Subscribe to our RSS Feed

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံလိုကြောင်း ကမ်းလှမ်းမှုများ


အမေရိကန်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံလိုကြောင်း အမေရိကန်သံရုံး ယာယီတာဝန်ခံမှတစ်ဆင့် အမေရိကန်လုပ်ငန်းရှင်များမှ ကမ်းလှမ်းထားသည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။ ယင်းအပြင် ဂျာမဏီ၊ ဆွီဒင် နှင့် နော်ဝေနိုင်ငံအပါအ၀င် အီးယူနိုင်ငံအချို့မှလည်း လာရောက်ရင်းနှီးမြှုပ်နှံခြင်း၊ နည်းပညာများ လာရောက်ထောက်ပံ့ခြင်းများ ပြုလုပ်လိုသည်ဟု ပြောကြားထားသည်ဟု လည်းသိရှိရသည်။ "အမေရိကန်သံရုံး ယာယီတာဝန်ခံက ကျွန်တော့်ကို ပြောပါတယ်။ အမေရိကန်အစိုးရဘက်က တစ်ချို့လူတွေ လာရောက်မြှုပ်နှံချင်တယ်လို့ ပြောတယ်။ အမေရိကန်မှ မဟုတ်ပါဘူး ဆွီဒင်၊ နော်ဝေနဲ့ အီးယူနိုင်ငံတွေကလည်း လာရောက်မြှုပ်နှံပြီး နည်းပညာတွေ ထောက်ပံ့လိုတဲ့အကြောင်း အကြောင်းကြားထားပါတယ်"ဟု နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ယင်းအပြင် ရန်ကုန်မြို့ကဲ့သို့ အချက်အခြာကျသည့် မြို့များတွင်သာ မဟုတ်ပဲ အခြား မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို ဖွံ့ဖြိုးတိုးတက်အောင် မြှုပ်နှံမည်ဆိုပါက ခွင့်ပြုပေးသွားမည်ဟုလည်း သိရသည်။
အဓိကအားဖြင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ခွင့်ပြုခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု များပြားမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာခြင်းများ ရှိမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့ပါသည်။

"နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များပြားလာမှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါများလာမှာပါ။ အလုပ်အကိုင် အခွင့်အလမ်း ပေါများမှ လုပ်သားတွေရဲ့ နေ့စဉ်ဝင်ငွေ တိုးတက်လာ မှာပါ။ အခု မြန်မာက အရှေ့တောင်အာရှမှာ တစ်ရက်ဝင်ငွေ အနိမ့်ဆုံးနိုင်ငံထဲ ပါနေတာလေ။ ဘယ်နိုင်ငံက မဆို သတ်မှတ်ချက်နဲ့ ညီရင် အားလုံးကို မြှုပ်နှံခွင့်ပြုသွားမှာပါ။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို ဖွံ့ဖြိုးတိုးတက်အောင် မြှုပ်နှံမယ့် အားလုံးကို ခွင့်ပြုပေးသွားမှာပါ။ ဘယ်ကဏ္ဍမဆို မြှုပ်နှံချင်ရင် MIC မှာ လာပြီးတွေ့ဆုံဆွေးနွေးပါ။ အမြန်ဆုံး ပြန်ချပေးသွားမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှု စုစုပေါင်းမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကုန်အထိ အမေရိကန် ဒေါ်လာ ၃၆ ဘီလျံကျော်ရှိပြီး အီးယူနိုင်ငံများ အနေဖြင့် အလုံးအရင်းဖြင့် မြှုပ်နှံမှုမပြုသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟုသိရသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

4 comments:

MEG က သတင်းတွေ အကုန်လုံး မှားတာ မဟုတ်သလို NLD လုပ်သမျှအားလုံးလည်း အကုန်လုံး မှန်နေတာတော့ မဟုတ်ပါဘူး။ စစ်အစိုးရ ဘက်ကလူတွေ အားလုံး ဘီလူးတွေ မဟုတ်သလို အတိုက်အခံတွေ အားလုံး ဟာလည်း နတ်သားတွေ မဟုတ်ပါဘူး။ အားလုံး ဟာမြန်မာတွေ ပါပဲ။ ဟိုဘက်၊ ဒီဘက်၊ မတူညီတဲ့ ရှုထောင့် ၊ မတူညီတဲ့ အမြင်ကို ပေးနိုင်လို့  MEG ကို ဖတ်ဖြစ်ပါတယ်။ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကို အားလုံးလက်ခံနိုင်ကြမှာပါ။ MEG ကိုဖြစ်စေချင်တာ က တော့ပြည်သူတွေ လေးစားရတဲ့ လူကြီးတွေ ဦးဝင်းတင်၊ ဦးတင်ဦး ၊ ဒေါ်စု တို့ ကို Personal မဝေဖန်ပဲနဲ့  ပြည်ပ က လုပ်စား မီဒီယာတွေ DVB,BBC,VOA,RFA,Irrawaddy,Mizzima ၊ ဒီမိုကရေစီရေးအကြောင်းပြ လုပ်စားကောင်တွေ အကြောင်းကို ကျကျနန တစ်တစ်ခွခွ ဝေဖန်ပြမယ်ဆိုရင် MEG သတင်းတွေ ဟာ Anti-Government Sites တွေ ကို အသာလေးကျော်ဖြတ်သွားမှာ ပါ။ လိုရင်းကတော့ ဗျာ။ ပြည်တွင်းက တကယ် အနစ်နာခံနေတဲ့ လူတွေ (မင်းကိုနိုင်၊ဒေါ်စု၊ ဦးဝင်းတင်စသည်) တို့ ကို မဝေဖန်ပဲ ပြည်ပ က တောင်းရမ်းစားသောက်နေတဲ့ မိုးသီးဇွန်တို့ လို တိုင်းပြည်အတွက် ဘာမှ စောက်ကျိုးမပေးတဲ့ ဆန်ကုန်မြေလေးကောင်တွေ ၊ ဟန်ညောင်ဝေတို့ လို တိုင်းပြည်ကိုရောင်းစားတဲ့ ကောင်တွေကို ပိုမိုရေးသားစေချင်ပါတယ်။ တိုင်းပြည်နာလို့ .. ပြည်ပ က ကိုယ်ကျိုးရှာ လုပ်စားကောင်တွေ အားလုံး ကို ပြန်အ၀င်မခံပါနဲ့ ။ ဦးသိန်းစိန်နဲ့ အန်တီစုတို့ တောင် တိုင်းပြည်နဲ့ လူမျိုးကောင်းစား ဖို့ လက်တွဲ နှုတ်ဆက်နေကြပြီပဲဗျာ။ မြန်မာအချင်းချင်းညီညွတ်ကြပါစေ။ မြန်မာပြည် ပြန်လည်ထူထောင်ရေးလုပ်တဲ့ အခါ ဟိုဘက်၊ ဒီဘက်အားတွေ လိုပါတယ်။ အဲဒီအခါကျရင် NLD ကညီငယ်လေးတွေ နဲ့ MEG က ညီငယ်လေးတွေ ချစ်ချစ်ခင်ခင် လည်ပင်းဖက်ပြီး တိုင်းပြည် အတွက် တစ်တပ်တစ်အားပေးဆပ်ကြမှာ မြင်ယောင်ပါတယ်။ အားလုံးဟာ ကောင်းစေချင်လို့ ပြောကြတာပါ။ ကျေးဇူးတင်ပါတယ်။

ဟုတ်ပါတယ်။ ပြီးတော့ Myanmar Express က ဘီဘီစီ၊ ဗွီအိုအေ ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ နဲ့ ဧရာဝတီ၊ မဇ္ဖျိမ တို့ထက်တော့ အပုံကြီးသာပါတယ်။

စိုင်းသိန်းဝင်းနဲ့ RFAက နွားညွန့်ဦး+ အင်ကြင်းနိုင်တို့ အကြောင်းတွေလဲဆက်ပါဦး MEG ရေ အမြဲအားပေးလျက်ပါ

what is daw su?? what?,, She married England Citizen right?,,
how come?? how?? she not allowance to Myanmar Congresswoman, her blood is mixed,., Our Country(Myanmar)
people are not immigrant people. please Myanmar Express,, write more we"re not accept Aung San Su Kyi come congress;

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်