Subscribe to our RSS Feed

တစ်ကမ္ဘာလုံးမှ ကားကုမ္ပဏီများ မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည်


မြန်မာနိုင်ငံတွင်း၌ ပြန်လည်ရောင်းချပေးမည်ဆိုပါက မည်သည့် နိုင်ငံမှ ကားထုတ်လုပ်သည့် ကုမ္ပဏီကိုမဆို မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါ သည်။

အဓိကအားဖြင့် ပြည်တွင်း၌ နိုင်ငံသားများ အလုပ်အကိုင်အခွင့် အလမ်းပေါများစေရန်အတွက် ဖြစ်ကြောင်း၊ ထုတ်လုပ်လိုသည့်နိုင်ငံများအနေဖြင့် MIC ဖြင့်လာရောက် ဆွေးနွေးနိုင်ကြောင်းနှင့် သတ်မှတ်ချက်ဖြင့်ညီပါက အမြန်ဆုံး ပြန်လည် ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။

"ဘယ်နိုင်ငံကမဆို သတ်မှတ်ချက်နဲ့ ညီရင် အမြန်ဆုံး ခွင့်ပြုပေးသွားမှာပါ။ MIC နဲ့လည်းလာပြီး ဆွေးနွေးနိုင်ပါတယ်။ အဓိကအချက်ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများအောင်လို့ပါ။ ဒီမှာက အလုပ်အကိုင် မပေါသေးတဲ့အတွက် ၀င်ငွေနည်းတယ်၊ ပြည်ပမှာထွက်ပြီး အလုပ်လုပ်ကြရတာတို့ ဖြစ်နေတာ။ ဒါကြောင့် Show Room ထက် ကားထုတ်လုပ်မယ်ဆို ပိုပြီးခွင့်ပြုပေးသွားမှာပါ။ Show Room ကနောက်မှသာ တစ်ဖြည်း ဖြည်းခွင့်ပြုမှာ။ Show Room ဆိုရင် လူလေး လေးငါးယောက်ပဲ အလုပ်ရမှာ။ ကားထုတ်လုပ်ရင် လူအများကြီး အလုပ်အကိုင်ရမှာ။ ဒါပေမယ့် ကားထုတ်လုပ်တဲ့အခါမှာတော့ ဘယ်နိုင်ငံ ဘယ်ကားကုမ္ပဏီရဲ့ Under License နဲ့ထုတ်မယ်။ ပြည်တွင်းမှာပဲ ပြန်ရောင်းပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့တော့လိုတယ်။ Proton လည်းပေးမယ်၊ Toyota လည်းပေးမယ်။ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ်ပေးမယ်။ ရင်းနှီးမြှုပ်နှံမှုတွေလာမှ နည်းပညာတွေ တိုးတက်လာမယ်၊ အလုပ်အကိုင်တွေ များလာမယ်။ Foreign Investment ၁၀၀% လက်ခံမယ်။ ရှေ့လျှောက် JV, PPP အကုန်လက်ခံပေးသွား မယ်" ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောကြားခဲ့ပါသည်။

"ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ လာဘ်ပေးလာဘ်ယူကြားရင် တိုင်ကြားပါ။ ဖြေရှင်းပေးမယ်" ဟု လည်း MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ထပ်မံ ပြောကြားခဲ့ပါသည်။

http://groups.google.com/group/mayanmardailymail
မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်