Subscribe to our RSS Feed

နိုင်ငံ့ဦးသျှောင် ကို အသရေဖျက်မှု ကြောင့် အမေရိကန်နိုင်ငံသား ထောင် ၂ နှစ်ခွဲကျ

အမေရိကန်နိုင်ငံသားဖြစ်ပြီး ထိုင်းနိုင်ငံမှာမွေးဖွားတဲ့ Joe Gordon ဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံ့ဦးသျှောင် ဘုရင်ဘူမိဘော ကို အင်တာနက်ပေါ်မှာ အသေရေဖျက်မှုကြောင့် ထောင် ၂ နှစ်ခွဲချဖို့ တရားရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ Joe Gordon ကို ထိုင်းနိုင်ငံတရားရုံးက နိုင်ငံ့ဦးသျှောင်ဖြစ်သော ဘုရင် ဘူမိဘော ရဲ့ အထုပ္ပတ္တိထဲက စာတွေကို အင်တာနက်ပေါ်တင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

သူအမှန်တကယ် အကျခံရမယ့် ထောင်သက်တမ်းက ၅ နှစ်ဖြစ်ပြီး အပြစ်ရှိကြောင်း လျှောက်လဲခဲ့တဲ့အတွက် သူ့ပြစ်ဒဏ်ကို တရားရုံးက တဝက် လျှော့ချ ခဲ့ တာကြောင့် ၂ နှစ်ခွဲပဲ ကျခံရတော့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း နိုင်ငံ့ဦးသျှောင်အကြောင်းကို ဖုန်း နဲ့ မက်ဆေ့ခ်ျ ပို့ခဲ့မှုကြောင့် အသက် ၆၂နှစ်အရွယ် ထိုင်းလူမျိုး တဦးကို ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့ပါသေးတယ်။

နိုင်ငံဦးသျှောင်ကို စော်ကားတဲ့ Facebook ပေါ်က comment တွေကိုတောင် like ပေးရင် ထောင်ကျနိုင်ကြောင်း ထိုင်းပြန်ကြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ ထိုင်းဘုရင်မိသားစုကို စော်ကားတယ်လို့ ယူဆရတဲ့ စကားလုံး အသုံးအနှုံး တွေကို တင်းတင်းကျပ်ကျပ် အရေးယူတဲ့ဥပဒေတွေ ချမှတ်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံ့ဦးသျှောင်ကို မိုက်မိုက်ရိုင်းရိုင်း အသရေဖျက်ရေးသားသူပေါင်း အများအပြားရှိနေပေမယ့်လည်း မြန်မာအစိုးရက တင်းကြပ်မှုတွေ မလုပ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း အမြင်ကျဉ်းမြောင်းသူများကတော့ လွတ်လပ်စွာရေးသားခွင့်မရှိဘူးလို့ မျက်စိစုံမှိတ်အော်နေကြတုန်းဖြစ်တဲ့အပြင် အချို့လူများကလည်း အခုလို နိုင်ငံသားများကို စာနာငဲ့ညှာမှုကို ဥပဒေစိုးမှု မရှိသေးဘူးလို့ ဝေဖန်နေကြတုန်းဖြစ်ပါတယ်။

နိုင်ငံ့ဦးသျှောင်ကို အသရေဖျက်သူများအား ထောင် ၂ နှစ်ခွဲမှ အနှစ် ၂၀ ထိ ချလျှင် မြန်မာနိုင်ငံသားပေါင်း သိန်းနှင့်ချီပြီး ထောင်ချလို့ရကြောင်း၊ မြန်မာနိုင်ငံရဲ့ ဥပဒေက နိုင်ငံသားတွေအပေါ်မှာ များစွာ စာနာငဲ့ညှာမှု ရှိကြောင်း ရန်ကုန်မြို့မှ ဝါရင့်ရှေ့နေတစ်ဦးက သုံးသပ်ပါတယ်။


သနားစရာ Joe Gordon ပါလား။ မြန်မာနိုင်ငံမှာ လူဖြစ်ခဲ့ရင် ဒီလူထောင်ကျမှာ မဟုတ်ဘူး။


Myanmar Express

1 comments:

ဟုတ်သားပဲ.. ဒီလောက်Freedomရှိတာကိုမှမနေချင်ရင်
မကျေနပ်ကျသေးရင် ဘူမိဘောရှိတဲ့ ထိုင်းနိုင်ငံလိုနေရာမျိုးမှာ သွားနေကြလေ..... ဒီမိုကရေစီဆိုတိုင်း ထင်ရာလုပ်ချင်နေရင် မင်းဖင်ချသွားရင်တောင်လက်ပိုက်ကြည့်နေရမယ်... အတိုက်ခံကောင်တွေရ.......................

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်