Subscribe to our RSS Feed

၈၈ -ပြည်သူ့အင်အားစုပါတီ နှင့် မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အား နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြု


၈၈ - ပြည်သူ့အင်အားစုပါတီအား နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြု

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်များကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ဦးညွှန့်ဦးပါ ၁၉ ဦးတို့က လျှောက်ထားသည့် ၈၈ -ပြည်သူ့အင်အားစုပါတီ တည်ထောင်ခွင့် လျှောက်ထားချက်သည် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ ၈ ရက်တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။


မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအား နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြု

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်များကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ဦးဇင်အောင်ပါ ၁၈ ဦးတို့က လျှောက်ထားသည့် မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခွင့် လျှောက်ထားချက်သည် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွှတ်ကြောင်းတွေ့ရှိရသဖြင့် ကော်မရှင်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း

Link


Myanmar Express

1 comments:

နောက်ဆုံးတော့လည်း မင်းတို့ပဲ ရှုံးတာပဲမလား
ဘယ်နှခါများနိုင်ဘူးကြတုန်း
သောက်သုံးမကျတဲ့ အတိုက်အခံတွေ
ဘာအရည်အချင်းမှကို မရှိကြဘူး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်