Subscribe to our RSS Feed

နိုင်ငံရေး၊ နိုင်ငံတကာရေးရာ နှင့် ယနေ့ တပ်မတော်


"ယနေ့မှစပြီး တပ်မတော်ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင် ကြမယ့် ရဲဘော်တို့ဟာ နောင်တစ်ချိန်မှာ နိုင်ငံတော်တာဝန်နှင့် တပ်မတ်ာတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်တယ်။

ရဲဘော်တို့ဟာ စစ်ရေးအမြင်တစ်ခုတည်းရှိနေရုံဖြင့် မလုံလောက်တော့ဘူး။ စစ်ရေးဆိုတာ နိုင်ငံရေးနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေသကဲ့သို့ နိုင်ငံရေး ဆိုတာကလဲ စီးပွားရေးနှင့် အပြန်အလှန် မှီတည်လျှက် ရှိနေတယ်။

ယနေ့ဆင်နွှဲနေသော ခေတ်သစ်စစ်ပွဲများဟာ လက်နက်ကိုင်တိုက်ခိုက်တဲ့ စစ်ရေးသက်သက်မဟုတ်တော့ဘဲ Multi Dimensional Warfare ဆိုတဲ့ ဘက်စုံစစ်ပွဲအသွင်ဖြင့် ဆင်နွှဲနေသကဲ့သို့ စစ်ရေးမဟုတ်သော စိမ့်ဝင်မှုများဖြင့်လည်း စိမ့်ဝင်တိုက်ခိုက်နေတာကို တွေ့မြင်လာရတယ်။

ဒါ့ကြောင့် ရဲဘော်တို့ဟာ စစ်ရေးအမြင်သာမက နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင် နှင့် နိုင်ငံတကာရေးရာ အမြင်များဖြင့်ပါ ပြည့်စုံနေအောင် အမြဲကြိုးစား ဆောင်ရွက်ဖို့လိုအပ်တယ်။

အဲဒီလို ပြည့်စုံနေမှလည်း နောင်တစ်ခေတ်၏ အောင်စစ်သည်ဆိုသည့် စစ်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်မှ အားထားရသော လက်ရုံးရည်၊ နှလုံးရည် နှင့် ပြည့်စုံသည့် ခေါင်းဆောင်များ ဖြစ်လာမှာ ဖြစ်တယ်။"

«တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ၀၉-၁၂-၂၀၁၁ ရက်နေ့ မိန့်ခွန်းမှ ကောက်နှုတ်ချက်»

http://www.mee-pya-tite.com/ မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

3 comments:

သိပ်ကောင်းပါတယ်
စစ်တပ်ဆိုတာ နိုင်ငံရဲ့ မရှိမဖြစ်တဲ့ ခြံစည်းရိုးပါ
ပြည်သူတွေဘဝ လုံခြုံစိတ်ချရဖို့ စစ်တပ်ထဲမှာ ပညာတတ်တွေပိုများလာအောင် နောက်ထပ် ပညာတော်သင်တွေအမြောက်အများ နိုင်ငံခြားကိုလွှတ်သင့်ပါတယ်

ကိုယ့်ဘာသာကိုယ်တင် ကိုယ့်ဘာသာကိုယ်ကြိုက်ကြ....အဝေဖန်ကို မခံနိုင်ဘူး။ ငါပဲမှန်တယ်...ငါတို့ပဲမှန်တယ်ဆိုရင်....ကျန်တဲ့သူတွေအားလုံးက မှားနေတဲ့သဘောဘဲ။ ဒီလိုစိတ်ဓာတ်မျိုးရှိနေသရွေ့ ....ကြီးပွားမှာမဟုတ်ဘူး။ အဲ နိဗာန်တွေဘာတွေ အသာထား....လောကီကြီးပွားရေးကိုပဲ ကြိုးစားကြည့်ကြဦးကွ။ ဘာလဲ တခါလာလည်း အမျိုး၊ဘာသာ၊ သာသနာ....ဝိပသနာတရားဆိုတာဘာလဲဆိုတာ အရင်နားလည်အောင်ကြိုးစား...ဘုရား၊ တရား နှင့် သံဃာကို တန်ဖိုးထားတတ်အောင်သင် ဒို့မြတ်စွာဘုရားက သူတပါးကို မဝေဖန်ခင်၊ ထောက်မပြခင် ကိုယ့်ကိုယ်ကို အလျှင် ဆန်းစစ်ခဲ့တာ။ ကိုယ်လည်း သေချာနားလည်အောင်လုပ်...အလုံးစုံကိုသိတယ်၊ အမှန်တရားကို သိနေတယ်ဆိုလျှင်တော့ ဘုရားဘွဲ့သာခံလိုက်။ နောက်ပြီး ရဲရဲကြီး အစစ်ခံလိုက်ပေါ့။ လူဆိုတာ ကိုယ့်ကိုယ်ကို လုံအောင် အလျှင်လုပ်ရတယ်။ ဒို့မြန်မာတွေကို နွံထဲနစ်အောင် အပြစ်မဲ့တဲ့ သူတွေ ထပ်ပြီးသေကြေပျက်ဆီးအောင် ထပ်မလုပ်ကြနဲ့ပေါ့ကွာ။ အေး လုပ်တဲ့သူနှင့် ခံရတဲ့သူမှာ ခံရတဲ့သူက လုပ်တဲ့သူကို ခွင့်လွှတ်ပေးလို့ရတယ်။ ဒါပေမယ့် လုပ်ထားတဲ့ အမှုရဲ့ သံသရာလည်လာတာကိုတော့ လုပ်တဲ့သူလည်းရှောင်လို့မရသလို ခံရတဲ့သူကလည်း မလည်ပါနဲ့တော့လို့ ပြောလို့မရဘူး။ ဒါ..ဒို့ဘုရားရဲ့ ဝါဒ ကွ။ ဒို့ဗိုလ်ချုပ်လည်း ဒီဝါဒနောက်လိုက်ပြီး အလုပ်လုပ်တာ။ ဒါကြောင့် လွတ်လပ်ရေးရတာ။ အေး ဟိုလောဘသားတွေနဲ့ ဗြိတိသျှအင်ပါယာဝါဒီတွေ လုပ်ကြံနိုင်ခဲ့သာ ဗိုလ်ချုပ်ကိုဘဲ သူ့ရဲ့စိတ်ဓာတ်ကိုတော့မလုပ်ဘူး။ ဒို့မြန်မာတွေရဲ့ စိတ်ဓာတ်ကို လုပ်ကြံတာ ဒို့အချင်းချင်းဘဲ။ ဘာလဲ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ....ဗိုလ်ချုပ် တသက်မှာ အဲသလိုနိမ့်ကျတဲ့စကားမျိုး တခါမှ မပြောခဲ့ဘူး။ အေး...ပညာတတ်တဲ့...လူမှန်တွေ...ဗိုလ်ချုပ်စောမောင်လို လူမျိုးကိုတော့ လုပ်ကြံကြပေါ့ကွာ။ နောက်ပြီး တပ်မတော်ဆိုတာ ဗိုလ်ချုပ်ရားထူးရှိသူတွေချည်းဘဲ ဖွဲ့ထားတာ မဟုတ်ဘူးကွ။ အောက်ခြေက တကယ့်ကို အလုပ်လုပ်ရတဲ့ တပ်သား ရဲဘော်တွေကိုလည်း ငဲ့ဦးကွ။ ဒါ သက်ဦးစံပိုင် ပဒေသရာဇ်ခေတ်မဟုတ်တော့ဘူးဆိုတာ သိဖို့လိုတယ်။ သူ့ဘက်ကို စော်ကားမယ်ဆိုလျှင် ကိုယ့်ဘက်လည်းလုံပစေ။ အေး..ဒါတွေပြောနေရတာ ပြည်ပနိုင်ငံတွေလွှမ်းမိုးတာကို သဘောကြလို့ မဟုတ်ဘူးကွ။ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုလျှင် ဝေဖန်လေကန်တာလျှော့၊ ပညာတတ် အသိဥာဏ်ရှိသူ ကိုယ့်ကျင့်တရားကောင်းသူတွေကို တန်ဖိုးထား...မဟုတ်မှန် နိမ့်ပါးတဲ့ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်ဆိုတဲ့ မရင့်ကျက်တဲ့ စိတ်ကို နှိပ်ကွပ်ထားကွ။ အဓိက အကျဆုံးကတော့ကွာ ငါနဲ့ငါ့ဘက်တော်သားကလွဲရင် ဖွဲနဲ့ဆန်ကွဲချည်းဘဲဆိုတဲ့ အသုံးမကျတဲ့ စိတ်ဓာတ်တွေ၊ သဘောထားတွေကို ပြုပြင်ရမယ်။ သူတပါးကို မဆုံးမခင် ကိုယ့်ကိုယ်ကို အလျှင်ပြင်ရမယ်ကွ။ အဲဒါ ဒို့ဘုရားဝါဒ၊ ဒို့ဗိုလ်ချုပ်ဝါဒ၊ သူတော်ကောင်းဝါဒဘဲကွ....အေး ဒါပါဘဲကွာ။

လက်နက်အဖြုတ် အတပ် သင်တန်း ပေးပြီး ဟိုနိုင်ငံက အဟောင်းနဲ့ အပျက်တွေ ရောင်း လွတ်တာကိုအဟုတ်ထင်နေတာ။ မှတ်ထားကွာ စစ်တပ်ဆိုတာ ညုစ်ပတ်မှ အရစ်ကပ်တာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်