Subscribe to our RSS Feed

မြန်မာနှင့် လေးနက်သည့် ချစ်ကြည်ရင်းနှီးမှု ထူထောင်ရန် တရုတ်အဓိဋ္ဌာန်ပြု


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီအသွင်းကူးပြောင်းရေး လုပ်ငန်းစဉ်များကြောင့် အမေရိကန်ပြည်ထောင်စုက ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်ရန် ကြိုးပမ်းလာချိန်တွင် အိမ်နီးချင်းတရုတ်နိုင်ငံက မြန်မာနှင့် ပိုမိုလေးနက်သည့် ချစ်ကြည်ရင်းနှီးမှု ထူထောင်သွားရန် အဓိဋ္ဌာန်ပြုပြောဆိုလာကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများနှင့် သတင်းအေဂျင်စီများ၏ ရေးသားဖော်ပြချက်များအရ သိရသည်။ အနာဂတ် တရုတ်ခေါင်းဆောင် ဖြစ်လာမည်ဟု သတ်မှတ်ပြောဆိုခံထားရသော ဒုတိယသမ္မတ Xi Jinping သည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ ခိုင်မာသော ချစ်ကြည်ရေး ပေါ်ထွန်းလာရေးအတွက် ကတိကဝတ်များ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင်ခရီးစဉ် မသွားရောက်မီ ရက်ပိုင်းအလိုတွင် ယင်းသို့ ထုတ်ဖော်ပြာဆိုခြင်း ဖြစ်သည်။ နိုဝင်ဘာ ၃၀ ရက်နေ့ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်ကြောင့် ဟီလာရီကလင်တန်သည် ရာစုနှစ်ဝက်ကျော် ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး သွားရောက် လည်ပတ်သည့် အမေရိကန် ပထမဆုံး ထိပ်တန်းအရာရှိတစ်ဦး ဖြစ်လာသည်။ ဆယ်စုနှစ် နှစ်ခုတာ ကာလမျှ တရုတ်နိုင်ငံအပေါ် သံတမန်ရေးနှင့် စီးပွားရေးအရ များစွာမှီခိုခဲ့ရပြီး တရုတ်နှင့် လွန်စွာ ရင်းနှီးသော ချစ်ကြည်ရေး ထူထောင်ထားသည့် မြန်မာနိုင်ငံသို့ သွားရောက်မည့် ဟီလာရီကလင်တန်၏ ခရီးစဉ်ကို အမေရိကန်ပြည်ထောင်စု အကျိုးစီးပွားအတွက် အခွင့်အလမ်းများ ရရှိအောင် ကြိုးပမ်းမည့် ခရီးစဉ်အဖြစ် လေ့လာစောင့်ကြည့်သူများက ရှုမြင်ကြသည်။ မစ္စတာ Xi Jinping က မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်များ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် အဆိုပြုခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်