Subscribe to our RSS Feed

အီရန်နိုင်ငံက အမေရိကန် မောင်းသူမဲ့လေယာဉ်ကို ပစ်ချ


တေရန်- အီရန်နိုင်ငံ၏ စစ်တပ်က ဒီဇင်ဘာလ ၄ ရက်နေ့၌ အာဖဂန်နစ္စ တန်နှင့် ပါကစ္စတန်နယ်စပ် ဒေသများအနီး ၎င်း၏ ပိုင်နက် အတွင်း အမေရိကန်မောင်းသူမဲ့စစ်လေယာဉ် တစ်စင်းကို ပစ်ချလိုက်ကြောင်းပြောပြီး ထိုကျူးကျော်မှုအတွင်း ၎င်းက လက်တုံ့ပြန် မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အီရန်မီဒီယာက ဖော်ပြခဲ့ပါတယ်။

အာဖဂန်နစ္စတန်ရှိ နေတိုးဦးဆောင်သော စစ်တပ်က အီရန်ပစ်ချလိုက်သော မောင်းသူမဲ့လေယာဉ်သည် အမေရိကန်ပြည်ထောင်စုပိုင် ဖြစ်ဖွယ် ရှိသည်ဟုပြောသည်။

"အီရန်ကပြောတဲ့ အမေရိကန် မောင်းသူမဲ့လေယာဉ် ယူအေဗီဟာ လွန်ခဲ့တဲ့သီတင်းပတ် နောက်ပိုင်း၌ အာဖဂန်နစ္စတန် အနောက်ပိုင်း အပေါ် ထောက်လှမ်းရေး ပျံသန်းနေတဲ့ အမေရိကန်လေယာဉ် ဖြစ်တယ်ဟု (International Secrurity Assistance Force (အိုင်အက်စ်အေအက်ဖ်)က ပြောသည်။

အီရန်နိုင်ငံမှ အာရပ်ဘာသာစကားဖြင့် ထုတ်လွှတ်သော ဂြိုဟ်တုလိုင်းက RQ-70 မောင်းသူမဲ့လေယာဉ်သည် လွန်ခဲ့သော နာရီ အနည်း ငယ်က ပစ်ချခံရကြောင်း တနင်္ဂနွေနေ့ညပိုင်း၌ သတင်းဖော်ပြသည်။

အီရန်၏ အရှေ့ပိုင်းနယ်စပ်ဒေသ နယ်မြေကို ခေတ္တ၀င်ရောက်ပြီးနောက် အဆင့်မြင့်ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ် RQ-70 ပစ်ချခံရကြောင်း ၎င်းသည် အနည်းငယ်သာပျက်စီးသွားပြီး စစ်တပ်က ထိန်းသိမ်းထားကြောင်း Fars သတင်းဌာနက ပြောသည်။
အမေရိကန်တို့၏ ခေတ်အမီဆုံး မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ်တစ်စင်းကို အီရန်နိုင်ငံ အစိုးရပိုင်ရုပ်သံများက တရားဝင်ပြသလိုက်ပါတယ် ။ အဆိုပါလေယာဉ်ဟာ RQ-170 Sentinel အမျိုးအစားဖြစ်ပြီး အမေရိကန်တို့ရဲ့ နောက်ဆုံးပေါ်နည်းပညာသုံး လေယာဉ်ဖြစ်ပြီး ကမ္ဘာကအထူးစိတ်ဝင်စားနေတဲ့ လေယာဉ်လည်းဖြစ်ပါတယ် ။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က အီရန်ပိုင်နက်အတွင်းမိုင် ၁၄၀ လောက်အကွာမှာ အီရန်အီလက်ထရောနစ် စစ်ဆင်ရေးတပ်ဖွဲ့ဝင်များက လေယာဉ်ရဲ့ ထိန်းချုပ်ရေးစံနစ်ထဲဝင်ရောက်ပြီး ပျက်ကျစေခဲ့တာဖြစ်တယ် လို့လည်း အီရန်တို့ကဆိုပါတယ် ။

အလွန်မြင့်မြင့်ပျံသန်းပြီး ထောက်လှမ်းသည့် RQ-70 ကင်းထောက် လေယာဉ်တည်ရှိမှုကို ၂၀၀၉ ခုနှစ်၌ အထူးလေ့လာစစ်ဆေးမှုက ထုတ်ဖော် ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် အမေရိကန် လေတပ်က နောက်ပိုင်း၌ အတည်ပြု ခဲ့သည်။

ဇန်န၀ါရီလ၌ အီရန်လေပိုင်နက်ကို ကျူးကျော်လာသော အမေရိကန် မောင်းသူမဲ့လေယာဉ် နှစ်စင်းကို အီရန် တပ်ဖွဲ့များက ပစ်ချခဲ့ ကြောင်းကြေညာခဲ့သည်။

ထိုလေယာဉ်ကို အများ ပြည်သူ ကြည့်ရှုနိုင်ရန် ပြသထားမည်ဟု အီရန် ကပြောသည်။

အီရန်က ၎င်းလက်ဝယ်ရှိသော အမေရိကန် မောင်းသူမဲ့လေယာဉ်များကို ရုရှားကျွမ်းကျင်သူများ၏ တောင်းဆိုချက်အရ ပြသခဲ့သည် ဟု Guard's Aerospace Unit ၏ တပ်မှူး ဗိုလ်မှူးကြီး အမာအလီဟာဂျီ ဇာဒီက ဇွန်လ၌ပြောသည်။

ရုရှားကျွမ်းကျင်သူများက ပစ်ချခံရသော မောင်းသူမဲ့လေယာဉ်များနှင့် Guards က နောက်ကြောင်းပြန် အင်ဂျင်နီယာ အတတ်ဖြင့်ပြု လုပ်ထားသော ပုံစံငယ်များကိုလည်း ကြည့်ရှုကြကြောင်း ၎င်းကပြောခဲ့သည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း




Myanmar Express

1 comments:

ဒို့နိုင်ငံလည်း သူတို့လိုတိုးတက်ဖို့
ကြိုးစားကြပါစို့..။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်