း အဲလိုလုပ်မိချင်လုပ်မိနေမှာပေါ့ သူ့မှာ ဘယ်လောက်စိတ်ဖိစီးမှုတွေများနေလည်းဆိုတာ ကိုယ်မှမသိတာ
"စင်္ကာပူကမြန်မာမတွေကတော့ ဒုက္ခပါပဲ
ကွန်းသေးသေးလေးပေါ်မှာနေပြီး တစ်ကျွန်းစိတ်တွေ ဝင်နေတယ် အမြင်တွေကျဥ်းမြောင်းလှပါလား
ဒီဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် စင်္ကာပူက မြန်မာတွေ ဘာသာရေးနဲ့ ဘယ်လောက်များ အလှမ်းဝေးနေလဲဆိုတာ သိသာစေတယ်
စာပေဟောပြောပွဲတွေ၊ တရားပွဲတွေ လုပ်တာအများဆုံးကလည်း စင်္ကာပူပဲ
ကိုယ့်ကိုယ်ကို သတ်သေတာအများဆုံးကလည်း စင်္ကာပူပဲ"
ကြားရတာစိတ်မကောင်းပါဘူး
ှအခုလိုတော့......၀ါးလုံးရှည်နဲ့ ပတ်မရမ်းပါနဲ့......
ကိုယ့်မြန်မာနိုင်ငံအတွင်းမှာပဲ...လူသိမများပဲနဲ့ suicide လုပ်တဲ့အဖြစ်တွေလဲရှိနေတာပဲလေ......အရင်ဘ၀အထုံပါလာတယ်လို့ ပဲမှတ်ပါတယ်.......
"စာပေဟောပြောပွဲတွေ၊ တရားပွဲတွေ လုပ်တာအများဆုံးကလည်း စင်္ကာပူပဲ".....ဟုတ်ပါတယ်
ဒီပွဲတွေကြောင့်အကျိုးကျေးဇူးတွေလဲအများကြီးရှိပါတယ်
Sad story and sad more for her soul! We need to live in Jesus Christ because He is living God now and forever!!
ဘ၀မှာအဆင်မပြေ-အားနည်းချက်တွေရှိနေတဲ့သူတွေကို
ကိုယ်ချင်းစာနာစိတ်ကလေးထားပြီးအားပေးစကားလေးပြောကြပါခင်ဗျာ
နောက်ဆုံးအားပေးစကားမပြောချင်ရင်တောင်ဝေဖန်အပြဏ်တင်တဲ့စကားမျိုးတော့မပြောမိကြပါစေနဲ့
တခါတလေ
မရှက်တမ်း ၀န်ခံရရင်
ကျွန်မလဲ သေချင်လောက်အောင်
စိတ်ညစ်ဖူးတယ်။
ပျော်ပျော်နေပါ စိတ်မညစ်နဲ့ စတဲံ
စာတွေ ပရင့်ထုတ်ပြီး နံရံမှာ အပြည့်ကပ်ထားလိုက်တယ်
မိုးလင်းတာနဲ့ အဲစာတွေမြင်ပြီး
အားအင်အပြည့်နဲ့ ကျွန်မ အလုပ်ကို သွားနေခဲ့တာ ..
fuck ရှက်စရာပဲမြန်မာတွေအဲလောက်တောင်စိတ်ဓါတ်ခွန်အားပျက်ပြားနေကြဘီလား
ဘာနေရာမှာပဲဖြစ်ဖြစ် ယူတတ်ရင်တော့ပညာပေါ့ စာပေဟောပြောပွဲလည်းသူပေးတဲ့
ပညာကိုကိုယ်ကရအောင်ယူပေါ့ မဟုတ်တာပဲတွေးယူရင်တော့ဘယ်ရမလဲ သတ်သေ
တယ်ဆိုတဲ့သူတိုင်းမှာလည်း လူသိမခံနိုင်တဲ့အရာတွေလည်းရှိချင်ရှိမှာပေါ့လေ ဘယ်သူမပြုမိမိမှုပါပဲ အသိဥာဏ်ရယ် မိတ်ဆွေအပေါင်းသင်းကောင်းရယ် မရှိတဲ့
အတွက် ဒီလိုတွေဖြစ်သွားတာ စိတ်မကောင်းဖြစ်မိပါတယ်
ဒီ Case တွေမှာအကြမ်း အားဖြင့်မိန်းခလေးတွေဟာ စိတ်အားငယ်တတ်ကျတာပါပဲ အလုပ်ခွင် ဖိအား (သို့  မဟုတ်) လူငယ်များသဘာဝ အရမှားတတ်ကျပြီးမဖုံးနိုင်မဖိနိုင်ဖြစ်ကျတာပါပဲ
ကျွန်တော်တို့  က ဒါကိုကာကွယ်ရမယ်အားပေးရမယ်
ကျွန်တော်ကတော့
စိတ်ပျော်ရွှင်စေအောင်အွန်လိုင်းပေါ်မှ့  အရာအားလုံးကိုမိန်းခလေးမျာအတွက် ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင် ဒီစာမျက်နှာမှ့  မိတ်ဆွေများက လမ်းညွှန်ပေးပါ lwinphyu.chef@gmail.com ဆီသို့  ဆက်သွယ်နိုင်ပါတယ် ကိုယ်ရေးကိုတာလုံခြူံမှု့  အပြည့်ပေးပါသည်၊။
i feel awfully sorry about that and i really pray that she is okay and fine and free from what is happening now to her.
ဒီထက်ဆိုးတာက သင်တို့ကြည့်ကြည့်နေကြတဲ့ ကိုရီယားနိုင်ငံပါပဲ။
အပြင်ကလူတွေမကပဲမင်းသားမင်းသမီးတွေတောင်
ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံကြတယ်ဆိုတာ
ဘာကြောင့်လို့ထင်ပါသလဲ
Stress တွေကို မခံနိုင်ရင်လည်း မြန်မာနိုင်ငံကိုပဲ ပြန်လာကြပါလားနော်။ လောကမှာ ပိုက်ဆံတွေ သင်ညာတွေကအရေးမကြီးပါဘူး။စိတ်ချမ်းသာဖို့ကအရေးကြီတယ်နော်။အဲဒါကိုမိသားစုတွေကလည်းနားလည်ပေးဖို့လိုတယ်နော်။ကိုယ့်မိသားစု 0င်တစ်ယောက် နိုင်ငံခြားမှာဘယ်လောက်စိတ်ညစ်နေတယ်ဆိုတာမသိပဲ လိုအင်တွေပြည့်ဖို့တောင်းဆိုနေကြမယ်ဆိုရင်.. ထွက်ပေါက်မှားတဲ့အဲလိုကိစ္စတွေ ထပ်ထပ်ဖြစ်နေအုန်းမှာပဲ။ ကိုယ်နိုင်တဲ့အားနဲ့ပဲ ရုံးခိုင်းရင်အောင်မယ်။ မြန်မာပြည်မှာလူတိုင်းကားမစီးနိုင်ပေမဲ့လူတိုင်းထမင်းစားနိုင်သေးတယ်။
ခု မှ ၇န်ကုန်က သူငယ်ချင်း ကပြော လို့ သေချာ ကြည့်မိတာ .. ဂျင်းဘောင်းဘီ ဇစ်က ပြုတ်နေတယ်နော် ... ခုန်ချ တဲ့ အရှိန်နဲ့ အောက်ေ၇ာက်လာ ချိန်မှာ ကွဲ တာ လား..ဒါမှမဟုတ်
တစ်ခုခု ဖြစ်လာတာ လား .. သေကြောင်းကြံတာ ရော သေချာ ရဲ့ လား လို့ တွေး မိ လို့ ပါ ...ဒီမှာ နေရတာ စိတ်ညစ်မှု တွေ
စိတ်ဖိစီးမှုတွေ အပြည့်နဲ့ ဆိုတော့ ကိုယ်ချင်းစာပါတယ် .. ဒါပေမဲ့ ဒီလိုနည်း တော့ မဖြေရှင်းသင့်ဘူးပေါ့......
မတရားခံရတာဟုတ်မဟုတ် ဖော်ထုတ်ပေးကြရင်ကောင်းမှာ။
ဟုတ်ပါတယ်... သူတို့ ဘာသာ သူတို့ ရဲ့ Personal Case တွေကြောင့်
စိတ်ဖိစီးပြီး သေကြောင်းကြံကြတယ်လို့ ပဲထင်ပါတယ်။ စင်ကာပူ
ရောက်မှ သေကြတယ်ဆိုပြီးတော့ တုတ်ရှည်ရှည်နဲ့ တော့
ပတ်မရမ်းပါနဲ့ ။ လူတိုင်းက စိတ်ဖိစီးလာကြရင်တော့ မလုပ်သင့်တာ
လုပ်မိကြတာပါပဲ။ နောက်တစ်ခု..ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်လူမျိုးတွေ
စင်ကာပူကိုရောက်တော့ ဘုရားသွားကျောင်းတက်လုပ်ဖို့ ဆိုရင်
သွားရလာရ အခက်အခဲနဲ့ ရန်ကုန်မှာလို သိပ်မလုပ်ဖြစ်ပါဘူး။
အိမ်မှာပဲ တစ်နေ့ တစ်ခါ ဘုရားရှိခိုး လောက်ပဲ လုပ်ဖြစ်ကြတာပါ။
ဒါကြောင့်ပဲ... တရားပွဲတွေကို အခွင့်အခါသင့်တာနဲ့ အမျှ အားလုံး
စုပေါင်းပြီးတော့ ကောင်းမှုကုသိုလ်လုပ်ပြီး မေတ္တာ ဘာဝနာ ပွားများ
ကြတာပါ။ ပြီးတော့ တရားလာရောက်ဟောကြားတဲ့ ဘုန်းတော်ကြီး
တွေကလည်း ကျွန်တော်တို့ ရန်ကုန်မှာကတည်းက ကြည်ညိုလာရတဲ့
ဘုန်းတော်ကြီးတွေပါ။ ဘာမှဆိုင် ညာမဆိုင် ... အခု Suicide လုပ်တဲ့
ကိစ္စကနေ စင်ကာပူက တရားပွဲတွေပဲ ရောပြီး ဆွဲထည့်လို့ ဝင်ပြောတာပါ။
ခင်ဗျားလည်း ဗုဒ္ဓဘာသာ ကျွန်တော်တို့ တွေလည်း ဗုဒ္ဓဘာသာပါပဲ။
အလကားနေရင်း ကောင်းတာလုပ်တာကို မစော်ကားပါနဲ့ ။
တော်သေးလို့ပေါ့..မသေလို့.....သေလို့ကတော့...ကျွတ်မှာမဟုတ်ဘူး....
စိတ်ကို ဦးနှောက်ကမနိုင်လိုသေခြင်းနဲ့ရင်ဆိုင်ရတယ်ဒုက္ခကိုရင်ဆိုင်ရတယ် သေသွားရင်တော်သေးရဲ့ ကျိုးပဲ့ရုံဆိုရင်တော့ ...ဘာကိုယိုးမယ်ဖွဲ့ရတော့မလဲ ဒီလိုဖြစ်ရပ်တွေဖတ်သူတိုင်း ဒေါသထွက်ရမလို ဝမ်းနည်းရမလို ဖြစ်တတ်ပါတယ်လူတိုင်း အဲဒီတော့ သက်ဆိုင်သူအားလုံး မသက်ဆိုင်သူအားလုံး ကွန်မန့်ဖတ်သူအားလုံး အကုသိုလ်တရားတွေ မပွါးများမိဖို့ ထိန်းသိမ်းကြလော့ .....။
လူကသေခါနီးနေပြီ...ရမက်မီးကတောက်နေတုန်း။ ဒီလိုလူမျိုးကို သူတောင်းစားဖြစ်တာတောင် ပိုက်ဆံမလှူဘူး။ လောကမှာ ဒီလိုလူတွေရှိတာ လောကအလှ ပျက်စီးတယ်....
မှတ်ချက်------ ထက်ရာဇာ စာဆီသို့ ပြောင်းလဲပြီး ဖတ်ပါ ခင်ဗျာ။ တောင်းပန်ပါတယ်... ရောသွားလို့ပါ။ ဟိ..ဟီ...ဟီးးးးးးဍ
ေ၇ွ့ ပြောင်းအလုပ်သမား ရေ သေ လိုက် ပါ တော့။ လွတ် လွတ် လပ် လပ် သေ လို့ ရ ပါ တယ်။
လူတိုင်းမှာတော့စိတ်ညစ်စရာတွေကတော့ရှိကြတာပေါ့ ဒါပေမယ့် ကိုယ့်အသက်ကိုတော့ သတ်သေရလောက်အောင်အထိတော့စိတ်မညစ်သင့်ဘူးလို့ ထင်ပါတယ်
Thu myar tai pyi mar dote kha tote kha nae nay ya mae a tu tu koe tai pyi mar pal family nae dote kha khan nay tar ka po kg mal loe htin par tal .
အော်....သူတစ်ခွန်းငါတစ်ခွန်းပြောနေကြတာတယ်ဟုတ်ကြပါလား....
ဘယ်သူကမှဘာတက်နိုင်မှာမို့လိုလဲ...လူတိုင်းလူတိုင်းနော်ဘာပဲလုပ်လုပ်အရင်စဉ်းစားကြပေါ့နော်...
တစ်ခုခုလုပ်တော့မယ်ဆိုရင်...သုခ ကိုအရင်မစဉ်းစားပါနဲ့ ဒုက္ခကိုအရင်စဉ်းစားကြပါ...ခံနိုင်ရည်စွမ်းရှိမှဆက်လုပ်ကြပါ
နိုင်ငံခြားဆိုပီးသွားကြမယ်ဆိုရင်အရမ်းပျော်နေတာများပါတယ်
ငွေမရှိရင်နေပါစေကိုယ့်နိုင်ငံလောက်တော့......အခြားနိုင်ငံတွေမှာ....
အခွင့်အရေး....လွတ်လပ်မှု...ပျော်ရွင်မှု.ဘာတခုမရှိကြဘူးဗျာ...
စဉ်းစားပီးလုပ်ကြပေါ့နော်......
ရှင်တို့က အိမ်ဖော်တွေဘယ်လိုနေရတယ်ဆိုတာသိလို့ အပြစ်တင်နေတာလား မသိရင်သူများကိုအပြစ်တင်မယ့်အစား အားပေးတဲ့စာလေးရေးခဲ့ပါလား
လူတိုင်းမှာ ပြသနာကိုယ်စီရှိကြတာပါဘဲ အကြီးအသေး၊ အနဲအများတော့ကွာကြမှာပေါ့၊ ကိုယ်မကြုံဘူးလို့ကိုယ်ချင်းမစာနာတက်ဘူးဆိုတာတော့မဖြစ်သင့်ပါဘူး၊ ကိုယ့်ကိုကိုယ် သတ်သေတဲ့သူ အများစုမှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအများကြီးရှိနေတက်ကြပါတယ်။ စိတ်ကျရောဂါဆိုတာလဲ ကြားဖူးကြမှာပါ၊ အဲလိုအချိန်မျိုးမှာ နွေးထွေးတဲ့ ပတ်ဝန်းကျင်ကနေ ကူညီဖေးမမှုတွေရနေမယ်ဆိုရင်တော့ အကောင်းဘက်ကိုပြန်ရောက်သွားနိုင်ပေမယ့် ပတ်ဝန်းကျင်ရဲ့ ဖိအားပေးမှုကိုပါထပ်ပြီးခံစားနေရသူအဖို့တော့ ဖြစ်နိုင်ပါတယ်။ ဒါကိုဘာသာတရားအသိမရှိတော့ဘူးလားလို့တော့ပြောဖို့ခက်မှာပါ၊ သူ့ရဲ့စိတ်ကပုံမှန်စိတ်မှမရှိနိုင်တာဆိုတော့ အကောင်းအဆိုးခွဲခြားနိုင်မှာမို့လား ဘာဘဲဖြစ်ဖြစ် ကိုယ်တွေဘက်ကအကောင်းဆုံးကူညီချင်တယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာဘဲ နားလည်မှုတွေနဲ့ဝိုင်းဝန်းကူညီပေးကြပေါ့ အဝေးရောက်နေတဲ့ မြန်မာတွေရဲ့ စိတ်ခံစားချက်က အ၀းရောက်နေတဲ့သူတွေကပိုပြီးနားလည်မှာပါ
အင်းanonoymousပြောတ်ာတော့ဟုတ်ပါတယ်။ဒါပေမယ့် ပျက်သနာတစ်
ခုကိုအခုလို သေကြောင်းကြံရုံနဲ့ပြီးသွားမယ်လို့ထင်တာကိုက တော်တော်ရှက်ဖို့ကောင်းနေပြီ။ပျက်သနာတိုင်းမှာ ဖြေတစ်ခုတော့ရှိကျစမြဲ
ဘဲမဟုတ်လား။ဒီဖြေရှင်းချက်ကိုမရှာဘဲ ထွက်ပေါက်အနေနဲ့ သေကြောင်းကြံတာတော့ဘယ်ကောင်းမလည်း။လူဆိုတာကောင်းတာကို အတုခိုးတတ်ခဲတယ် မကောင်းတာဆိုရင်တော့ သတွေမတိမ်းလိုက်လုပ်တတ်ကျတဲ့အမျိုးဗျာ့။အဲ့ဒီလို မကောင်းတာတွေကိုအားကျမိမှာ ကျွန်တော်စိုးရိမ်မိတယ်ဗျာ...။
စတ္တုထမြောက်လူရှိမလာပါစေနဲ့လို့ ကျွန်တော်ဆုတောင်းလိုက်ပါတယ်...။
Do u know what is the problem inside her?If u don't know do not write down passive view on your side.Sometime we can face like her so what r u doing? pls write down and comments on your view.If you.........?????????????
တတ်နိုင်သမျှ.....အားပေးကြပေါ့ဗျာ
ဖန်ခါးသီးငါးရာကို ငါးခါ စားချင်ပီ ထင်ပါ့...
Singapore မှာ မြန်မာအမျိုးသမီးများ အိမ်ဖော်လုပ်ကိုင်မှု ရာနှုန်းမြင့်တက်လာတာကို အဲဒီက မြန်မာလုပ်သားAgency တွေ စီးပွားမဖက်ပဲလိုအပ်တဲ့အကူညီပေးသင့်ပီ...
ကိုးရီးယားကို အားကျလို့ ထင်တယ်.........
ကောင်မလေးတွေ.....
ကိုယ့်ကိုကိုယ်သက်သေကျတယ်..........
ိဒီဖြစ်ရပ်ကနေပြီး နိုင်ငံခြားမှာအလုပ်သွားလုပ်မဲ့ မြန်မာအမျိုးသမီးတို့ကို သင်ခန်းစာယူစေခြင်ပါတယ်။
စင်္ကာပူကမြန်မာမတွေကတော့ ဒုက္ခပါပဲ
ကွန်းသေးသေးလေးပေါ်မှာနေပြီး တစ်ကျွန်းစိတ်တွေ ဝင်နေတယ်
အမြင်တွေကျဥ်းမြောင်းလှပါလား
ဒီဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် စင်္ကာပူက မြန်မာတွေ ဘာသာရေးနဲ့ ဘယ်လောက်များ အလှမ်းဝေးနေလဲဆိုတာ သိသာစေတယ်
စာပေဟောပြောပွဲတွေ၊ တရားပွဲတွေ လုပ်တာအများဆုံးကလည်း စင်္ကာပူပဲ ကိုယ့်ကိုယ်ကို သတ်သေတာအများဆုံးကလည်း စင်္ကာပူပဲ
စာပေဟောပြောပွဲတော့ သွားမပြောနဲ့
သီချင်းဆိုပြီး ပြန်သွားတဲ့ ဆရာတွေနဲ့
အစိုးရကို စောင်းမြောင်းပြောပြီး ပြန်သွားတဲ့ ဆရာတွေ များတယ်
ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့၊ အမျိုးဂုဏ်စောင့်ထိန်းဖို့၊ ကိုယ့်အစွမ်းအစ ကိုယ့်ပညာနဲ့ တိုင်းပြည်ကို ပြန်ပြီး အလုပ်အကျွေးပြုဖို့
ဘယ်သူကမှ မတိုက်တွန်းဘူး။ စောက်တင်းချဖို့လောက်ပဲ တတ်တယ်။
စင်ကာပူမှ မဟုတ်ပါဘူး.. နိုင်ငံတိုင်းမှာ သူ.အခက်အခဲနဲ.သူရှိကြပါတယ်..
ကျမရောက်နေတဲ့ နိုင်ငံမှာလည်း ရှိပါတယ်..
သို.သော် ဘုရား၊တရား မမေ့ပဲ ကိုယ်ကလဲ လုံလ စိုက်ရင် အဆင်ပြေဖို.အခွင့်အရေးများပါတယ်..
ဒီမှာ တကယ်အဆင်မပြေဘူးဆိုတဲ့လူတွေက လက်ကြောမတင်းတဲ့သူတွေ..
မိန်းကလေးတွေဆိုလဲ character သိပ်မခိုင်တဲ့သူတွေ(အလုပ်ထက် အလှအပ၊အပျော်အပါး ဦးစားပေးသူ)တွေ ဖြစ်လေ့ရှိပါတယ်..
တကယ်တမ်း ရည်မှန်းချက်ရှိသူက ဒီမှာနေစဉ် အလုပ်ကြိုးစားလုပ် ပိုက်ဆံရှာပြီး တကယ်မနေနို်င်တော့ဘူးဆို ပြည်တော်ပြန်ကြပါတယ်..
စ လုံး မှာ မြန်မာတွေများပါတယ်..
အဲ့လိုပဲ သတင်းဆိုးတွေလည်း များပါတယ်...
မိန်းကလေးချင်း ကိုယ်ချင်းမစာဘူးလို.တော့ မထင်စေချင်ပါဘူး.
.မြန်မာမိန်းကလေး အများစုဟာ အဲ့ကို ရောက်သွားရင် အ၇မ်းလွတ်လပ်သွားလို. ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းမှု.မရှိတော့တာ များပါတယ်..လူပျိုမဆိုထားနဲ. အိမ်ထောင်သည်တွေနဲ.လဲ ဖောက်ပြန်ကြပါတယ်တဲ့..
ကျမရောက်နေတဲ့ နိုင်ငံက ယောင်္ကျားလေးတယောက် မြန်မာပြည်အပြန် စလုံးမှာ တည အိပ်စဉ် အတူလာအိပ်ပေးတဲ့ မြန်မာမလဲ ရှိပါသတဲ့...
ကိုယ်နဲ.လဲ မသိ သမီးရည်းစားလဲမဟုတ် မှားလေစွ...ဒီတော့ ယောင်္ကျားလေးက ပါးစပ်အရသာ ခံ ပြန်ပြောကြလို. သူများတွေသိတော့လဲ
မျက်နှာပူတတ်မှာလဲ မဟုတ်...အရက်၊ ဘီယာ သောက်တာလောက်ကတော့ ကော်ဖီသောက်သလောက်ပဲတွေကလည်း ရှိသေး..
ဖဲဝိုင်းမှာ ပျော်တတ်ကြတဲ့ မြန်မာတွေကလည်း မနည်း..အတိုအပြတ် အဖော်အချွတ်တွေကလည်း ခေတ်နောက်မကျစေရသေးပြန်ဘူး...
ဒါတွေကို သိထားတာကြာပေမယ့် ရေးပြန်ရင် မိန်းကလေးချင်း လွန်ရာ ကျမှာစိုးလို.ငြိမ်နေခဲ့တာ ..အခုတော့ ရေးပြီ..
ဘဝ အတွက် တကယ့်ကို အဆင်မပြေဖြစ်လို. ကြံမိကြံရာ ကြံလိုက်တဲ့ သူတွေကို စာနာသနားမိပေမယ့် တချို. မြန်မာမတွေကိုတော့ အော့ကြောလန်မိပါ၏
လူ.အသက်ဆိုတာ ရခဲပါ၏ အသက်ရှင် ကျန်းမာပါလျှင် အခု အဆင်မပြေတောင် ပိုအားစိုက်လိုက်ပါ
နိုင်ငံခြားသွား အလုပ်လုပ်ချင်တော့လည်း သူတို့ပဲ ဖလန်းဖလန်းထနေ ခုကျတော့လည်း ကြားလိုမှ မကောင်းအောင်လုပ်ကြပြန်ပြီ ပြီးရင်နိုင်ငံကို အပြစ်ပုံချအုံးမယ်။
ကျွန်လုပ်နေပြီး ကျွန်စိတ်မွေး ကျွန်စကားပဲ ပြော နေတာ။ဖြစ်နေတာ ဖြစ်တဲ့အ တိုင်းပြောရမှာ ပဲ။
ငါ့ကိုသာ သတ်လိုက်ပါတော့ဟဲ့
ငါ့ကိုသာ သတ်လိုက်ပါတော့ဟဲ့
ထားဝယ်စောက်ရုပ်ဆိုး မုညစ်ဖုရုပ်မိုချစ် NLD ကုလားဖြစ်နေတာ မသိဘူးလား နင်တို့ လင်မယား ကုလားNLD အဖွဲ့  ဝင်ဖြစ်သွားပြီလား ၈၈ယောင်ဝါးမနေနဲ့ ဆိုင်ပိတ်ပြီးသူတောငါးစားပဲလုပ်ပါလား
ခုန်ချတဲ့ သူ ဟာ ငါ့ ညီမ ငါ့အစ်မများဖြစ်နေရင်ဆိုတဲ့ အတွေးလေး နဲ့သာ တွေးကြည့်ကြပါဗျာ
ခုန်ချကြည့်ပါဦး....
လေထဲရောက်သွားပြီး ၃ စက္ကန့်မှာ ခြေထောက်နဲ့ ဘာနဲ့မှမထိသေးဖူး..
ဆိုတဲ့အသိဝင်လာမှ နောင်တရလာမှာ...မယုံရင်..
Diving Board ပေါ်ကနေအရင် မတ်တတ်ခုန်ချကြည့်လေ။
ဖြစ်ရလေ ကံကောင်းပါစေ
နိုင် ငံ ခြား သွား တိုင်း အ ထင် ကြီး တဲ့ မိ ဘ တွေ ကိုယ့် ရဲ့
သား သ မီး ဘယ် လို ငွေ ရှာ ဘယ် လို ဘ ၀ ကို စ တေး ရ
တယ် ဆို တာ သိ ပြီး ရင် နိုင် ငံ ခြား ကို သွား ရန် သ တိ
ထား ကြ စေ လို ပါ ၏
မောင် စေ တ နာ
သတ်သေသောသူများကင်းဝေးပါစေ။ msl
တော်တော်မိုက်မဲတာပဲ
စိတ် မ ကောင်း ပါ ဘူးရှင်
သေ​ပေါ့​သေချင်​ရင်​ဒါတရားသ​ဘော​တွေဘဲ
ဒီသတင်းကိုကြားကြားချင်းစိတ်မကောင်းဖြစ်မိတယ်။ သူ့ကိုဆေးရုံမှာသွားကြည့်သေးတယ် သူနဲ့တွေ့တော့ နောင်တရတယ်ပြောတယ်။သူအဲလိုလုပ်မိတာ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်