Subscribe to our RSS Feed

အာဆီယံ ဆက်သွယ်ရေးဝန်ကြီးများ ညီလာခံ နေပြည်တော်တွင် ကျင်းပမည်

အာဆီယံ ဆက်သွယ်ရေးဝန်ကြီးများနှင့် အကြီးတန်း အရာရှိကြီးများ တက်ရောက်ဆွေးနွေးမည့် 11th ASEAN Telecommunication and Information Technology Ministers Meeting (Telmin) နှင့် 12th ASEAN Telecommunication and Information Technology Seniors Officials Meeting(Telsom) အာဆီယံ ဆက်သွယ်ရေး ညီလာခံအား ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်နေ့ထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန၌ ကျင်းပမည်ဟု သိရသည်။

အာဆီယံ ဆက်သွယ်ရေးဝန်ကြီးအဆင့် ညီလာခံမှာ ဒီဇင်ဘာလ ၅ ရက်နေ့ မှ ၇ ရက်နေ့အထိဖြစ်ပြီး အာဆီယံ အကြီးတန်းအရာရှိကြီးများ ညီလာခံမှာ ဒီဇင်ဘာလ ၈ ရက်နေ့ မှ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ယင်းညီလာခံတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ဆက်သွယ်ရေး ၀န်ကြီးများနှင့် အကြီးတန်းအရာရှိကြီးများမှ အာဆီယံနိုင်ငံများအတွင်း ဆက်သွယ်ရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအား အဓိကထား ဆွေးနွေးသွားမည်ဟု သတင်းရရှိပါသည်။

''Telmin နဲ့ Telsom ပွဲက အာဆီယံ ကိုးနိုင်ငံမှာ ကျင်းပပြီး သွားပါပြီ။ မနှစ်က မြန်မာနိုင်ငံမှာ ကျင်းပဖို့ အဆင်မပြေတာကြောင့် မလေးရှားနိုင်ငံက နှစ်ကြိမ်မြောက် လက်ခံကျင်းပခဲ့ရပါတယ်။ ဒီပွဲမှာ အာဆီယံနိုင်ငံတွေ အပြင် Dialogue Partners တွေ ဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေလည်း ပါဝင်မှာပါ'' ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်