Subscribe to our RSS Feed

၈၈ ကျောင်းသားများ နှစ်ခြမ်းကွဲ ပြန်

ဒေါ်အောင်ဆန်းစုကြည်နှင့် အဒဖ ပါတီမှ အမြင်မှန်ရရှိပြီးနောက် ရွေးကောက်ပွဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ကို ဆန့်ကျင်ကာ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ စဉ်းစားမှာ မဟုတ်သလို ၈၈ မျိုးဆက် ကျောင်းသားများကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီ တစ်ခုခုကို ကိုယ်စားလှယ်ပေးပြီး ရွေးကောက်ပွဲ ဝင်ပြိုင်စေတာမျိုး ပြုလုပ်မှာ မဟုတ်ကြောင်း ကြေညာချက်တစ်စောင်ကို ဒီဇင်ဘာ ၄ ရက်နေ့က ထုတ်ခဲ့ပါတယ်။

လက်မှတ်နဲ့ တံဆိပ်နဲ့ ဟုတ်တိပတ်တိ ထုတ်တဲ့ ကြေညာချက်

ကြေညာချက်ထုတ်ပြီး မကြာခင်မှာပဲ ၎င်းကြေညာချက်က ၈၈ ကျောင်းသား အားလုံးကို ကိုယ်စားမပြုကြောင်း နောက်ထပ် ၈၈ ကျောင်းသား ဆိုသူများကပဲ ကြေညာချက်တစ်စောင်ကို ဒီဇင်ဘာ ၆ ရက်နေ့က ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ကြေညာချက်ဆိုလို့ တံဆိပ်တုံးတွေ၊ လက်မှတ်တွေနဲ့ ထုတ်တယ်လို့ မထင်ပါတယ်။ paint ထဲမှာ စာရိုက်ပြီး ထုတ်လိုက်တဲ့ ကြေညာချက်ပါ။

လက်မှတ်နဲ့ တံဆိပ်နဲ့ ထုတ်ထားတဲ့ ကြေညာချက်က ၈၈ ကျောင်းသား အားလုံးကို ကိုယ်စား မပြုပါဘူးဆိုတဲု paint ထဲမှ ရေးထားတဲ့ ကြေညာချက်ကို Burma BJ ရဲ့ facebook တွင် တွေရစဉ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရွေးကောက်ပွဲ ဝင်ခြင်းကို ထောက်ခံရေး၊ မထောက်ခံရေးနဲ့ ပတ်သက်ပြီး ၈၈ ကျောင်းသားများ အတွင်း အကြီးအကျယ် သဘောထားကွဲလွဲနေကြောင်း သိရပါတယ်။

၈၈ ကျောင်းသား ဆိုသူများက ကျောင်းသား လို့ နာမည်ခံထားကြပေမယ့် အသက် ၄၀ ကျော် ၅၀ တွေ ဖြစ်ကြပြီး အဆင့်မြင့် ပညာများ တက်ရောက် အောင်မြင်ထားသူ တစ်ယောက်မှ မပါကြောင်း သိရပါတယ်။


ကြေညာချက်ထုတ်ရတာလွယ်မှန်းသိလို့ ၉၉ ကျောင်းသားလူငယ်တွေလည်း အားကျမခံထုတ်

1 comments:

ကို အက်ဒမင်ရေ.. ကျေးဇူးအများကြီးတင်ပါတယ်ဗျာ. အခု 88 ကျောင်းသားဆိုတဲ့ ကောင်တွေလည်းနားကန်းတလုံးမှ မသိဘဲ နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင်လုပ်ပီးတော့ ပြသည်သူလူထုကပဲ ထောက်ခံသလိုဘာလိုလုပ်နေတာ. ဒီကောင်တွေလက်ထဲ ရာထူး တခုလောက်ပေးကြည့် မျောက်အုန်းသီးရသလိုဖြစ်ပီးဘာမှ မလုပ်တတ်မှာသေချာပါတယ်.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်