Subscribe to our RSS Feed

ဟီလာရီကလင်တန် လာရောက်လည်ပတ်မှုကြောင့် မြန်မာ့တိုးတက်မှုများ တကမ္ဘာလုံးက သိလာ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှာ မြန်မာနိုင်ငံသို့ သုံးရက်တာ ခရီး လာရောက်လည်ပတ်မှု သတင်းများဟာ တကမ္ဘာလုံးမှ နိုင်ငံတိုင်းမှာ ထိပ်တန်းသတင်းဖြစ်ခဲ့ပါတယ်။ သတင်းဌာနများရဲ့ အင်တာနက် စာမျက်နှာများအားလုံးနဲ့ ရုပ်သံလိုင်းများ အားလုံးမှာ ထိပ်တန်းကနေ ဖော်ပြခဲ့ကြပါတယ်။ ဒီလိုဖော်ပြမှုတွေကြောင့် မြန်မာနိုင်ငံနဲ့ အစိုးရသစ်နောက်ပိုင်း နိုင်ငံရေး နဲ့ ဒီမိုကရေစီ ဖွံဖြိုးတက်လာမှုတွေကို တကမ္ဘာလုံးက အာရုံစိုက်မိလာကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ အိုဘားမားကလည်း မြန်မာနိုင်ငံရဲ့ တိုးတက်မှုများကို အသိမှတ်ပြုကြောင်းနဲ့ ကြိုဆိုကြောင်း ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုးတက်မှုများကြောင့် ဟီလာရီကလင်တန်ကိုလည်း မြန်မာနိုင်ငံကို ဒီဇင်ဘာလ ဆန်းတာနဲ့ လွှတ်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဟာ မြန်မာနိုင်ငံကို ၃ ရက်တာခရီး ညအိပ်ညနေ ရောက်လာပြီး နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ့ပြုလုပ်နိုင်ခဲ့ပြီး အပြန်အလှန် သဘောတူညီမှုတွေနဲ့ ကတိတွေ ရခဲ့ပါတယ်။

ဒီခရီးစဉ်ကြောင့် မြန်မာကို တကမ္ဘာလုံးက စိတ်ဝင်တစား အာရုံစိုက်လာကြလာကြပါတယ်။ မြန်မာအစိုးရဖက်ကတော့ သမိုင်းမှတ်တိုင်သစ်စိုက်ထူနိုင်တယ်လို့ ယူဆခဲ့ပါတယ်။ ဟီလာရီ ကြောင့် အဲဒီထက် အများကြီးသာတဲ့ ရလဒ်တွေ ရရှိခဲ့တယ်လို့လည်း လူအများက သုံးသပ်ကြပါတယ်။ အခုလည်း ဘီလာရုစ် နိုင်ငံဝန်ကြီးချုပ်ရောက်ရှိနေပြီး၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်လည်း လာဖို့ ရှိနေပါတယ်။ ၂၀၁၂ ခုနှစ်မှာ ခရီးသွားဖို့ အကောင်းဆုံး ဒုတိယမြောက်နိုင်ငံအဖြစ်လည်း မြန်မာနိုင်ငံကို ရွေးချယ်ခြင်း ခံထားရပါတယ်။

နိုင်ငံတကာက ရုပ်သံအစီအစဉ်တွေမှာလဲ မြန်မာပြည်အကြောင်းတွေ ခဏခဏ ထုတ်လွှင့်လာကြသလို ၊ စီးပွားရေး သမားတွေ ကြားမှာလည်း မြန်မာဆိုတဲ့ ဝေါဟာရ ရေပန်းစားလာပါတယ်။ အထူးသဖြင့် စီးပွားပျက်ကပ်ဖြစ်နေတဲ့ အမေရိကန်၊ စီးပွားရေး ပြိုလဲတော့မယ့် ယူရိုဇုန်၊ တုံ့ဆိုင်းနေတဲ့ ဂျပန် နဲ့ လောလောဆယ် ဒုတိယ အဆင့်မှာရှိပြီး ပထမ လိုချင်နေတဲ့ တရုတ်တို့က စီးပွားရေးကို မြန်မာပြည်မှာ ခြေကုပ်ယူဖို့ ဇောင်းပေးပြောတာတွေတောင်ရှိလာ ကြောင်းကို ဂျပန်ရောက် ကျောင်းသား တစ်ဦးက အခုလိုပြောပါတယ်။

" အခု ဂျပန်က အ၀တ်လျှော်ဆိုင် ဖွင့်တားတဲ့သူတစ်ယောက်ကတောင် မြန်မာပြည်မှာ အ၀တ်လျှော်ဆိုင် ဖွင့်ဖို့ အထိ စိတ်ဝင်စားနေ ပါပြီ။ မြန်မာလို့ ပြောလိုက်တာနဲ့ အရင်လို မဟုတ်တော့ပဲ မျာက်နှာပွင့်လာသလိုပဲ နောက်ပြီး ဂျပန်မှာအခု ပြောနေတဲ့ စကားလုံးတစ်ခု ပေါ့... Kore kara Myanmar no jidai thar ( အခု ကစပြီး မြန်မာ ခေတ် ရောက်တော့မယ် ) လို့ ဆိုနေကြတာပါ .. မယုံမရှိပါနဲ့ နောက် ၃ နှစ်ဆိုရင် ပတ်စပို့ အနီ ကိုင်ထားရလို့ ဂုဏ်ငယ်စရာမရှိတော့ပါဘူး ..ဘန်ကောက်က လေဆိပ်မှာ ပတ်စပို့ကို ပစ်ပြီးပေးလိုက်လို့ရတဲ့ အနေအထား ရောက်လာတော့မှာပါ.." လို့ ပြောခဲ့ပါတယ်။

အစိုးရသစ်ရဲ့ လသားအရွယ်မှာပဲ အခုလို ကမ္ဘာ့အလည်မှာ ဆက်တိုက်အောင်မြင်မှုတွေ မြန်မာက ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ မြန်မာနိုင်ငံရဲ့ အောင်မြင်မှု အားလုံးဟာ အစိုးရ နဲ့ လွှတ်တော်၊ လွှတ်တော် ထဲက ပါတီဝင် အားလုံးရဲ့ ကြိုးစားမှုကြောင့် ပဲဖြစ်ပါတယ်။ ဒီကနေ့ အောင်မြင်မှုထိတော့ NLD ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပအတိုက်အခံတွေရဲ့ ကြိုးစားမှု စိုးစဉ်းမျှ မပါသေးပါဘူး။ သူတို့လုပ်သမျှ ဘာမှမဖြစ်လာပဲ အစိုးရလုပ်သမျှပဲ အကုန်ဖြစ်နေတာတွေကြောင့် အဲဒီအတိုက်အခံလူနည်းစုကို လူထုကလည်း စိတ်ပျက်နေကြကြောင်း သိရပါတယ်။

2 comments:

"ရွှေခေတ်ရောက်ပြီ၊ ရွှေမြန်မာပြည်"

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်