ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ Mohammad Hamid Ansari နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ Meira Dumar(Smt)တို့၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။ ''အိန္ဒိယနိုင်ငံ လွှတ်တော်အတွေ့အကြုံတွေ၊ လုပ်ဆောင်ချက်တွေကို သွားကြည့်ပြီးတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံနဲ့သင့်တင့်တဲ့ ဖွဲ့စည်းမှုတွေ၊ လုပ်ဆောင်မှုတွေ ဒါတွေကို ပြန်သုံးသပ်ပြီး ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီခရီးဟာ လေ့လာရေး သက်သက်ဖြစ်ပြီးတော့ လေ့လာတွေ့ရှိချက်ပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ အနီးဆုံးလွှတ်တော်မှာ ကျင်းပမယ့် urgent ကိစ္စတွေ၊ စီမံကိန်းကိစ္စတွေ၊ အခွန်ကိစ္စများကို အခုအိန္ဒိယလွှတ်တော်မှာ လည်း ဒီကိစ္စတွေ ဆောင်ရွက်နေတာကြားတဲ့အတွက် ကျွန်တော်တို့သွားတဲ့အချိန်နဲ့ ကွက်တိပါပဲ။ ဒါကိုလေ့လာပြီး ဒီပြန်ရောက်တဲ့အခါမှာ ဟိုကရလာတဲ့ အတွေ့အကြုံတွေရယ်ကို လာမယ့်လွှတ်တော်ကျရင် ကျွန်တော်တို့ သက်ဆိုင်ရာကော်မတီတွေက လွှတ်တော်မှာ ဥပဒေကြမ်း၊ အထူးသဖြင့်တော့ ဒီရသုံးမှန်းခြေငွေစာရင်းနဲ့ ဒီဥပဒေကြမ်းကိစ္စတွေရော အလေးထားဆောင်ရွက် နိုင်ဖို့အတွက် ဒီခရီးစဉ်ကို သွားခြင်းဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ အဆိုပါ အိန္ဒိယခရီးစဉ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ လွှတ်တော်ရေးရာကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအချို့ လိုက်ပါသွားမည်ဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် လွှတ်တော်အဆောက်အအုံ ဆောက်လုပ်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် လွှတ်တော်ရုံးမှ ၀န်ထမ်းများလည်း လိုက်ပါသွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း
http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း
Myanmar Express



0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်