နိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် ဆက်လက်လျှောက်လှမ်းနေခြင်း၊ တပ်မတော်အနေဖြင့်လည်း အဓိကလုပ်ငန်း တာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေး တာဝန်အပြင် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်သော ဒေသများ၌ ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်တို့၏ သဘောထားအမှန်ကို သိမြင်လာကြသော သောင်းကျန်းသူအဖွဲ့ဝင်များသည် ၄င်းတို့၏ လုပ်ရပ်များအပေါ် နားလည်သဘောပေါက်လာပြီး နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တို့၏ ရင်ခွင်သို့ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်လျက်ရှိသည်။ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အောက်တိုဘာ ၂၅ ရက်တွင် ကေအိုင်အေ(ကချင်) အဖွဲ့မှ ဒုတိုက်နယ်မှူးအဆင့်ရှိ အိုက်စံသည်လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် ဗိုလ်ကြီးအဆင့်ရှိ တက်ကယ်(ခ) အိုက်လီသည် အမ်-၂၂ သေနတ်တစ်လက်၊ ကျည်ငါးထောင့်၊ ဒုတပ်ခွဲမှူး အဆင့်ရှိ ဆန်နှုတ်သည် အမ်-၂၁ သေနတ်တစ်လက်၊ ကျည်ငါးထောင့်၊ တပ်ကြပ်အဆင့်ရှိ ကော်လာသည် အမ်-၂၁ သေနတ်တစ်လက်၊ ကျည်ငါးထောင့်တို့ဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၂၂ ရက်တွင် ကေအိုင်အေ(ကချင်) အဖွဲ့မှ တပ်သားအဆင့်ရှိ ဟုန်ရှင်းကွမ်သည် အမ်-၂၂ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ငါးထောင့်၊ ပွိုင့်-၃၈ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်လေးထောင့်၊ တရုတ်လက်ပစ်ဗုံးတစ်လုံး၊ တပ်သားအဆင့်ရှိ ရင်ကွယ်ရွှင်သည် အမ်-၂၂ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ငါးထောင့်၊ တရုတ်လက်ပစ်ဗုံးတစ်လုံးတို့ဖြင့် လည်းကောင်း လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့ကြသည်။ အဆိုပါ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့သူများအား နယ်မြေခံတပ်မှ တာဝန်ရှိသူများက လှိုက်လှဲပျူငှာစွာ ကြိုဆိုကြပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အလားတူ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ရန် ကျန်ရှိနေသေးကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း
http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်