နေပြည်တော် သံတမန်များ ရုံးဝင်းအတွင်း ပထမဆုံး တည်ဆောက်မည့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတ နိုင်ငံသံရုံး အုတ်မြစ်စီ ကျောက်တိုင် စိုက်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ကျင်းပခဲ့သည်။ ၄င်းသံရုံး၏ မြေနေရာအ ကျယ်အဝန်းမှာ ၅ ဒသမ ၇၄ ဧကရှိပြီး ပြည်တွင်းရှိဆောက်လုပ် ရေး ကုမ္ပဏီတို့နှင့် ဆောက်လုပ်ရန် လျာထားသည်ဟု သတင်းရရှိ သည်။
နေပြည်တော် တိုင်းဒေသကြီး၊ ဒက္ခိဏသီရိမြို့နယ်၊ အဆိုပါသံတ မန်ရုံးအတွင်း ဘင်္ဂလားဒေ့ရှ်ပြည် သူ့သမ္မနိုင်ငံကဲ့သို့ပင် သံရုံးတည် ဆောက်ရန်အတွက် နောက်ထပ် နိုင်ငံ ၄ နိုင်ငံကအဆိုပြုကာ မြေနေ ရာများရွေးချယ်ထားကြောင်း သိရ သည်။ ၄င်းနိုင်ငံ ၄ နိုင်ငံမှာ ဆော်ဒီအာ ရေဗျ၊ ရုရှား၊ အိန္ဒိယနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့ ဖြစ်သည်။
ထိုနိုင်ငံလေးနိုင်ငံအနက် တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံနှစ်ခုမှာ ၅ ဒသမ ၇၄ ဧကအကျယ်အဝန်းရှိ သောမြေကွက်သုံးကွက်စီ ဝယ်ယူ တည်ဆောက်ရန်အဆိုပြုထားပြီး ရုရှားနှင့် အိန္ဒိယတို့မှာမူ ၅ ဒသမ ၇၄ ဧကအကျယ်အဝန်းရှိသော မြေကွက်နှစ်ကွက်စီဝယ်ယူ၍ သံရုံး တည်ဆောက်ရန်အဆိုပြုထား သည်ဟု သတင်းရရှိသည်။
နေပြည်တော်သတင်းအဖွဲ့http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြေင်း
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်