Subscribe to our RSS Feed

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု အနက် ၁၃ ခုတွင် သတ္တုမျိုးစုံ ထွက်ရှိ


မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ၁၃ ခုတွင် သတ္တုမျိုးစုံထွက်ရှိပြီး မြို့နယ်အားဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် မြို့နယ် ၁၆၁ မြို့နယ်တွင် သတ္တုမျိုးစုံ ထွက်ရှိခြင်းဖြစ်သည်။ ထွက်ရှိသည့် သတ္တုမျိုးစုံမှာ ကျောက်မီးသွေး၊ ကြေးနီ၊ နီကယ်၊ ရွှေ၊ သံ၊ ကျောက်ဂွမ်း၊ ဥဒေါင်းစိမ်း၊ ကျောက်စိမ်း၊ ရွှေဖြူ၊ ဘောက်ဆိုဒ်၊ ခနောက်စိမ်း၊ ဂေါဒန်၊ ထုံးကျောက်၊ ခဲ၊ အဖြိုက်နက်၊ သလင်းကျောက်၊ သွပ်၊ တိုမလင်း၊ ခရိုမိုက်၊ ကန့်ကူဆံ၊ ဆိုဒါပြာ၊ ကြွေကျောက်၊ ခဲတူ၊ မြေစေး၊ စိန်၊ ခဲမဖြူ၊ မင်းဂနိစ်၊ ဖန်ချက်သဲ၊ အလှဆင်ကျောက်၊ ဖော့စဖိတ်၊ ဘရိုက်တီး၊ ပြဒါး၊ ဇာကွန် သဲစသည်တို့ဖြစ်ကြသည်။

ကချင်ပြည်နယ်၌ ၁၅ မြို့ နယ်၊ ကရင်ပြည်နယ်၌ ခုနစ်မြို့ နယ်၊ ကယားပြည်နယ်၌ လေးမြို့နယ်၊ ချင်းပြည်နယ်၌ သုံးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၆ မြို့ နယ်၊ တနင်္သာရီတိုင်းဒေသကြီး၌ ရှစ်မြို့နယ်တို့တွင် သတ္တုမျိုးစုံထွက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး၌ ၁၁ မြို့ နယ်၊ မကွေးတိုင်းဒေသကြီး၌ ၁၇ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၆ မြို့နယ်၊ မွန်ပြည်နယ်၌ ခုနစ်မြို့နယ်၊ ရှမ်းပြည်နယ်၌ ၃၅ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၌ လေးမြို့နယ်၊ ရခိုင်ပြည်နယ်၌ ငါးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ သုံးမြို့နယ်တို့တွင် သတ္တုမျိုးစုံထွက်ရှိကြောင်း သိရသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း

1 comments:

မျိုးစုံသာထွက်တာ၊ စီးပွားဖြစ်ထုတ်လောက်တဲ့ ပမာဏရှိတဲ့နေရာ သိပ်ရှားတယ်။ ကျောက်မီးသွေးတောင် လုံလောက်အောင် မထွက်ဘူး။ ကိုယ့်ဟာကို ၀ါးလုံးခေါင်းထဲလသာနေလို့ မဖြစ်သေးဘူး။ မျက်စိဖွင့်ပြီး ထဲထဲဝင်ဝင် လေ့လာဖို့လိုတယ်။

MEG ပရိသတ်တဦး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်