သတင်းလိမ်မှုများကြောင့် နယူးယောက်မှ မြန်မာ ၅၀ ကျော်က ဘီဘီစီကို ပြီးခဲ့တဲ့ သောကြာနေ့က ဆန္ဒပြမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဘီဘီစီ ကို ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ လန်ဒန် နဲ့ မလေးရှားမှာ ဘီဘီစီကို ဆန္ဒပြပြီး ဖြစ်သလို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာလဲ ဗြိတိသျှ သံရုံးရှေ့မှာ ဆန္ဒပြဖို့ လူစုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ အခုနောက်ဆုံး နယူးယောက်မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး နောက်ထပ်လည်း ဆန္ဒပြမှုတွေ ဆက်လုပ်အုံးမယ်လို့ သိရပါတယ်။
ဗြိတိန်အခြေစိုက် ဘီဘီစီ အသံလွှင့်ဌာနဟာ မြန်မာသတင်းတွေကို လိမ်ညာပြီး ထုတ်လွှင့်မှုတွေ များစွာလုပ်ခဲ့တဲ့အပြင် ဘီဘီစီ ရဲ့ facebook စာမျက်နှာမှာလဲ လွတ်လွတ်လပ်လပ်ဝေဖန်မှုတွေကို ဖျက်ပစ်တာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဘီဘီစီမှာ တာဝန်ထမ်းဆောင်နေသူ မြန်မာအများအပြားရှိပေမယ့် အဲဒီမြန်မာတွေကလည်း ဗြိတိလျှ အလိုကျ ကိုယ့်နိုင်ငံအကြောင်းကို ပိုက်ဆံရဖို့လိမ်ပေးနေကြပြီး သတင်းလိမ်မှုများအတွင် ကမ္ဘာတဝှမ်းက မြန်မာတွေ ဘီဘီစီကို ဆန္ဒပြခဲ့ကြပေမယ့် ဘီဘီစီကတော့ သတင်းလိမ်မှုတွေအတွက် ပြန်လည်တောင်းပန်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

Myanmar Express
2 comments:
နည်းတောင်နည်းသေးတယ်
လုပ်သင့်တာကြာပြီ
မြန်မာတွေကို စိတ်ဓာတ်ပျက်ပြားအောင်လုပ်နေကြတဲ့
စောက်ဆင့်မရှိတဲ့ BBc
BBC လိမ်နေသည်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်